ရှေ့တွင်ချထားသည့်ကော်ဖီခွက်ကိုကြည့်ရင်း ခေါင်းငုံ့ကာထားမိသည်။ ဆုပ်ကိုင်လာသည့် လက်ကလေးတစ်ဖက်ကို
ကြည့်ကာ ပြုံးလိုက်ပြီး ထိုလက်ပိုင်ရှင်လေးကို မော့ငေးကြည့်လိုက်တော့ သူလေးက ရွှေရင်အေးစေသည့်ဓာတ်လေးဖြင့် အပြုံးချိုချိုလေးကိုပေးလေသည်။"ကိုကို ကြောက်နေတာလား...."
ခေါင်းခါပြသည့် ကိုကိုကရယ်နေလေသည်။
ယခုရောက်နေသည်က ကျွန်တော့်အိမ်တွင်၊ ထိုစောင့်နေမိသူကတော့ ကိုကို့ယောက္ခမလောင်း ကျွန်တော့်ဖေဖေကိုသာ။"ငယ်...ကိုယ်... စိတ်လှုပ်ရှားနေတာ...."
"မလှုပ်ရှားပါနဲ့ ဉာဏ်သုခမောင် ရယ်....
အန်ကယ်က မင်းတို့ကိုသဘောတူထားပြီးသားပဲကို......."ထိုစကားသံနဲ့အတူရောက်ချလာသည့် ငယ့် ဖေဖေကို ဦးကြိုသည့်အနေနဲ့ မတ်တပ်ရပ်ကာ ခေါင်းငုံ့အရိုအသေပေးလိုက်ပါသည်။
"ထိုငိ ထိုင်....ငါ့သားမက်လောင်းလေး...."
"ကျေးဇူးပါ အန်ကယ်....."
ဉီးမိုးနေ တစ်ယောက် အရှေ့မှ ဉာဏ်သုကို မိန့်မိန့်ကြီးပြုံးက. တစ်ချက်ကြည့်လိုက်ပါသည်။ သားလေးအပေါ်တော်တော်သံယောဇဥ်ရှိနေသည့် သူ့ကိုအပြစ်ပြောစရာမရှိပါ။ ခေတ်အဆက်ဆက် ဘိုးဘေးတွေတည်းက မတည့်ကြသော်လည်း အစဥ်အလာကရှိမြဲပေ။ ဟိုဘက်၊ဒီဘက်မိသားစုက တစ်ယောက်မဟုတ်တယောက်နဲ့ အပြန်အလှန်ကြိုက်ကြသည်။ပြီးလျှင် ကွဲကြစမြဲပေ။ ဤအစဥ်အလာကို ကျုပ် ဦးမိုးနေ ပယ်ဖျက်ပါမည်။ ဉာဏ်သုနဲ့ သားလေးနန္ဒ ညားကိုညားကာ လက်ထပ်ပွဲပင်ဖြစ်စေရမည်။
ဉာဏ်သုအပိုင်ဖြစ်လာမည့် ဥစ္စာဓနတွေမှာ ကျုပ်သားအပိုင်ဖြစ်စေရမည်။"ဖေဖေ ခေါ်တွေ့တာ ဘာလဲဟင်...."
သားဖြစ်သူစကားကြောင့် ပြုံးသွားသည့် အန်ကယ်ဦးမိုးနေက ကျွန်တော့်ကိုကြည့်လျက်။
"ဉာဏ်သုက ဦးရဲ့သားနဲ့ မဂ်လာဆောင်ဖို့ ဟိုတလောက ဦးကိုပြောထားတယ်မဟုတ်လား......"
"ဟင်...ကိုကို....."
အဲ့သြကာကြည့်လာသည့် ငယ် ကပြုံးရွှင်စွာရယ်ပြသည်မို့
ခေါင်းငြိမ့်ပြ၍ ပြုံးပြလိုက်မိသည်။
![](https://img.wattpad.com/cover/235135617-288-k908032.jpg)