Part-16

8.6K 777 7
                                    

Unicode

“အကုန်ရောက်ပြီလား”

“မိုးခကျန်သေးတယ်head”

“ကိုရှပ်ပြာက အမြဲနောက်ဆုံး ဘယ်ရောက်နေပြန်ပြီလဲကွာ”

“ဘောစ့်ခေါ...”

“headကျွန်တော်...”

“ငါခေါ်ထားလို့။ ဘာဖြစ်နေလဲ တစ်ယောက်နောက်ကျနေလည်းစောင့်ပေါ့”

ဖြတ်ခနဲ့ဝင်ပြောလာသော ဘောစ့်ဖြစ်သူကြောင့် မေးနေသည့်ငြိမ်းချမ်းနှင့်အတူ အားလုံးဟာငြိမ်ကျသွားလျက်။

“ဘောစ်!! ဘယ်တုန်းကရောက်နေတာလဲ?အတူလိုက်မလို့လားဗျ!!??”

“မဟုတ်ဘူး ငါ့ကားနဲ့သွားမှာ”

“ဟုတ်ကဲ့ဘောစ့် ဒါဆိုကျွန်တော်တို့ကိုခွင့်ပြုပါဦး။တက်မယ်အားလုံး။ သူရိန်၊ မိုးခတက်တော့”

“နေဦး”

“ဗျာ”

အားလုံး၏အကြည့်များသည် စစ်သွေးဆီသို့ ရောက်လာကြကုန်၏။ ထိုမှသာ စစ်သွေး ချောင်းတစ်ချက်ဟန့်ကာ မပြီးသေးသည့်စကားဆက်ရ၏။

“မိုးခကငါ့ကားနဲ့လိုက်ခဲ့။”

“ဗျာ! ဘောစ့်ဟိုလေ ကျွန်တော်တို့ကားနဲ့ပဲ လိုက်ခိုင်းလိုက်ပါ။မကျပ်ပါဘူး”

“ကိုကြီးသွားမယ်!”

“မရှည်နဲ့ မင်းတို့တက်တော့။ မိုးခလာကားပေါ်တက်”

အချိန်ကိုက်ရောက်လာသည့် BMWလေးနှင့် ဇေယျသည် ချစ်စရာ။ ကားနားပင်ရောက်ကာ ကားတခါးဖွင့်ကာ စောင့်နေသောစစ်သွေးကို ညီဖြစ်သူဇေယျအပါ၀င် crewများအားလုံးသည် ထူးဆန်းကြောင်အစွာ ကြည့်နေတော့သည်။ မိုးခလည်းနောက်ဆုံး ကျန်crewများအနည်းငယ်ပြံးပြကာ ဖွင့်ပေးထားသော တခါးမှတဆင့် ကားထဲသို့၀င်ထိုင်ကာ လိုက်ပါသွားတော့သည်။

တငြိမ့်ငြိမ့်မောင်းလာသည့် ကားလေးထဲတွင် တိတ်ဆိတ်နေ၏။တစ်ယောက်နှင့်တစ်ယောပင်လည်း စကားပြောခြင်းမရှိသောကြောင့် အင်ဂျင်သံမှလွဲ ဘာမှကြားရချေ။ ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်မှာဇေယျ...

“ကိုကြီးဘယ်သွားမှာလဲ?”

“မိုးခဘယ်သွားချင်လဲ”

BE MINE (COMPLETED OC) [U+Z]Donde viven las historias. Descúbrelo ahora