Unicode
ဟူး...ကိုယ်တကယ်အားလုံးလွှတ်ချလိုက်ပြီးဒီစာကိုရင်းရင်းနှီးနှီးသဘောအနေဖြင့်ရေးလိုက်ပါတယ်နော်။စာလေးနည်းနည်းရှည်မှာမို့လို့ကျော်သွားလဲရပါတယ်နော်...
ကိုယ်ဒီficလေးကိုစရေးဖို့အမှန်ဆို၁လလောက်အချိန်ယူခဲ့တယ်။Facebookပေါ်မှာficတွေအပြိုင်
စျေးဗန်းတွေခင်းတာမြင်တော့ficတစ်ခုရေးကြည့်မယ်
ဆိုပြီးစိတ်ဝင်လာတယ်...
ဘာရေးစမလဲဆိုပြီးစဉ်းစားမိတော့ကိုယ်သဘောကျတဲ့
ဂိုဏ်းtypeတစ်ခုခေါင်းထဲပြေးဝင်လာရော...
အဲ့လိုနဲ့အဲ့နေညချင်းplotတွေချရေး
တစ်ချိန်ကသေနတ်အကြောင်းဖတ်မိထားတော့ထပ်ပြီးသိချင်တာတွေထပ်လိုက်ဖတ်ဖြစ်တယ်
မူးရစ်ဆေးဝါးအကြောင်းတွေကအစ
ဥပေဒေအကြောင်းတွေအဆုံးထိလိုက်ဖတ်ဖြစ်လာတယ်...အဲ့တာနဲ့ပဲရှုပ်ပွနေတဲ့ကိုယ့်noteလေးတစ်ခုဖြစ်လာခဲ့တယ်။နောက်ဆုံး၁လအကြာမှာစပြီးBE MINE ဆိုတဲ့
ဒီficလေးကိုအကောင်ထည်ဖော်ဖြစ်တော့တယ်...
စစချင်း၃ပိုင်းစတင်ဖြစ်ပြီးနောက်ပိုင်း၂ရက်ခြားတစ်ခါတင်ခဲ့တာပေါ့။
ကြားထဲရေးနေရင်းလည်းကိုယ့်အရေးအသားတွေလုံးဝ
မကြိုက်လို့အားမရလို့အကုန်ပြန်ဖျက်ချဖို့အထိတွေးခဲ့ဖူးတယ်...ဒါပေမဲ့အနောက်ကနေကိုယ်ကိုလမ်းမှန်ပြန်ရောက်အောင်ဆုံးမဆူပူပေးပြီးဖေးမပေးခဲ့တဲ့အမတွေနဲ့
သူငယ်ချင်းတစ်ချို့ကြောင့်ဆက်ရေးနိုင်ခဲ့တယ်။
ကြားထဲမှာလည်းအပိုင်းနည်းသေးတုန်းက၈ပိုင်းလား
အဲ့လောက်ပဲရှိဦးမယ်ကိုယ့်အတွက်အမှတ်ရဆုံးတစ်ခုဖြစ်ခဲ့သေး။
ကိုယ့်ficကိုမေးခဲ့ဖူးတဲ့readerတစ်ယောက်ရှိခဲ့တယ်...
အဲ့တုန်းကဆိုမြင်မြင်ချင်းလုံးဝမယုံနိုင်ခဲ့ဘူး။ကိုယ့်လို့မနူးမနပ်စာရေးသူတစ်ယောက်ရဲ့ficကိုဖတ်ပေးတယ်ဆိုတဲ့အသိကအတိုင်းမသိဝမ်းသာမိပြီးလက်တွေပါတုန်တက်လာခဲ့တဲ့အထိပဲ...
အဲ့ကစပြီးကိုယ်view vote commentsဆိုတာတွေထက်ရှိနေတဲ့ဖတ်နေတဲ့readersလေးတွေအတွက်အကောင်းဆုံးကြိုးစားခဲ့တော့တာပဲ။နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့စာဖတ်သူတွေလည်းရလသလိုcommentလေးတွေလည်းရလာခဲ့တယ်။အပိုင်း၂၁တင်ပြီးညမှာပဲကိုယ့်အတွက်1Kဆိုတဲ့viewရခဲ့တယ်...ကြားရတာ1Kကဘာမှဟုတ်ပေမဲ့ကိုယ့်အတွက်ကတကယ့်ဆုလာဘ်တစ်ခုပဲ...
အဲ့နေ့တုန်းကအရူးတစ်ယောက်လိုအရမ်းပျော်ခဲ့တာ...ကိုယ့်သူငယ်ချင်းတွေပတ်ကြွားခဲ့သေး။
YOU ARE READING
BE MINE (COMPLETED OC) [U+Z]
RomanceUnicode "ကျေးဇူးတင်ပါတယ်ကလေး... ကိုယ့်ကိုကလေးဘဝထဲလက်ခံပေးခဲ့လို့" "ကျေးဇူးတင်ပါတယ်စျာန်... ကျွန်တော့ကိုစျာန့်ဘဝထဲခေါ်ဆောင်ပေးခဲ့လို့..." AN : တချို့သောrude contentများပါဝင်နေသာကြောင့် အဆင်မပြေဖြစ်ခဲ့ပါကနားလည်ခွင့်လွှတ်ပေးဖို့တောင်းဆိုပါသည်။ #Male P...