ဧည့်ခန်းထဲဆိုဖာတွင် လူစုံတက်စုံထိုင်နေကြသည်။ ထမင်းစားခန်းထဲ ညီ ပြောသည့်စကားရဲ့ အဓိပ္ပါယ်ကိုသိလိုသည်မို့ ရှမ်းခေါက်ဆွဲကိုပင်မစားနိုင်ချေ။ သို့သော်လည်း အစားအစာကို လွှင့်ပစ်လျှင် မကြိုက်သည့် ညီ့ အကြောင်းသိသည်မို့ အတင်းထိုးသွပ်ကာ ဧည့်ခန်းတွင်းအပြေးသွားလိုက်သည်။
"ရော...ဒါ မသက်သက်ခိုင် မနေ့ကပဲ
ကျွန်တော့်ကိုပေးခဲ့တာ......""သက်သက်ခိုင်....."
'ညီသုနောင် သားကိုစောင့်ရှောက်ပေးပါ....'
ထိုစာကိုကြည့်ပြီး ညီ့ ကိုကြည့်လိုက်မိသည်။ အစ၊အလယ်၊အဆုံး အကျိုးအကြောင်းအားလုံး ကိုရှင်းပြနေသည့် ညီ က
မျက်နှာလည်းမကောင်းသလို သက်ပြင်းတွေလဲချနေသည်။ အဖွားကတော့ ထိပ်ဆုံးခုံမှာထိုင်ကာ နားပဲထောင်နေသည်။"ပြောချင်တာကတော့ အဲ့ဒါပဲ....."
သားလေးရဲ့အမေ ဟိုအမလာသည့် မနေ့ကမနက်ကစလို့
ညနေခင်းအထိ သူမဆုံးသွားကာ သားကိုလက်ထဲထည့်ပေးသည့်အချိန်အထိကိုပြောပြလိုက်သည်။"ကိုယ့်ကိုပြောရောပေါ့... ကိုယ်ရှင်းမှာပေါ့...."
ထိုအပြောကို ညီ က ကျွန်တော့်ကိုနာနာကျည်းကျည်းကို
ကြည့်လျက် မဲ့ကာ ခပ်ဟဟရယ်လေသည်။"ကျွန်တော်ရုံးကိုလာတယ်လေ ကိုဉာဏ်သုခမောင်...."
ဟုတ်သားပဲ။ ညီ က ရုံးကိုလိုက်လာသည်ပဲ။ ငယ်နဲ့စကားတွေများကြရင်း ကျွန်တော်နဲ့ငယ်ရန်ဖြစ်မည်စိုး၍
ပြန်သွားခဲ့သည်ပဲ။"ခင်ဗျားဗျာ....မိန်းကလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက်ဖြစ်ခဲ့ပြီးမှ ဘာလို့ လမ်းခွဲခဲ့တာလဲ........"
ကျွန်တော်စိတ်ထဲရှိသည့် မေးခွန်းကိုမေးချင်သည်။
ကိုဉာဏ် ဘယ်လိုလူစားမျိုးလည်းဆိုသည်ကိုလည်း သိချင်သည်။ ရေဆုံး၊မြေဆုံး ပတ်သတ်ခဲ့ပြီးမှ လမ်းခွဲကြရင် မိန်းကလေးကနစ်နာသည်လေ။ နှမသားချင်း ကိုယ်ချင်းစာသင့်သည်မဟုတ်လား။ အတိအကျမသိရသေး၍ အပြစ်မဆိုချင်သေးပါ။ အကြောင်းမရှိပဲ ပွေရှုပ်ချင်၍ ထားခဲ့တာဆိုပါလျှင် ကိုဉာဏ့်အပေါ် ကျွန်တော့်ရဲ့အလေးထားမှုတွေ ရှိလောက်မည်မထင်တော့ပါ။