Part-33

6.8K 564 8
                                    

Unicode

"စစ်နိုင်ဒီနေ့သဒ္ဒါတို့လာjoinမယ်ဆို...ရောက်ပြီလား?"

"ဟုတ်ကဲ့ဘောစ့်ရောက်နေပါပြီ..."

"အောက်ထပ်မှာလား?"

"ကွင်းထဲမှာဘောစ့်"

"စစ်နိုင်ဒါနဲ့Nosferatuအဖွဲ့ခွဲသတင်းရသေးလား
ဘယ်နားမှာလဲဆိုတာ?"

"အခုထိတော့လိုက်နေတုန်းပဲဘောစ့်...
သူတို့ဘက်ကအကွက်ချတာ
တော်တော်သေသပ်နေတယ်"

"နည်းနည်းအားထုတ်လိုက်ပါကွာ...
ငါအဲ့ကောင်တွေကိုအမြစ်ဖြတ်ချင်နေပြီ"

"ဟုတ်ကဲ့ပါဘောစ့်...ဒါနဲ့အဲ့ဘက်က
နောက်တစ်ခုရှိသေးတယ်...ဆေးကိစ္စပါဘောစ့်။အောင်ခန့်ကအဲ့ဘက်ကပိုင်တဲ့
ဆေးဆိုင်ကပဲဝယ်လာတာ"

"အင်း...ဆေး...သေနတ်...မတတ်နိုင်ဘူး
အဖွဲ့ခွဲတင်မကပဲထိပ်ဆုံးကိုချိန်ရတော့မယ်ထင်တယ်။scheduleနည်းနည်းညှိထားလိုက်။အားတဲ့ရက်...Linnကိုတော့ငါကိုယ်တိုင်ပဲဖြုတ်မယ်"

"ဟုတ်ကဲ့ပါဘောစ့်"

ဒုတိယcigaretteတစ်လိပ်အား
နှုတ်ခမ်းတေ့ကာ စစ်သွေးနှင့်စစ်နိုင်
အရေးကြီးသည်များပြောရင်း
ကွင်းဘက်သို့ရောက်လာ၏။
ကွင်းထဲတွင်ခါးထောက်ကာ မှာကြားနေသော
သဒ္ဒါ့အားစစ်သွေးလိုက်ပါပြီ။
သဒ္ဒါသည်ကျောက်တွင်းပိုင်
စီးပွားရေးပညာရှင်မကြီးပီသသလို
မိန်းကလေးအဖွဲ့ဂိုဏ်းခေါင်းဆောင်ကောင်း
တစ်ယောက်လည်းဖြစ်သည်...
ထို့ကြောင့်ပင်လည်းအခုချိန်ထိ
လက်တွဲအလုပ်လုပ်နေသူဖြစ်၏။
အနားရောက်လာသည့်စစ်သွေးထံမှာ
ဆေးလိပ်အားဖြတ်ယူကာသဒ္ဒါယူဖွာလိုက်၏။မျက်ခုံးautoတွန့်ချိုးသွားသောစစ်သွေးကို
သဒ္ဒါတစ်ယောက်ဂရုမစိုက်ခဲ့...

"နောက်တခါကိုယ့်ဟာကိုယ်သောက်ပါဟ...
နင့်cigaretteကလည်းအကောင်းစားတွေပဲကို။"

စစ်သွေး၏အပြောနှင့်ကွဲလွဲစွာ
သဒ္ဒါတစ်ခြားတစ်ခုပြောင်းမေးလာတော့၏။

"ဇေယျရော...အဲ့ကောင်လေးဘယ်ပျောက်နေတာလဲ?"

"မသိဘူး...မနက်ကတည်းကမတွေ့မိတာ"

တိုင်ဆိုင်စွာbaseထဲပြန်ဝင်လာသော
Ferrariအနီတစ်စီးနှင့်အတူ
ကားပေါ်မှဆင်းလာသောဇေယျ။အကြီးနှစ်ယောက်အားတွေ့တွေ့ချင်း
အနားသို့ပြေးသွားတော့၏။

BE MINE (COMPLETED OC) [U+Z]Tahanan ng mga kuwento. Tumuklas ngayon