Unicode
ဆောင်းတွင်းအအေးသည် ထင်သည်ထက်အေးလှ၏။ ယနေ့သည် training scheduleအတိုင်း တောင်ပေါ်မှာ hikingတက်ရမည့်နေ့ပင်။ သို့သော် တနေ့ကပြဿနာကြောင့် distance shootingလွတ်သွား၍ အစားပြန်ထိုးခြင်း။ဘောစ့်သည် သူကိုယ်တိုင်လိုက်ပြီး စစ်ဆေးလေ့ကျင့်ပေးမည် ဆိုသည်ကြောင့် head နှင့် training crew အားလုံး သတိကပ်နေရ၏။
၇နာရီကွင်းပြင်ကြီးမှာ စုဝေးပြီး စောင့်ခိုင်းထားသော ဘောစ့်ကြောင့် ချမ်းလွန်းကာ လက်နှစ်ဘက်ကိုပွတ် အပူပေးသူများကပေး၊ တိုးတိုးတိတ်တိတ် စကားပြောသူများကပြောကာ ရှိနေကြသည်။ မိမိတို့မှာလည်း first batch ဖြစ်နေသောကြောင့် တခြားbatchများထက်စာရင် အချိန်အဖြင့်training စောနေ၏။ မိုးခမှာတော့ အများနှင့်မတူစွာ အေးဆေးပင် ရှမ်းပြည်နယ်၊ လားရှိုးမြို့ဟာာ မိမိမွေးရပ်ဆိုသည့်အတိုင်း ယခုမြန်မာပြည် အောက်ပိုင်း အအေးဒဏ်ကြား အေးဆေးစွာ နေနိုင်နေ၏။ ၁၀မိနစ်ခန့်ကြာသော် စစ်သွေးလည်း ရောက်လာခဲ့သည်။
"မင်းတို့ကို ဟိုတနေ့က ငြိမ်းချမ်းပေးထားတဲ့ သေနတ်တွေ ယူလာခိုင်းထားတယ်။ ဒီနေ့CZတစ်လက်ရဲ့ အချက်အလက်နဲ့ သေနတ်ကိုင်နည်း၊ ဘယ်လိုဖြုတ်ရမယ်၊ တပ်ရမယ်ဆိုတာ ငြိမ်းချမ်းပြောပြပေးလိမ့်မယ်"
"မင်းတို့ကိုပေးထားတဲ့ သေနတ်ကဘာအမျိုးအစားလဲ?"
"CZ-75ပါhead"
"75တော့ဟုတ်တယ် ဒါပေမဲ့ဘာလဲ?"
"75Bပါhead 75ရဲ့ second genပါ"
"ဟုတ်တယ်မှန်တယ်။ 75, 75Bနှစ်ခုစလုံးက အကုန်အတူတူပဲ။ အလျားလိုက်အရှည်က 8.12 inch ဒေါင်လိုက်က 5.4 inch၊ ဘေးတိုက်အနံက 1.4inch၊ကျည်ပြောင်းအရှည်က4.7 inchနဲ့ ကျည်ပြောင်းကန့်လန့်အရှည်က 9mmရှိတယ်။ကျည်ကပ်က၂slot၊ ကျည်ကပ်ပေါ်မူတည်ပြီး ၁၆ချက်ကနေ ၂၆ချက်အထိပစ်နိုင်တယ်။ဟိုတနေ့က မိုးခကိုငါသွားပြန်လဲခိုင်းတဲ့ 9mm cartridgeက သူ့မှာသုံးဖို့ပဲ။ ဒီကောင်လေးရဲ့ အစိတ်အပိုင်းနဲ့ပတ်သတ်ပြီး ဘာသိချင်သေးလဲ"
~မရှိတော့ပါဘူးhead~
"ဟုတ်ပြီဒါဆိုကိုင်ကြည့်ကြ။ သေနတ်ကိုင်တာမှာအဓိကက
ကိုယ်နဲ့တထပ်ထည်းဖြစ့်ဖို့ပဲ စိတ်ရှုပ်နေတာတို့ ကိုင်ပုံမှားမှာစိုးလို့ pressureဖြစ်တာတို့ကို ဘေးဖယ်ထားလိုက်။
ကိုင်ပုံကိုင်နည်းမှန်ဖို့ဆို ပေါ့ပေါ့ပါးပါးစိတ်ထဲထား။ရိုးရိုးလေးtrigger guardဘေး လက်ညှိုးထားပြီး အနောက်ကgripကို ကျန်လက်ချောင်းတွေနဲ့ကိုင်လိုက်... ဒါပဲကိုင်ပုံကိုင်နည်းက လွယ်လွယ်လေး။ မင်းတို့ရုပ်ရှင်တွေမှာ မြင်ဖူးတဲ့အတိုင်းပဲ။
အခုမင်းတို့ကို သေနတ်ဖြုတ်ပုံဖြုတ်နည်းပြောပြမယ်။ပထမဆုံးgripဘေးက ခလုပ်အ၀ိုင်းသေးသေးလေးကိုဖိပြီး ကျည်ကပ်ထုတ်။ ထုတ်ပြီးပြီဆိုရင် အပေါ်မှာ safetyခလုတ်လေးရှိတယ် အနီလေးဖွင့်။အဓိကကသေနတ်ထဲမှာ ကျည်မရှိနေဖို့ပဲ။ပြီးရင်အနောက်က hammerအ၀ိုင်းလေးကိုဆွဲ၊ ညပ်သွားပြီးဆိုရင် အပေါ်ကslideကို rear part frameအနောက်ထိ ဖိဆွဲပြီး ကလန့်ဖြုတ်လိုက်ရင်ရပြီ။ ပြန်တပ်ရင်လည်း နောက်ဆုံးအဆင့်ကနေတဆင့်ခြင်း ပြန်တပ်သွားမယ် ရကြတယ်မလား"
YOU ARE READING
BE MINE (COMPLETED OC) [U+Z]
RomanceUnicode "ကျေးဇူးတင်ပါတယ်ကလေး... ကိုယ့်ကိုကလေးဘဝထဲလက်ခံပေးခဲ့လို့" "ကျေးဇူးတင်ပါတယ်စျာန်... ကျွန်တော့ကိုစျာန့်ဘဝထဲခေါ်ဆောင်ပေးခဲ့လို့..." AN : တချို့သောrude contentများပါဝင်နေသာကြောင့် အဆင်မပြေဖြစ်ခဲ့ပါကနားလည်ခွင့်လွှတ်ပေးဖို့တောင်းဆိုပါသည်။ #Male P...