Part-39

5.3K 477 8
                                    

Unicode

**ဤဝတ္ထုသည်မိမိစိကူးဖြင့်သာ
ပုံဖော်ရေးသားထားသည့်အတွက်ပါဝင်သည့်
ဇာတ်ကောင်များနှင့်အတူပုံဖော်ထားသည့်
ဇာတ်ကွက်များသည်လက်ရှိမှာဖြစ်ပေါ်နေသည့်
အကြောင်းအရာများတစ်စွန်းတစမှမသက်ဆိုင်ပါ**

လေလံပွဲအားသိပ်စိတ်မပါသောစစ်သွေး
မိုးခအားကြည့်နေမိသည်။
တဖက်ကစျေးခေါ်လိုက်ချိန်
ပြူးကျယ်သွားသောမျက်လုံးမှေးမှေးလေး၂ခုဟာ
အသည်းယားစရာ...
အချိန်တစ်ခုမျှမိုးခအားကြည့်နေသည့်စစ်သွေး
ပုခုံးပေါ်ကျလာသောလက်တစ်စုံကြောင့်
အကြည့်များပြတ်တောက်စေတော့သည်။
လှည့်ကြည့်မိသည့်အခိုက်အတန့်
တွေ့လိုက်ရပါသောမိမိ၏အကြီးစားဖောက်သည်ကြီး...
တခြားတော့မဟုတ်လက်နှက်ဦးစီးဌာနမှ
ဝန်ကြီးဦးလင်းနိုင်ပင်။

"ဟာ...မင်္ဂလာပါအန်ကယ်။
အန်ကယ်လည်းဒီရောက်နေတာလား?"

"အေးကွ...ငါမင်းတို့လာမယ်ဆိုတဲ့သတင်းရတာနဲ့
လာလိုက်တာ"

"ဘာကိစ္စရှိလို့လဲအန်ကယ်...
ကျွန်တော့ကိုတကူးတကကြီးလာတွေ့တဲ့အထိဆိုတော့။
သေနတ်တွေက..."

"သေနတ်မဟုတ်ဘူးငါ့တူ...
အခုတလောကိစ္စတချို့ရှိလို့။
နိုင်ငံထဲကနေလူကုန်ကူးပြီး
တဖက်Bangkok, Vietnam,
Indoနဲ့Japanဘက်မှာတချို့မိန်းကလေးနဲ့
ကလေးငယ်တွေရောင်းစားခံနေရတဲ့ကိစ္စ
ပြီးတော့မင်းည်းသိမှာပါ
ကြားထဲလက်နှက်တွေခဏခဏ
ဖြတ်ထုတ်ခံနေရတာကို...
စုံစမ်းထားကြည့်သလောက်ဂိုဏ်းတချို့ပါနေတယ်။
ရှင်းပစ်ဖို့ကြပြန်တော့လည်း
သမ္မတဆိုတဲ့ကောင်ကရထူးနဲ့အလွဲသုံးစားလုပ်ပြီး
ကာထားတယ်ငါ့တူ...
အဲ့တာအန်ကယ်မင်းတို့ကိုအကူညီတောင်းချင်လို့"

"informationတွေရနိုင်မလားအန်ကယ်?"

အပြုံးတစ်ခုနဲ့အတူ
လက်ထဲထည့်ပေးလာသောစာအိတ်အညိုလေး...
စစ်သွေးထို့ကြောင့်ပင်လည်း
ဤဝန်ကြီးနှင့်အလုပ်လုပ်ရသည်ကိုကျေနပ်ပါသည်။
တခြားသူတွေလိုလေကြီးမိုးကြီးမဟုတ်ဘဲ
အကူညီတောင်းလာသည်မှန်သမျှ
လိုအပ်သည့်အချက်အလက်များကိုပါ
အမြဲတခါတည်းယူလာပေးတတ်သည်။
ဖွင့်ဖောက်ကာအထဲမှစာရွက်စာတန်းများအား
ထုတ်ကြည့်မိတော့ဂိုဏ်းအမည်၆ခုနှင့်
သက်ဆိုင်ရာအချက်အလက်များဟာတန်းစီနေလျက်။
အရင်ကဝန်ကြီးဦးလင်းနိုင်လာအပ်သည့်ကိစ္စမှန်သမျှ
စစ်သွေးတွေဝေချင်းများမရှိခဲ့သော်လည်း
ဒီတစ်ခေါက်စစ်သွေးစဥ်းစားနေရတော့သည်။

BE MINE (COMPLETED OC) [U+Z]Where stories live. Discover now