Part - 52 (Unicode)

10.1K 977 87
                                    

ရုပ်တည်ကြီးနှင့်လက်ကြိးပိုက်ကာ ဆိုဖာပေါ်မိန့်မိန့်ကြီးထိုင်ကြည့်နေသည့် ဖေဖေဦးဂေါ်လီ။ သူ့အ မကြည့်ရဲသည်ကတော့အမှန်ပေ။ အားနာမိသည်။ တကယ်လက်ထပ်ခြင်းထင်၍ အမျိုးတွေကြား ဘယ်သူမှနှိမ်မကြည့်ရအောင်
အရှေ့ကမားမားမတ်မတ်ရပ်တည်ပေးထားသည့် ဖေဖေ။
သားဖြစ်သူ ယောကျာ်းတစ်ယောက်နဲ့ယူလိုက်သည်ကို ဂေးပြီဟုသိလိုက်ရချိန် LGBTနဲ့ပတ်သတ်သည်များကို
လေ့လာကြည့်ပြီး အသိုင်းအဝိုင်းတွေကိုပါ သူသိသလောက်ရှင်းပြပြောပြသေး၏။ လက်မခံသူများကိုလဲ ထပ်ကာမပြောပါပဲ ဆွေခန်းမျိုးခန်းပြတ်ပါစေဟုပြောကာ ကျောခိုင်းခဲ့သည့် ဖေဖေပင်။

"သား.....တောင်းပန်ပါတယ် ဖေဖေရယ်......"

"ဘာကိုတောင်းပန်တာလဲ......"

"သား ဖေဖေ့ကိုလိမ်ခဲ့တာလေ....."

ဆူပုတ်ကာ မျက်မှောင်ကျုံ့လို့ ခေါင်းငုံ့ထားသည့်သားကိုကြည့်ကာ ဦးဂေါ်လီတစ်ယောက် ခေါင်းတခါခါနဲ့ပင်။

"မင်းတို့က မဂ်လာဆောင်တာကို
အပျော်တမ်းဆော့နေတယ်ထင်လား......."

"မဂ်လာဆောင်တမ်းက
ဆော့ချင်သလို ဆော့လို့မှမရတာကို....."

"ဘာ....သုနောင်....."

ကုန်းအော်လိုက်သည့်ဖေဖေ့ကြောင့် နားကိုအူထွက်သွားရလေတော့သည်။

"ဖေဖေ သားတို့စာချုပ်ပြည့်တော့မှာ.....
အဲဒီ့အချိန်ကျ သူ့လမ်းသူလျှောက် ကိုယ့်လ​မ်းကိုယ်လျှောက်ရမှာလေ.........."

"မလိုချင်ဘူး..... ငါမနက်ဖြန် ဉာဏ်သုနဲ့တွေ့မယ်....."

"သားလဲတွေ့မယ်....."

လက်တစ်ဖက်ကိုလေပေါ်မြှောက်ကာ ပြုံးပြပြီး ထိုစကားကိုဆိုလိုက်မိသော်လည်း ဖေဖေဦးဂေါ်လီက မျက်ထောင့်နီကြီးနဲ့ကြည့်လာခြင်းကြောင့် ထိုလက်ကလေးကိုနဖူးပေါ်သာတင်လိုက်ပြီး ကုတ်ခြစ်နေလိုက်သည်။

"မင်းတို့ကွာရှင်းရမယ်...... ငါမနက်ဖြန်တွေ့မယ့်အကြောင်းက သတင်းစာထဲ မင်းနဲ့ပြတ်စဲပြီဆိုတာကို တရားဝင်ကြေငြာခိုင်းမလို့ပဲ..... "

ငြိုးကျသွားသည့်သားဖြစ်သူ၏ မျက်နှာကိုကြည့်ကာ
စိတ်ထဲလဲမကောင်းပေ။ ဉာဏ်သုကိုလဲ ငရုတ်ဆုံထဲထည့်ကာ ထောင်းပြီး နွားစာညှပ်သည့် စက်ထဲထည့်၍ နုတ်နုတ်ဆင်းချင်မိသည်။ ယခုတော့ သူတို့မပွင့်လင်းကြသည်မို့ ကိုယ်တွေကသာ ဘီလူးဆိုင်းတီးရတော့မည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now