Part-5

13.9K 1.1K 17
                                    

Unicode

[ နိုင်ဇေယျ ]

၆ပေရှိသောအရပ်နဲ့တကွ တောင့်တင်းခိုင်မာလှသောခန္ဓာကိုယ်။ ရွှေညိုရောင်သန်းသော အသားအရည်နှင့် လိုက်ဖက်စွာ ဘေးနှစ်ဘက်ခပ်ပါးပါးရိတ်ထားသော ဆံပင်ပုံစံ၊ တကိုယ်လုံးခြုံကြည့်ပါက မိန်းကလေးများ အသဲစွဲကြိုက်နှစ်သက်သည့် ယောကျာ်းလေးတစ်ယောက် ဖြစ်သည်ဟုပြောနိုင်သည်။

ဇေယျသည် ဦးအောင်ဇေယျ၏အကို ဦးမင်းဇေယျ၏ တစ်ဦးတည်းသောသားဖြစ်ကာ စစ်သွေးအသက်၅နှစ်တွင် ဇေယျတစ်ယောက်မွေးဖွားလာခဲ့သည်။ အဖေဖြစ်သူသည် P.H.Dပါမောက္ခတစ်ယောက်အနေနဲ့ Singaporeရှိ Universityကြီးတစ်ခုတွင် စာသင်ကြားနေပြီး
အမေဖြစ်သူကတော့ မေတ္တာရိပ်မွန်ဆိုသည့် မိဘမဲ့ဂေဟာ အုပ်ချုပ်ရေးမှူးဖြစ်သည်။ စစ်သွေးသည် ဇေယျတစ်ယောက်ငယ်စဥ်ကတည်းက ထိန်းကျောင်းပေးသော အကိုတစ်ယောက်အဖြစ်တင်မဟုတ်၊ တစ်ယောက်နှင့်တစ်ယောက်သည်လည်း တိုင်ပင်ဖော် တိုင်ပင်ဖက်များဖြစ်ကြသည်။

၂၅နှစ်သာရှိသေးသောဇေယျဟာ ဥာဏ်ကောင်းရုံသာမက Lawနင့်ပတ်သက်၍ စိတ်၀င်စားသောကြောင့် အကိုဖြစ်သူစစ်သွေး အထောက်အပံ့နှင့် Canadaရှိ University of Toronto Faculty of Lawတွင် Ph.Dဘွဲအားယူနိုင်ကာ ပြန်လာခဲ့ချင်းဖြစ်သည်။

သို့သော် နောက်အပတ်မှ ပြန်လာမည်ဟု ပြောထားပြီး ယနေ့နေလည် ဆိုင်းမဆင့်ဗုံမဆင့် ဂိုဏ်းချုပ်သို့ပြန်ရောက်လာခြင်း။
ညီအကို၂ယောက် building 1, boxing areaကနေ main buildingထဲပြန်ဖို့ စကားတပြောပြောနှင့်ထွက်လာလိုက်ကြသည်။

“ငါ့ကိုကြီးများ အမိမြေမှာ ခြေချပြီးနိုင်ငံတကာမှာ သတင်းကြားနေရတာ။Canadaက သူငယ်ချင်းတစ်ယောက်ကတောင် ဂိုဏ်းအကြောင်းစိတ်၀င်စားလို့ အပြန်လိုက်မယ်ပြောနေတာ မနည်းထားခဲ့ရတယ်။ ပြောပါဦးThaiဘက်က ၄၀%တိုးလာတဲ့သတင်းလေး တစ်ယောက်ထဲကပဲ ၂၀%၀ယ်သွားတယ်ဆို။ မွေးလာတဲ့တစ်သက် ဂိုဏ်းလက်အောက်မှာနေပြီး Erebusဆိုတဲ့ နာမည်တောင် ရနေပြီ ဒီလိုအဖြစ်တော့တစ်ခါမှမကြုံဖူးဘူး”

“အေးကွ...ငါလည်း ဒီဂိုဏ်းကိုလက်လွှဲလာတာလည်း ၁၁နှစ်ရှိပြီ တခါမှ ဒီလို၀ယ်ယူတာမျိုးမရှိခဲ့ဘူး။ ထူးဆန်းနေလို့ သတင်းလိုက်ခိုင်းပြန်တော့လည်း။ Thaiဘက်က သူဌေးသားတစ်ယောက်လို့ပဲ သိထားတာ။ကျန်တာဘာသတင်းမှမရလိုက်ဘူး သူတို့ဘက်ကလည်း သတင်းဖြတ်ထားပုံထောက်ရင် အဖွဲ့ကြီးတစ်ခုပဲနေလိမ့်မယ်။ဒါနဲ့နေပါဦး မင်းပြောတော့ နောက်အပတ်မှဆို ဘယိလိုဖြစ်လို့အစောကြီးရောက်ချလာတာလဲ?”

BE MINE (COMPLETED OC) [U+Z]Où les histoires vivent. Découvrez maintenant