Part-41

5.4K 454 11
                                    

Unicode

မနက်နေအလင်းတန်းသည်
အခန်းထဲသို့ဖြတ်ဝင်လာကာ
အရာအားလုံးနေ့တစ်နေ့စတင်ရန်
သတိပေးလာတော့သည်။

၄ပေခွဲ၆ပေခွဲကုတင်အထက်စစ်သွေးနှင့်အတူ
စစ်သွေးရင်ခွင်ထဲအိပ်ပျော်နေသောမိုးခ...
ခါးအထက်သန်မာလွန်းလှသည့်
လက်တဖက်၏ဖက်တွယ်မှုအောက်
မိုးခနှစ်ခြိုက်စွာအိပ်ပျော်နေလျက်။
စောစောနိုးတတ်သည့်စစ်သွေးကုတင်အထက်
အတွေးပေါင်းစုံဖြင့်သာ...
အတွေးများကြားနစ်ဝင်နေချင်းသည်
ခပ်လှုပ်လှုပ်ဖြစ်လာသောမိုးခကြောင့်
ပျောက်ပျက်သွားတော့သည်။

"နိုးပြီလား...ကလေး..."

"ဟုတ်...စျာန်...အိပ်ရေးဝလားဗျာ..."

"အင်း...ကလေးရော..."

"ဝတယ်စျာန်..."

"..."

"စျာန်မျက်လုံးတွေ...အစ်နေတာပဲ"

ခပ်ဖွဖွထိိတွေ့မှုနှင့်အတူစစ်သွေးပြုံးမိသည်...
အပြုံးတစ်ပွင့်ဟာရိုးရှုင်းသည်လှပလွန်းလှသည်...

"စျာန်...တခုခုဆိုကျွန်တော့ကိုပြောပါ...
တိတ်တိတ်လေးလဲမငိုနဲ့တော့နော်
စျာန်အခုလိုဖြစ်နေတာကိုတွေ့ရင်ကျွန်တော်ရင်နာတယ်။
စျာန်ပင်ပန်းတာကိုမြင်နေရတာလည်း
ကျွန်တော်မကြိုက်ဘူး..."

"ကိုယ်အဆင်ပြေပါတယ်...
မနေ့ကပြဿနာတွေထပ်သွားပြီး
အတွေးနည်းနည်းပေါက်သွားလို့...
ကိုယ်ဘာမှမဖြစ်တော့ဘူး...
ကလေးလဲစိတ်ထဲမထားနဲ့တော့နော်။
ကိုယ်တစ်ချိန်အားလုံးပြီးသွားရင်
ကိုယ်ပြောမယ်ဟုတ်ပြီလား?"

"ဟုတ်ကဲ့..."

~ဒုန်း~

"မိုးခ...အယ်...ဘောစ့်!!
ကန်တော့...ကန်တော့...
ဒီမှာရှိနေသေးမှန်းသိရင်ပတ်မရှာပါဘူး..."

"ဘာဖြစ်လာတာလဲသူရိန်?
မင်းဇေယျနဲ့အတူရှိနေတာမဟုတ်ဘူးလား?"

"ဇေခေါ်ခိုင်းလိုက်လို့ဘောစ့်!
ဇေပြောတာတော့အရေးကြီးတယ်တဲ့
IVI-2706လားIVY-2706စာရင်းလားမသိဘူး
hackခံရတယ်ပြောတယ်ဘောစ့်!"

အမောတကောဝင်လာပြီး
စစ်သွေးအားသူရိန်အဖြေပေးမိတော့
ဘေးစားပွဲပေါ်မှphoneကိုဆွဲကာ
ကောက်ကာငင်ကာဖြင့်အမြန်ပြေးထွက်သွား၏။
ကုတင်ပေါ်မှာမိုးခနှင့်တံခါးဝမှသူရိန်မှာတော့
ကြောင်တောင်တောင်နှင့်သာကျန်ခဲ့လျက်။
.
.
.
.
.
.
.
ITအခန်းထဲဒုန်းစိုင်းဝင်လာသောစစ်သွေး
ဒေါသထွက်နေသောကြောင့်မျက်နှာတင်မက
လည်ပင်းများပါရဲတက်နေကာ
နားထင်ကြောများပါထောင်နေ၏။
မနက်မိုးလင်းလင်းချင်း
မိမိတို့အဖွဲ့ထဲမှအရေးကြီးသည့်
nuclearစာရင်းခုပါသွားသည်မှာကျက်သရေမရှိလှ...

BE MINE (COMPLETED OC) [U+Z]Where stories live. Discover now