အလုပ်သွားရန်ပြင်ဆင်နေသည့် ကိုဉာဏ့်အား ဖားရန်ပြင်လိုက်သည်။ မှန်ကိုကြည့်လျက် လည်စိနားအထိ တပ်နေသော သူ၏ကြယ်သီးမှာ တော်တော်ကြာနေပြီး အခုချိန်ထိကို
အဆင်မပြေသေးပေ။ ကိုဉာဏ့်အနောက်ဘက်သွားရပ်တော့ မှန်ထဲကျွန်တော့်ကိုမြင်သည်ထင်။"မှန်ကြည့်ချင်လို့လား ညီသု ၊ ခဏလေးနော်.... ကြယ်သီးတပ်ပြီး ဖယ်ပေးမယ်........."
"ဒီဘက်လှည့်...."
မှန်ထဲမှ ကိုယ်ဉာဏ့်ကိုကြည့်ကာခေါ်သော်လည်း ကြယ်သီးကြီးကိုင်ထားသည့် လက်တို့က လေထဲမှာပင် ရပ်တန့်နေပြီး
ကျွန်တော့်အား ကြောင်ငေးငေးနှင့်
ကြည့်နေသည်။ လက်မောင်းကိုလှုပ်ကာ ဆွဲလိုက်ရ၏။ လှည့်လာသည့် ကိုဉာဏ့် ကိုကြည့်ကာ ရှိသမျှသွား အချောင်း၃၀လုံးပေါ်အောင်ရယ်ပြလိုက်သည်။
ကျန်သည့် အံသွားနှစ်ချောင်းမှယ ကျိုးနေသည်မို့ ထည့်မထွက်တော့ပေ။'မြတ်စွာဘုရား....နေများအနောက်အရပ်က ထွက်ပြီလား...'
လက်ကိုဖယ်ကာ အကျီစတို့ကို ကိုင်တွယ်လာသည့် ညီသုကြောင့် ကြောင်ငေးကာကြည့်နေမိသည်။
"လည်ပင်းမော့လေ...ကူပေးနေတာကို...."
ပြောသည့်အတိုင်းမော့လာသည်ကြောင့် ခြေဖျားနည်းနည်းထောက်ကာကြည့်ရသည်။ ၆ပေ၂အရပ်ကိုမော့လိုက်သည်ကြောင့် ၅ပေ၈ရှိသည့် မိမိအရပ်က မမှီနိုင်။
"ကြယ်သီးပေါက်က သေးသေးလေးဖြစ်နေတာ ချဲ့ရမယ်..."
အရှေ့မှ ပြေးထွက်ကာ စားပွဲအနားသို့လျှောက်သွားပြီး အံဆွဲကိုဖွင့်၍ ဘာနှိုက်နေသည်မသိပေ။
တွေ့ပြီ ဟုအော်ကာ အနားသို့ရောက်လာသည်ကြောင့် လက်ထဲထောင်ပြသည့်အရာလေးအား ကြည့်မိ၏။ ကြယ်သီးပေါက်ဖောက်သည့် ဆူးချွန်လေးပင်။ရင်ညွန့်ကိုရိုက်ခတ်နေသည့်လေငွေ့ငွေ့လေးနဲ့ ညီသုကိုယ်မှရသည့် BurBerryရေမွှေးရနံလေးက အလိုလျောက်ပြုံးစေသည့် စနစ်တပ်ထားသည့်အလားလဲမသိပေ။ မော့ထားရာက ကျွန်တော်ပြုံးလိုက်မိ၏။ လည်တိုင်နားသို့ ပါးအပ်လာသည့် ညီသုကြောင့် အသက်ရှူပင်ရပ်သွားတော့သည်။