Part-26

7.6K 701 11
                                    

Unicode

ဇေယျအမေ့ဆီသွားသည့်လမ်းတွင်
မိုးခသူရိန်နှင့်အတူနောက်မှာထိုင်လိုက်ပါလာတော့သည်။စစ်သွေးကတော့နောက်မှန်မှတဆင့် မိုးခအားခဏခဏလှည့်ကြည့်နေ၏။

"သူရိန်ငါပဲစိတ်ထဲထင်နေတာလား...
ဒီလမ်းကမင်းဂေဟာသွားတဲ့လမ်းလား"

"အေးငါလည်းစိတ်ထင့်နေတာ...ဒါဂေဟာသွားတဲ့
လမ်းမှန်တယ်။ဒီအနီးနားကအိမ်နေမှာပေါ့"

"..."

မိနစ်အနည်းငယ်ကြာမှာတော့
အရှိန်ပါသည့်ကားလေးတုန့်ခနဲထိုးရပ်သွားခဲ့သည်။

"ရောက်ပြီ"

"ဘောစ့်တို့လာတာဒီကိုလား!?"

"ဟုတ်တယ်လေ ဘာလို့လဲ...?
ဇေယျအမေကဒီဂေဟာအုပ်ချုပ်ရေးမှူးလေ"

စစ်သွေးအဖြေအဆုံး သူရိန်ရောမိုးခပါ လှုပ်ရှားမှုများရပ်တန့်သွား၏။မဟုတ်လောက်ပါဘူးဟုတင်ထားသမျှလွဲနေ...
သူရိန်သည်ဒီကိစ္စကိုမသိသလို မိုးခလည်းမသိပါ...
စစ်သွေး၂ယောက်သားကိုနာမည်ခေါ်ကာ ကားပေါ်မှဆင်းဖို့ပြောတော့မှ
တလှုပ်လှုပ်နှင့်ဆင်းလာကြတော့သည်။
ဇေယျမှာတော့ဘယ်ကတည်းကထွက်သွားမှန်းမသိ
ဂိတ်တံခါးရှေ့ပင်ရောက်နေပြီဖြစ်၏။

"ကလေးတို့!!"

"ဟာကိုကြီးဇေယျပါလား။ဘာကိစ္စရှိလို့တုန်း"

အသက်၁၆နှစ်အရွယ်ကောင်လေးသည်
တံမြက်စည်းလှည်းနေရင်း ဇေယျအခေါ်ကြားတော့
ဂိတ်နားပြေးလာကာတံခါးဖွင့်ပေးနေ၏။

"အမေ့လာတွေ့တာလင်းသစ်။
မပြန်သေးဘူးမလား...၆နာရီပဲရှိသေးတာ"

"မပြန်သေးဘူးကိုကြီ...ကိုကြီးစစ်သွေးလည်းပါတာပဲမတွေ့ဘူးရယ်"

"ဒီကောင်လေးငါ့မမြင်ဘူးဆိုတာ
ထက်အဖက်မလုပ်တော့တာ။"

"မဟုတ်ပါဘူးကိုကြီးရာ...ကျွန်တော်တကယ်သတိမထားမိတာပါ။ဧည့်သည်တွေတောင်ပါတာပဲ...ဟင်...
ကိုကြီးသူရိန်ပါလား!အတူလာကြတာလားဗျ?"

လင်းသစ်အမေးနောက် စစ်သွေးနှင့်ဇေယျအကြည့်များ
သူရိန်ပေါ်ကျလာသည်။သူရိန်ကတော့မချိပြုံးသာပြုံးပြနိုင်တော့သည်။

BE MINE (COMPLETED OC) [U+Z]Donde viven las historias. Descúbrelo ahora