Part-17

8.2K 742 0
                                    

Unicode

~ဒေါက်~

~ဒေါက်~

"လာပြီဗျ...ဘောစ့် ဒါဘယ်လိုဖြစ်..."

"နည်းနည်းလေးဖယ်ပေးမလား?"

ရေချိုးပြီးထွက်လာသည့် သူရိန်တစ်ယောက်
ကုတင်ခြေရင်းထိုင် ခေါင်းသုတ်နေရင်း တခါးခေါက်သံကြားလို့ သွားဖွင့်ကာမှ ရင်ခွင်ထဲအိပ်ပျော်နေသော မိုးခအား ချီလာသော စစ်သွေးကိုတွေ့လိုက်ရခြင်းပင်။ အနည်းငယ်ဖယ်ပေးလိုက်တော့ အခန်းထဲ၀င်လာကာမိုးခအား ကုတင်ပေါ်ဖြေးဖြေးခြင်းချ၊ စောင်ကိုပါရင်ဘက်ထိခြုံပေးနေသော ဘောစ့်ဖြစ်သူကို သူရိန်အံသြရုံမှလွဲ မတတ်နိုင်တော့...

"ဒါဘယ်လိုဖြစ်နေတာလဲ!!?"

"ဗျ...ဗျာ"

"အင်္ကျီ၀တ်လေ!"

"ဟုတ်...ဟုတ်ကဲ့ဘောစ့်"

နေရင်းထိုင်ရင်းစစ်သွေးဆီမှ အဟောက်ခံလိုက်ရသောသူရိန် အင်္ကျီပြေး၀တ်လိုက်ရသည်။ စစ်သွေးကတော့ ထွက်သွားခဲ့ပြီဖြစ်ကာ ထိုမှသာသူရိန် အေးချမ်းစွာနေရတော့သည်။
သို့သော် တချို့ တချို့သော အတွေးများက ရောက်ရာအရပ်က ခေါင်းထဲ၀င်လာသည်။ မိုးခတလှည့် ထွက်သွားသော ဘောစ့်အားတလှည့် ကြည့်မိကာ သူရိန်သူမှန်းထားသောအရာများ ဖြစ်လာတော့မယ်မှန်း သိမြင်နေပြီဖြစ်သည်။
.
.
.
.
.
.
.
.
.
"မိုးခ...၉ခွဲတော့မယ်"

"..."

"မိုးခ...ဟိတ်ကောင်ရေ ထတော့၉ခွဲတော့မယ်။မင်းမနက်စာမစားရဘဲ လွတ်သွားမယ်နော်။"

"..."

"ဟိတ်ကောင်ရေ ကုလားသေကုလားမောအိပ်မနေနဲ့တော့"

"အာ့...နာတယ်ဟ"

သူရိန်နှိုးမရသောမိုးခအား စိတ်မရှည်တော့သဖြင့် မှောက်အိပ်နေသောကြောင့် ခြေသလုံးနှစ်ဖက်ကို အားဖြင့်ရိုက်ချလိုက်တော့သည်။
ထိုတော့မှသာအသိတရားရကာ နိုးလာသောမိုးခ။

"သူရိန်ကွာ နာလိုက်တာ"

"မင်းကနှိုးမှမရတာ သွားမြန်မြန်သွားပြီး မျက်နှာသစ်၊ သွားတိုက်လိုက်။ ၉ခွဲတော့မယ် ထမင်းတောင်ကျန်ပါ့မလားမသိဘူး"

BE MINE (COMPLETED OC) [U+Z]Where stories live. Discover now