Part-12

9.4K 883 7
                                    

Unicode

မှောင်မဲနေသော အခန်းငယ်အတွင်း၏ တဖက်တွင်
သံထည်ဖြင့်ပြုလုပ်ထားသော လှောင်အိမ်များ စီတန်းထားကာ ပတ်၀န်းကျင်သည် အေးစက်နေလျက်။ သို့သော်တဖက်တွင်တော့ နွေးထွေးသော်လည်း အနားမကပ်ချင်စရာကောင်းသည့် ရဲရဲနီကာ လောင်မြိုက်နေသည့် မီးဖိုကြီးရှိသည်။ ထိုမီးဖိုမှတဆင့် အပူပေးထားသော ဂိုဏ်းတံဆိပ်ကပ် သံခြောင်းများလည်းရှိနေ၏။ နီရဲကာ ကျစ်ကျစ်တောက်ပူနေသော ထိုအပူခြောင်းများသည် ဘုန်းစစ်လိုသူများ၏ အသားပေါ်တွင် လှပစွာပုံဖော်ပေးနိုင်သည်။

ထိုများနှင့် မျက်နှာချင်းဆိုင် လှောင်အိမ်များထဲက တစ်ခုထဲတွင်တော့ ခြောက်ကပ်နေသော နှာဖူးမှသွေးစီးကြောင်းများနှင့် လူတစ်ယောက်သည် မျက်နှာအသွင်အပြင် မရှိတော့သည်လားဟု ထင်ရသည်ထိယောင်ကိုင်းနေသာ ဘုန်းစစ်ရှိနေသည်။
လက်ဖျံပေါ်တွင်လည်း ဓားပါးနှင့် တစတစဖဲ့ထုတ်ခံထားရသော အသားစများ...မီးလောင်ထားသည့်တိုင် အရည်ခွံလန်နေသော ခြေချောင်းများသည် တချိန်ကလှပခဲ့သည့် ခြေသည်းများပျောက်ဆုံးနေလျက်။

~ကျွီ~

~ဒုတ် ဒုတ် ဒုတ် ဒုတ်~

တစ်စုံတစ်ယောက်၀င်လာသည်ကို ဘုန်းစစ်သိသော်လည်း မော့မကြည့်နိုင်။ တဖြည်းဖြည်းနီးကပ်လာသော ဖိနပ်သံသည် ခြောက်ခြားဖွယ်ရာ...

“အဆင်မှပြေရဲ့လားငါ့ညီ?”

“…”

Cigaretteအနံတစ်ခုနှင့်အတူ မေးလားသည့် အမေးတစ်ခုသည် အေးစက်ကာ ကြားသူများ ကြက်သီးထစေသည်ထိ ထိုနှင့်တူစွာ ခံစားချက်များမပါကာ အသက်မဲ့နေ၏။

“သူ့အပြင်ခေါ်လာလိုက်”

တဖြေးဖြေးနဲ့ ဝေးကွာသွားသောကျောပြင်နှင့်အတူ လှောင်အိမ်တံခါးဖွင့်၍ ဘုန်းစစ်တစ်ယောက် တရွတ်တိုက်ဆွဲခေါ်သွားခံလိုက်ရသည်။ ထိုနောက် အခန်းအလယ်တွင်ရှိသော ထိုင်ခုံတွင်ထိုင်စေကာ လက်နှင့်ခြေထာက်များ ချည်နှောင်ခံလိုက်ရသည်။
မော့ကြည့်မိတော့ ထောင့်ကျသောမေးချွန်ချွန်နှင့် လှပသောဆင်စွယ်ရောင်ဆံနွယ်များ။ ထိုလှပမှုများသည် ယခုအချိန်အခါတွင်တော့ ခြိမ်းခြောက်မှုများကဲ့သို့ပင်။

BE MINE (COMPLETED OC) [U+Z]Donde viven las historias. Descúbrelo ahora