Part-22

8.6K 753 13
                                    

Unicode

"သားမိုးခ...သားလေး...
ဖေဖေမရှိလည်း အဆင်ပြေနေတယ်မလား"

မှောင်ပိတ်နေသည့်လေထုထဲတွင် ပေါ်ထွက်လာသည့် ရင်းနှီးနေသောအဖေဖြစ်သူ၏အသံ...
အေးစိမ့်နေသည့် ပတ်၀န်းကျင်သည် အဖေဖြစ်သူအသံဖြင့် နွေးထွေးလာသယောင်။

"ဖေဖေ...ဖေဖေလားဟင်?"

"သားငယ်...လိမ္မာအောင်နေနော်။ ဖေဖေမရှိလည်း သားလိမ္မာမယ်မှန်းဖေဖေသိပါတယ်။မောင်စစ်သွေးကလူကောင်းလေးပါ...
သားရွေးချယ်မှုတိုင်းကို နောင်တမရအောင်ပုံဖော်ပါ။ဖေဖေကတော့ သားဘယ်ရွေးချယ်မှုကိုပဲရွေးရွေး ဖေဖေလက်ခံပေးတယ်သိလား။
ဖေဖေ့ဘ၀မှာ သားပျော်ဖို့ကအဓိကမို့လို့ တခြားအရာတွေခေါင်းထဲမထည့်ပဲ ပျော်အောင်နေနော်။ဖေဖေသွားရတော့မယ်။ သားငယ်လေးကိုယ့်ကိုယ်ကိုဂရုစိုက်ပါ။ဖေဖေသားကိုချစ်တယ်ဆိုတာသိတယ်မလား"

"ဖေဖေမသွားပါနဲ့ဦး...ဖေဖေ!!"

အသည်းအသန်အော်ဟစ်ကာ မိုးကအဖေဖြစ်သူကိုခေါ်မိတော့သည်။မည်လောက်ပင်အော်ခေါ်နေပါစေ အဖြေမရှိတဲ့ခေါ်ဆိုမှုတစ်ခုသာသာဖြစ်နေ၏။ အလွမ်းစိတ်နဲ့ တင်းခဲ့သည့်မျက်ရည်များသည်လည်း အဆက်မပြတ်စီးကြလာတော့သည်။
၀မ်းနည်းခြင်း အားငယ်ခြင်း စိတ်အလိုမကျဖြစ်ခြင်းတို့နှင့်အတူ မိုးခစိတ်တစ်စုံခေါ်ဆောင်ရာတိုင်း ငိုကြွေးနေမိ၏။

"မိုးခ"

"မိုးခ"

"မိုးခ...ကလေး"

ရုတ်တရက်ထွက်ပေါ်လာသော မိမိအားကိုးဖွယ်ရာ မိမိအား ပျော်ရွှင်ဖွယ်ရာများယူဆောင်လာပေးသော ချစ်ရသူ၏အသံပင်။ အဆက်မပျက်ခေါ်ဆိုလာမှုနှင့်အတူ တစတစပေါ်ထွက်လာသော အလန်းတန်းများနှင့်တကွ မိုးခမျက်၀န်းများမှိတ်ချလိုက်တော့သည်။

နိုးနိုးခြင်း ကုတင်ပေါ်ဘေးတစောင်းထိုင်ကာ မိမိအား စိုးရိမ်တကြီး ကြည့်နေသော စစ်သွေးကိုမြင်လိုက်ရသည်မှာ မိုးခ၀မ်းနည်းမှုများ ဖြေဖျောက်လိုက်သယောင်။မျက်ရည်စီးကြောင်းများကြား ရုတ်တရက်ထထိုင်လိုက်တော့ မူးတက်လာသည့်ခေါင်း။ ခန္ဓာကိုယ်ကိုထိန်းရန် လက်ထောက်ဖို့ကြံမိတော့ အလန့်တကြားခါးသိမ်လေးကို လှမ်းဖမ်းလာသည့် တဖက်မှချစ်ရသူ။
တချိန်ထဲကျောနောက် ခေါင်းအုံးခုပေးကာ ထိုင်ရန်အဆင်ပြေအောင်လုပ်ပေးနေ၏။

BE MINE (COMPLETED OC) [U+Z]Où les histoires vivent. Découvrez maintenant