Part-20

8.4K 761 17
                                    

Unicode

ညနေနေ၀င်ချိန်မှ ညဘက်ကူးလာသည်နှင့်အမျှ များစွာသောဂိုဏ်းသားတို့သည် ပျော်ပါးကာမူးရူးနေလျက်။
စစ်သွေး၊ ဇေယျနှင့်ရန်နိုင်တို့ ထိုင်နေသော၀ိုင်း၏ တစ်ဖက်တွင် မိုးခနှင့်သူရိန်တို့ အဖွဲ့ရှိနေ၏။
၀ိုင်၊ အရက်တို့သည် ပူပြင်းနေချိန်သောက်လျှင် သွေးဆူစေကာ ချမ်းအေးနေသောအချိန် သောက်သုံးပါက ယစ်မူးစေသည့်အရာပင်။

စစ်သွေးနှင့်ဇေယျမှာတော့ drunk level မြင့်သူများဖြစ်သည့်တိုင် whiskey၂ပုလင်းကုန်သော်လည်း သတိကပ်နေသေးလျက်။ သို့သော်တဖက်၀ိုင်းမှ မိုးခအနည်းငယ်ယိုင်နေသည်မှ လွဲ၍ကျန်များသည်မူးရူးနေကြသည်။
ထိုစဉ်တစ်ဖက်၀ိုင်းမှ စကားသံတို့ထွက်သာသဖြင့် စစ်သွေးနားစွင့်နေလျက်။

"မိုးခမင်းရည်စားတို့၊ ချစ်သူတို့ဘာတို့ရှိလားကွ"

"အဟက်...ရုပ်ကိုကြည့်စမ်း...ဒါမရှိတဲ့ရုပ်လားကွ"

စစ်သွေးအနည်းငယ်တော့ စိတ်မကောင်းဖြစ်သွားသည်။မိမိတကယ်ပင်ချစ်ပါသည်လို့ မကြာခင်ကမှ မိုးခအပေါ် မိမိခံစားချက်များကို လက်ခံထားမိသူ သို့သော်မိုးခတွက် ချစ်ရသူတစ်ယောက်ရှိနေသည် ဟူသောအသိကအဆင်မပြေ။
ဇေယျသည်လည်း တဖက်၀ိုင်းစကား လိုက်နားထောင်နေသည်ထင် စကားစုတို့ကြားလာသော အခါအကိုဖြစ်သူကိုလှည့်ကြည့်လာ၏။စစ်သွေးမျက်နှာမကောင်းမှန်းသိတော့ ပုခုံးပုတ်ကာအားပေးလျက်။

"ကိုကြီး..."

တဖက်၀ိုင်းမှ...

"ဒါဆိုမင်းမှာချစ်သူရှိတယ်ပေါ့။"

"ချစ်သူ...ချစ်သူဆိုတဲ့စကားလုံးထက် ချစ်ရသူဆိုပိုမှန်မယ်။အ၀ေးတစ်နေရာက ကြည့်ရုံနေရုံနဲ့ ငါ့အတွက်ပြည့်စုံသူပေါ့ကွာ"

"မိုးခရယ်မင်းကတော့ မူးပြီး အကြီးကြီးတွေကို ပြောနေတော့တာပဲ"

"ဒါကတော့ချစ်မိတဲ့သူပဲ သိတာလေကွာ။မင်းတို့လို့ခံစားချက်မရှိတဲ့ကောင်တွေကတော့ ဘယ်သိမလဲ"

မိုးခတစ်ယောက်မူးနေသည့် အရှိန်လေးကြောင့် မထင်မှတ်ထားသည့်စကားတွေပါ ဖောက်ချနေတော့သည်။
ရုတ်တရက်တဖက်၀ိုင်းထဲကို၀င်လာသည့် second batchမှ အောင်ခန့်၊ မိုးခအားခွက်တစ်ခွက်လှမ်းကာ သောက်ဖို့အချက်ပြတော့ မိုးခလည်း ဂိုဏ်းသားအချင်းချင်း မငြင်းချင်တာနဲ့ မော့သောက်ချလိုက်သည်။

BE MINE (COMPLETED OC) [U+Z]Where stories live. Discover now