Part-23

8.3K 746 9
                                    

Unicode

"မနက်ဖြန်သွားမဲ့ကိစ္စ ဘယ်လိုလဲ?"

"ကျွန်တော်ဖုန်းဆက်ပြီး အကျိုးကြောင်းပြောပြတော့ အဆင်ပြေခဲ့ပါတယ်ဘောစ့်။ သူတို့ဘက်ကလည်း နေဖို့ထိုင်ဖို့ စဉ်စီပေးမယ်လို့ပြောတယ်ဘောစ့်"

"ဘာလည်း...သူတို့၀င်းထဲမှာပဲလား?"

"အဲ့တာက..."

"ထားပါလေ ဘယ်နေနေ အဓိက က လွဲနေတာကိုရှင်းဖို့ပဲ...
ဒါပေမဲ့crewတွေကို thai က baseထဲမှာပဲထားမယ် ပြီးတော့မနက်ဖြန် စစ်နိုင်နဲ့ဇေယျနေခဲ့။ ငါဆေးကိစ္စသိချင်တယ်...first batchကတော့ ပါမယ်မလား?"

"ကိုကြီးဘာတွေပြောနေတာလဲ...ကျွန်တော်လိုက်မယ်!!
ဟိုတစ်ခေါက်က စိန်၀ယ်တာတောင် အလစ်ခံလိုက်ရတာ...ကိုကြီးတစ်ယောက်ထံမဖြစ်ဘူး။ ဒီမှာကိုကြီးရန်ပိုင်နေခဲ့လိမ့်မယ်။"

"ပြီးရောလေ ငါကဘယ်သူ လိုက်ခဲ့ လိုက်ခဲ့ အဆင်ပြေတယ်...
ဒီဘက်မှာ၁ယောက်ကျန်နေစေချင်ရုံပဲ။ သက်သေနဲ့ အချက်အလက်တွေရောစုပြီးပြီလား?လိုတာတွေအကုန်စုထားလိုက်။ ဘာမှအရေးတကြီးမရှိတော့ဘူးဆို သိမ်းပြီသွားတော့"

"ဟုတ်ကဲ့ဘောစ့်"

Headများသည် ကိုယ့်ပစ္စည်းကိုယ်သိမ်းကာ meetingထွက်သွားကြ၏။ ကျန်နေတဲ့သူများမှာတော့ စစ်သွေးနဲ့ဇေယျ နှစ်ယောက်ထဲသာ။ စစ်သွေး ထိုင်နေရင်းမှမနေ့က မိမိစဥ်းစားထားသည့်ကိစ္စ၏ အဓိကအကြောင်းရင်း...မိုးခထားခဲ့ရန်
ပြောဖို့စကားစလိုက်တော့သည်။

"ဇေယျ"

"ဗျာ..."

"မနက်ဖြန်first batchလိုက်မှာ မိုးခထားခဲ့ကွာ...အဲ့ကလေးနေကောင်းသေးတာလဲမဟုတ်ဘူး
တနေ့ကလေးတင် ဆေးမိထားတာကို"

"အဆင်ပြေပါ့မလားကိုကြီး။ first batch တစ်ခုလုံးပါပြီးမှ မလိုက်ရင် ဂိုဏ်းသားအချင်းချင်း ငြိနေကြဦးမယ်။ ပြီးတော့ မိုးခက လက်ခံပါ့မလား"

"လက်မခံလည်းနေခဲ့ပါစေကွာ...
ငါသူ့ကို အန္တရာယ်ကြားထဲမခေါ်ချင်ဘူး။
ဖြစ်နိုင်ရင် မင်းကိုပါနေခဲ့စေချင်တာ မင်းကပြောမရလို့သာ။ဟိုဘက်မှာက ညှိနှိုင်းဖို့သာသွားတာ ဘာဖြစ်မလဲပြောရတာမဟုတ်ဘူး"

BE MINE (COMPLETED OC) [U+Z]Donde viven las historias. Descúbrelo ahora