Part-19

7.9K 739 11
                                    

“စစ်နိုင် ဘယ်သူလဲသိရပြီလား??”

“ဘောစ့်...လိုက်တဲ့သူ သတင်းပေးတဲ့အတိုင်းဆိုရင်တော့ Thaiဘက်ကလို့ပြောတယ်။ သတင်းလိုက်ကြည့်လိုက်တော့ ကျွန်တော်တို့ဆီကအရင်တစ်ခေါက်က ကျောက်စိမ်းပြခန်းတုန်းက 20%ဖိုး၀ယ်သွားတဲ့လူဘောစ့်။”

“နာမည်က”

“မိုး၀ဿန်၊ ၂၈နှစ်၊ မြန်မာပြည်ဖွားပါပဲဘောစ့်။ ဒါပေမဲ့၁၇နှစ်မှာ Thaiဘက်ကိုပြောင်းသွားတယ်။ နောက်ကြောင်းကတော့ အဖေဖြစ်သူကမြင့်မိုး၀ဿန် တနည်းအားဖြင့် Ophidianဂိုဏ်းကို ဦးဆောင်ပြီးတည်ထောင်ခဲ့တာပေါ့။မိုး၀ဿန်အရှေ့မှာ သားတစ်ယောက်ရှိသေးတယ်ဗျ... ဒါပေမဲ့စုံစမ်းကြည့်တော့ ဆုံးသွားပြီလို့ပဲသိရတယ်။”

မှန်သားscreenပေါ်မှ projectorနှင့်ထိုးပြထားသော presentationအား စစ်သွေး ပေါက်ထွက်မတက်စိုက်ကြည့်မိနေသည်။မိုး၀ဿန်ဆိုသောသူသည် တကယ်ပင်လူချောဖြစ်၏။သို့သော်နှမြှောစွာပင် ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်နေခြင်း။အဖေဖြစ်သူကလည်း Ophidianကို တည်ထောင်ခဲ့သည်ဆိုသည့်အတိုင်း သားဖြစ်သူသည် ပြန်လည်တည်ထောင်ချင်နေမှန်းသိသာလှသည်။

“ဘာကြောင့် လုပ်ကြံတယ်ဆိုတာရောသိရပြီလား??”

“တဖက်ကနေစုံစမ်းသိရှိရတာကတော့ Ophidianဂိုဏ်းထောင်တုန်းက ဆရာကြီးဦးအောင်ဇေယျ၊ ဘုန်းစစ်အဖေ ဦးသစ္စာဘုန်းနိုင် နဲ့အခုမိုး၀ဿန်ရဲ့အဖေဦးမြင့်မိုး၀ဿန် တို့၃ယောက်အတူတူထောင်ခဲ့တာ။ ဒါပေမဲ့တစ်ရက်ဆရာကြီးက သူဘက်က သက်သက်အဖွဲ့ခွဲထွက်ချင်တယ်ဆိုပြီး အခုအောင်ဇေယျဂိုဏ်းကိုထောင်ခဲ့တယ်။
ကြာတော့လည်းတဖက်က ၂ယောက်ထဲမနိုင်တဲ့အဆုံး ဖျက်သိမ်းခဲ့တာ။”

“အဲ့ဒါနဲ့ပဲ ငါ့ကနေရင်းထိုင်ရင်းလုပ်ကြံခံရတယ်ပေါ့??”

“မဟုတ်ဘူးဘောစ့်။ အဖွဲ့မဖျက်ခင် တချို့အချက်အလက်တွေ ပေါက်ကြားခဲ့တယ်။ အဲ့အချိန်တုန်းက ဘောစ့်လည်းသတိထားမိမှာပါ သမ္မတဦး၀င်းနိုင်ရဲ့ အရှုပ်အရှင်းတွေတက်လာတော့ ရမဲ့နေရာကို ဦးဇော်မြင့်ကရသွားခဲ့တာ။ တချို့၀န်ကြီးတွေလည်း မှောင်ခိုလုပ်ငန်းသတင်းတွေကြောင့် ရာထူးတွေပြုတ်ခဲ့ပြီး ဂိုဏ်းလည်းအဆင်မပြေတဲ့အထိဖြစ်သွားတာ။အဲ့လိုအဖြစ်ပျက်တာတွေကိုတဖက်က ဆရာကြီးလက်ချက်ကြောင့်မှတ်ပြီး အခုဘောစ့်ကိုပြန်တိုက်ခိုက်တယ်လို့ ယူဆရပါတယ်”

BE MINE (COMPLETED OC) [U+Z]Where stories live. Discover now