Part-24

8.4K 722 9
                                    

Unicode

နေ့လည့် ၂နာရီကတည်းကမှ အစည်းအဝေး ပြီးသွားသော်လည်း စစ်သွေးမပြီးနိုင်သေး...
နေ့လည်ကတည်းက ဖတ်နေသည့် မိုး၀ဿန်၏ အချက်အလက်တွေမှာ ထူးဆန်းနေသည့် အချက်များရှိနေသောကြောင့်ပင်။
အနားထိုင်နေသည့် စစ်နိုင်နှင့်ဇေယျမှာလည်း fileများကို ထပ်ကာ ထပ်ကာလှန်ဖတ်နေလျက်။

"ဇေယျ ငါဒီကိစ္စကိုသိပ်ဘ၀င်မကျဘူး"

"ကိုကြီးပြောချင်တာက..."

"ဟိုတနေ့က စစ်နိုင်ရှင်းပြပြီးပြောသွားတဲ့ အချက်အလက်တွေမှာ ဦးမြင့်မိုး၀ဿန်ကိစ္စမပါခဲ့ဘူး။သတင်းမရှိတာလား ပြောဖို့ကျန်ခဲ့တာလား??"

"မဟုတ်ဘူးဘောစ့် ကျွန်တော်တို့ရှာတုန်းကလည်းမရှိခဲ့တာ။သတင်းအစအနတောင်မတွေ့ဘူး"

"ဒါပေမဲ့ငါနေ့လည်က thaiဘက်ကိုမေးကြည့်တော့
ကျောက်စိမ်းလာ၀ယ်တုန်းက လူကြီးတစ်ယောက်
၅၀ ၀န်းကျင်လို့ပြောတယ်...
အသက်၅၀ ၀န်းကျင်ဆိုရင် မိုး၀ဿန်မှမဖြစ်နိုင်တာ..."

"ဒါပေမဲ့ ဦးမြင့်မိုး၀ဿန်ရှိနေသေးရင်
ကိုကြီးဘာလုပ်ချင်လို့လဲ??ဘာမှထူးထူးခြားခြားလုပ်လို့မရတာ?"

"ဘာမှလုပ်လို့မရဘူးဆိုပေမဲ့...
ဦးမြင့်မိုး၀ဿန်ရှိနေသေးရင် ပိုအဆင်ပြေတာပေါ့။သားဖြစ်သူနဲ့ ညှိတာထက်စာရင် မူရင်းဂိုဏ်းထောင်ထားတဲ့ အဖေဖြစ်သူနဲ့ညှိတာ ပိုအဆင်ပြေတာပေါ့။"

"..."

"ထားပါ အဲ့လောက်အရေးလဲမကြီးပါဘူး...
နားတော့စစ်နိုင်ရေ...ဇေယျမင်းရောပဲ
မနက်ဖြန်မနက် စောစောထွက်မှာ
အဆင်သင့်ပြင်ထားတော့။ ဟိုမှာလည်း ဘယ်လောက်ကြမလဲမသိနိုင်ဘူး။"

"ဟုတ်ကဲ့ကိုကြီး"

"ဟုတ်ကဲ့ဘောစ့်"

၂ယောက်စလုံး အသီးသီးပစ္စည်းများသိမ်းနေချိန် စစ်သွေးတဖက်ကcrew dormitoryဘက်သို့ ထွက်လာခဲ့သည်။ မိုးခနဲ့စကားလာပြောပြီးသည့်နောက် သေချာစဉ်းစားမိသည်...
တဖက်သူ့ဘက်ကကြည့်ရင် ကာကွယ်ပေးချင်တာမှန်ပေမဲ့ မိုးခဘက်မှတွေးရင် သူလွန်နေသည်မလား...
ဂိုဏ်းသားတစ်ယောက်အနေနဲ့ ထားခဲ့ရင်အများအမြင်မှာ မိုးခအတွက်လည်းမကောင်းသလို မိုးခ၏ယောကျာ်းမာနကို ထိခိုက်လိုက်သလို ဖြစ်သွားနိုင်ချင်းပင်။
ထို့ကြောင့်လည်း သူ့အကောင်ပေါက်လေးကို သူကိုယ်တိုင် သေချာတောင်းပန်ရဦးမည်။

BE MINE (COMPLETED OC) [U+Z]Where stories live. Discover now