Part-36

5.7K 489 2
                                    

Unicode

"We've already booked the suite"

"May I know the name?"

"Begonia"

"Oh...here it is,
The suite's on the 2nd floor.
Thank you and have a great holiday!"

"Thanks...ဇေယျသွားမယ်။အခန်းကဒုတိယထပ်မှာ"

Colwick Hall Hotelကြီးသည်
ရှေးဟောင်းmansion designများအတိုင်း
ဆောက်လုပ်ထားကာ ပန်းပုလက်ရာများသည်လည်း
အသေးစိတ်ကျအနုပညာဆန်လွန်းလှ၏။နှစ်ထပ်ဆိုသော်လည်း အဆောက်ဦးကြီးသည်
ဟီးနေကာအခန်းများသည်လည်း
အတော်ပင်ကျယ်ဝန်းလှသည်။
Vintageဆန်ဆန်ပြင်ဆင်ထားသည့်
အခန်းများသည်လှပနေသော်လည်း
စစ်သွေးတို့ညီအကိုမှာတော့ဂရုမစိုက်နိုင်ချေ...

"ကိုကြီးမနက်ဖြန်ကြရင်ဟိုဘက်က
ရောက်ရောက်ချင်းracingကိုအရင်သွားကြမှာပဲ။
seatingတွေရဲ့နောက်ဘက်အခြမ်းမှာ
Betting cornerအပေါ်ထပ်မှာတော့
VIPသီးသန့်ခန်းတွေရှိတယ်...
စစ်နိုင်ပြောပုံအရတော့အပေါ်ခန်းတွေယူမယ်နဲ့တယ်။
ဒါမှမဟုတ်ခနနေသွားကြည့်မလား?"

"သွားကြည့်လိုက်မယ်...
အဲ့တာမှလည်းsniperနေရာချဖို့ကြည့်ရမှာ"
.
.
.
.
.
.
.
.
"Hello we got your call this
afternoon, you must be the one
who want to talk about the
tracks?"

"Yes...We're interested in having a track line so could we
have some look around here?"

"Oh yes... this way pls"

"ကိုကြီးသေချာကြည့်ထားနော်
ပြီးမှာကိုယ့်ဟာကိုယ်နေရာလွဲပြီး
ကျွန်တော့လာမအော်နဲ့"

"အေးပါ...လိုက်သွားတော့ ငါပတ်ကြည့်လိုက်ဦးမယ်။
ပြန်မယ်ဆိုဖုန်းဆက်လိုက်မယ်"

"ဟုတ်ကိုကြီး"

Trackစီစစ်သူဟုထက်ရသောကောင်လေးနှင့်
အတူဇေယျထွက်သွားသည်
ထိုနှင့်အတူနောက်အဆောက်ဦးထဲသို့
စစ်သွေးဝင်သွား၏။
ဝင်လာသည်နှင့်မြင်နေရသောbetting table
အနောက်တွင်ငွေနှင့်အရက်ပုလင်းများထည့်ရန်
အကန့်များစွာရှိနေသည့်ဗီဒိုကြီးသည်
နေရာယူထားလျှက်...
betting cornerဘက်မှ
ညာဘက်သို့ဆက်လျှောက်လာမိတော့
Grey Houndများနေရာချထားသော
တန်းလျားကြီးရှိနေသည်။အဆောက်ဦးအဝင်အထွက်များကို
စစ်ဆေးပြီးသည့်နောက် Seatingဘက်ထွက်လာကာ
စစ်သွေးထိုင်ခုံတစ်ခု၌နေရာယူလိုက်၏။
အကြည့်များသည်တဖက်မျက်နှာချင်းဆိုင်မှ
မျှော်စင်ပေါ်သို့ရောက်နေသော်လည်း
စိတ်မှာတော့မကြာခင်ကမှစုံစမ်းထားသည့်
ကိစ္စထံသာရောက်နေ၏။

BE MINE (COMPLETED OC) [U+Z]Where stories live. Discover now