Part-31

6.4K 599 7
                                    

Unicode

~ဒေါက်~

~ဒေါက်~

"ကိုကြီးကျွန်တော်..."

တံခါးခေါက်သံနောက်ပါလာသော
Erebusအသံကြားမိတော့
မိုးခအမြန်ထကာတံခါးဖွင့်ပေးရ၏။

"မိုးခတစ်ယောက်ထဲလားကိုကြီးရော?"

"ခုနလေးတင်ရေချိူးခန်းဝင်သွားတာ။Erebusတို့မြန်လိုက်တာ..."

"ကိုယ်ပဲချိုးလိုက်တာ...
မင်းသူငယ်ချင်းကကိုယ်နည်းနည်းပူနေလို့
ရေပတ်ပဲတိုက်ပေးပြီးခဏထားခဲ့တယ်"

"ဟုတ်တယ်ခုနကတည်းကနွေးနေတာ...
မသက်သာဘူးထင်တယ်"

"ဘယ်သူဖျားလို့လဲ?"

မိုးခနှင့်ဇေယျစကားများကြား
ရေချိူးခန်းမှထွက်လာသောစစ်သွေးမေးမိသည်။

"သူရိန်...အဖျားလေးနည်းနည်းရှိနေလို့
အရမ်းကြီးတော့မဟုတ်ပါဘူး"

"သက်သာရဲ့လား?
ခဏပဲ...ပြီးရင်ထမင်းစားဖို့လာခေါ်မယ်ပြောတယ်။
ထမင်းစားပြီးဆေးတိုက်လိုက်။
တခါတည်းထွက်မယ်ကားပေါ်မှာအိပ်စေပေါ့"

အဖြေမရှိသောလည်းဇေယျခေါင်းငြိမ့်ပြလာသည်။
တဖက်မှာမိုးခကတော့
ခုချိန်ထိစစ်သွေးအားလှည့်မကြည့်မိသေး။
ရေဆိုနေသောဆံပင်များနှင့်အတူ
သန်မာလွန်းလှသော ခန္ဓာကိုယ်သည်
ခါးပတ်လည်၌သဘတ်တစ်ခုသာအကာကွယ်ရှိ၏။
မိမိကိုယ်တိုင်လည်းabsများရှိကာ
ယောကျာ်းလေးတစ်ယောက်ဖြစ်သော်လည်း
စစ်သွေးနှင့်ယှဉ်ပါကမိမိနောက်ကျကျန်ခဲ့သည်။
ဇေယျရှိနေသောကြောင့်လည်း
မိုးခဘာကြောင့်မှန်းမသိ မျက်နှာပူကာခပ်ရဲရဲဖြစ်နေ၏။
ထိုသည်ကိုဇေယျသတိထားမိသွားကာ မိုးခကိုစနောက်ချင်မိသဖြင့် အကိုဖြစ်သူအားစကားစလိုက်၏။

"ကိုကြီးအင်္ကျီဝတ်တော့...
ကျွန်တော့ရဲ့မတော်ရသေးတဲ့ခဲအိုလေးရှက်နေပြီ"

"မင်းအထိုးခံရမယ်နော်သတိထားဇေယျရေ"

ဇေယျအသုံးအနှုန်းကြောင့်
မိုးခခေါင်းလေးမတ်ခနဲ...ခုနကရဲရုံသာရဲနသော
မျက်နှာလေးသည် နီရဲတက်လာ၏။စစ်သွေးကတော့မိုးခကိုကြည့်ပြီး
အသည်းယားနေသလို ဇေယျအပြောကြောင့်
ရီမိနေတော့သည်။

BE MINE (COMPLETED OC) [U+Z]Donde viven las historias. Descúbrelo ahora