Unicode
မနက်မိုးလင်းလင်းခြင်း လှေကားပေါ်မှအဆင်းကြား လိုက်ရတဲ့အသံကနွေခေါင်ခေါင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ ထိုသည်မှာတခြားတော့မဟုတ် မေမေလေးသည် ဖေဖေ့ပစ္စည်းဥစ္စာများကို သိတလှည့် မသိတလှည့်ဖြင့် ခိုးယူသုံးကာ လောင်းကစားလုပ်သည်တဲ့။ ထို့နောက်အရှုံးများ၍အကြွေးတင်ကာ ယခုအိမ်ကိုအကြွေး၏တပိုင်းတစဖြင့်သိမ်းခြင်း။
မေမေလေးမှာလည်း ကြမ်းပြင်ပေါ်ဒူးထောက်ကာ တောင်းပန်စကားတို့အား အရင်လိုပျစ်ချွဲသံမရှိ ထပ်တလဲလဲဆိုနေလျက်။
အန်တီချိုသည်လှေကားပေါ်မှ ကြောင်အစွာကြည့်နေသော မိုးခဆီအပြေးလာကာ ဖေဖေပြန်လာရင် အားလုံးအဆင်ပြေသွားမှာပါဟု ပုခုံးပုတ်အားပေးပါ၏။
ထို့နောက်ဖေဖေ့အတွင်းရေးမှူးဖြစ်သော ကိုမြင့် အပြေးတပိုင်းဖြင့်၀င်လာ၏။"ဘာဖြစ်လာတာလဲကိုမြင့်"
"မိုး...မိုးခ...ဆရာဆုံးပြီ!!"
"လွန်ခဲ့တဲ့၁၅မိနစ်ကတင်သတင်းရတာ...UAEကရန်ကုန်အပြန်လေယဉ်...စက်အင်ဂျင်ထိပြီး ပင်လယ်ထဲကျပျောက်သွားတယ်။"
ထိုသတင်းကြားကြားပြီးခြင်း မိုးခတစ်ယောက် မူးနောက်တက်လာလျက် ခြေများယိုင်ကျကာ မာကျောသောကြမ်းပြင်ပေါ်သို့သာကျမည်အမှတ် မျက်လုံးများပိတ်ချလိုက်တော့သည်...။သို့သော်အထင်နှင့်အမြင်လွှဲမှာစွာ မာကျောသောကြမ်းပြင်အစား နွေးထွေးသောတစ်စုံတစ်ခုထဲတွင် နစ်မြုတ်သွားလေ၏...။
မိုးခတစ်ယောက်စိတ်ဒုန်းဒုန်းချကာ နောက်ဆုံးတွင်လူ့လောကနှင့် ခဏတာအဆက်ပြတ်သွားလေ၏။ညနေ၆နာရီ
-----------အရင်နှင့်မတူစွာခပ် ဖြေးဖြေးဖွင့်လာသောမျက်၀န်းများသည် အဓိပ္ပာယ်မဲ့နေ...
ငေါက်ခနဲကောက်ထိုင်၍ ဖြစ်ခဲ့သမျှပြန်စဥ်းစာရန် မိမိဦးနှောက်အလုပ်ပေးလိုက်တော့ မူး၀ေရုံတင်မက ဆစ်ခနဲ့ကိုက်တက်လာသော ခေါင်းတစ်ခြမ်း။နားထင်ကိုပြင်းပြင်းဖိကာ ဘေးပတ်၀န်းကျင်ကိုလေ့လာမိသည်။ခုတင်ခေါင်းရင်းဘေးနှစ်ဘက်ရှိ ၀ါကျန့်ကျန့်မီးဆိုင်းနှစ်ခုသည် မိမိအခန်းမဟုတ်ပါဟု သက်သေဖြစ်လျက်။
ခန္ဒာကိုယ်ကို အနည်းငယ်အားပြုကာ ထလိုက်တော့ အောင့်သွားတဲ့ဘယ်ဘက်လက်ဖျံ...
ငုံ့ကြည့်မိတော့မှ မိမိအားဆေးသွင်းပေးထားမှန်းသိ၏။
အားဆေးချိတ်ထားသောတိုင်လေးကိုင်ကာ အပြင်ထွက်လာတော့ မိုးခတစ်ယောက်ကြောင်သွား၏။
အဘယ့်ကြောင့်ဆို အရင်မိမိနေခဲ့သည့် ခန်းနားလွန်းပါသည်ဆိုသော နှစ်ထပ်အိမ်ကြီးမှာ ယခုမိမိရှိနေသည့်အခန်းနှင့် ယှဉ်လိုက်ရင် ဘာမှမဟုတ်တော့သည် အထိဖြစ်သွားခဲ့သည်။ မိမိမှာဒုတိယထပ်တွင်ရှိနေကာ ကျွန်းများဖြင့်ပြုလုပ်ထားသော မျက်နာခြင်းဆိုင်အပြိုင်လှနေသည့် လှေကားနှစ်ခု၏ အလယ်တွင်ရပ်နေခြင်းဖြစ်သည်။
ESTÁS LEYENDO
BE MINE (COMPLETED OC) [U+Z]
RomanceUnicode "ကျေးဇူးတင်ပါတယ်ကလေး... ကိုယ့်ကိုကလေးဘဝထဲလက်ခံပေးခဲ့လို့" "ကျေးဇူးတင်ပါတယ်စျာန်... ကျွန်တော့ကိုစျာန့်ဘဝထဲခေါ်ဆောင်ပေးခဲ့လို့..." AN : တချို့သောrude contentများပါဝင်နေသာကြောင့် အဆင်မပြေဖြစ်ခဲ့ပါကနားလည်ခွင့်လွှတ်ပေးဖို့တောင်းဆိုပါသည်။ #Male P...