Part-50 (Final)

17.3K 660 20
                                    

Unicode

"နိုင်ငံတော်သမ္မတဟောင်းဦးရဲမြင့်..
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၅...

(နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။)

"လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ၂၄"

(မည်သူမဆို အမျိုးသမီးများ၊ ကလေးသူငယ်နှင့် လူငယ်များအား လူကုန်ကူးမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။)

"မူးရစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးဘက်ဆိုင်ရာဥပဒေပုဒ်မအမှတ်၁၆...စသည့်စွဲချက်များဖြင့်
တရားအဆုံးအဖြတ်ချမှတ်လိုက်သည်။ဦးရဲမြင့်သည်သက်သေအထောက်ထားများနှင့်
မျက်မြင်သက်သေများ၏ထောက်ခံချက်များအရ
ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့်အတူဒဏ်ငွေ
သိန်း၅၀၀၀၀ချမှတ်လိုက်သည်။

~ဒုတ်~

~ဒုတ်~

~ဒုတ်~

တရားရုံးခန်းမကြီးထဲတွင်တော့အမျိုးသမီးဖြစ်သူနှင့်
သားသမီးများဟာငိုကြွေးနေလျက်
ဆဲဆိုသူများကဆဲဆိုကာအော်ဟစ်သူများလည်းရှိနေ၏။
လွန်ခဲ့သည့်၅လလောက်မှစတင်ခဲ့သည့်
ဦးလင်းနိုင်အပ်ခဲ့သောmissionတစ်ခုသည်
ယနေ့တိုင်အဆုံးဖြတ်တစ်ခုဖြင့်
အဆုံးသတ်နိုင်ခဲ့တော့သည်။
စွဲချက်များဖြေရှင်းဖို့၃လအကြာနောက်
ယခုတရားရုံးထဲတွင်ဦးရဲမြင့်ဘဝ၏
ကျန်သက်တမ်းဆုံးဖြတ်ချက်ကိုcigaretteတစ်ခု
ရှိုက်ဖွာကာထိုင်ကြည့်နေသည့်စစ်သွေးမှာသွေးအေးစွာ..
နောက်ဆုံးတရားရုံးခန်းထဲတွင်ဆုံးဖြတ်ချက်ချပြီးသည်နှင့်စစ်သွေးထိုင်ခုံမှထွက်လာခဲ့တော့သည်။
.
.
.
.
.
.
.
.
.
.
မိုးခတစ်ယောက်ထူးထူးဆန်းဆန်းပင်စိတ်ထင့်နေ၏။
ယခု၂ရက်၃ရက်အတွင်းစစ်သွေးဟာ
မိမိအားပတ်ရှောင်နေရုံတင်မကစကားပင်မပြောဖြစ်ကြ...
ယနေ့မှလည်းအဖွဲ့ကြီးများဖွဲ့ကာစားသောက်ဖို့ရှိသဖြင့်
ထွက်သွားသည်မှကတည်းကပင်။
ခေါင်းစားစရာများကိုခေါင်းထဲကထုတ်ကာ
နောက်ဆုံးtrainingများကိုသာမိုးခအားစိုက်မိနေတော့သည်။

BE MINE (COMPLETED OC) [U+Z]Where stories live. Discover now