Part-9

10.4K 915 2
                                    

Unicode

လွန်ခဲ့တဲ့၄လမှစ handgunစကိုင်သူများသည် ယနေ့ shooting trainingထဲတွင် Tar-21(Tavor)များနှင့် လေ့ကျင့်နေသည်မှာ ၁လပင်ရှိပြီးဖြစ်သည်။ အားလုံးသည်လည်း ထူးထူးခြားခြား လက်ရည်များ တိုးတက်လာကြသည်။
shooting headငြိမ်းချမ်းသည်လည်း
ထိုသို့ တက်မြောက်အောင် တစ်နေ့ မနက်နဲည ၂ကြိမ်သင်ကြားပေးနေ၏။ ထိုထဲတွင်အထူးခြားဆုံးမှာမိုးခပင်။

စစချင်းတုန်းက သေနတ်ပစ်ခြင်းနှင့် ပတ်သတ်လာရင် အမှတ်အနည်းဆုံးထဲပါသည်။ ကြားထဲတွင်survival trainingတွေလည်း ပြီးနေသည့်အတွက် shooting head၏ အမှတ်များများရသူများ ကွင်းဆင်းနိုင်မည် ဆိုသောကြောင့် သူများထက်မိုးခ အချိန်ပေးလေ့ကျင့်လာသည်။ထို့ကြောင့်ပင်လည်း ယခုမိုးခသည် တခြားသူများထက် လည့်တည့်ကာ target shootingတိုင်းတွင် ၃၀roundsမှာ အနည်းဆုံး၂၈ ၂၉ ထိရ၏။

အခုလည်း စိန်၀ယ်ဖို့မသွားခင် စစ်သွေးshooting groundတွင် crewများကို ဇေယျနဲ့အတူ မိုးခ၏shooting levelကိုပါစစ်ဆေးနေသည်။စစ်သွေးခေါင်းထဲတွင်တော့ first batch ကွင်းဆင်းရသည့် အနေအထားတွင် ရှိနေကြောင်းစဉ်းစားနေ၏။
ပြီးမှ groundအပြင်ထွက်လာကြတော့ ဇေယျက...

"ဟိုတနေ့ကတောင် ကျွန်တော်crewတွေနဲ့ ပြိုင်ပစ်ကြသေးတယ်ဗျ"

"ဘာလဲ မင်းအမှတ်အများဆုံး ရတယ်ဆိုတာ ကြွားဦးမလို့လား။မင်းမှာလဲလေ အဲ့စိတ်လေးနည်းနည်းဖျောက် အသက်ကဖြင့် ၂၆ထဲရောက်ပြီး ၃၀နားနီးနေပြီ ကလေးလိုလို ခွေးလိုလိုနဲ့"

"မဟုတ်ဘူးကိုကြီးရာ...ဒီတစ်ခါကျွန်တောရှုံးလာတာ"

"မင်းကရှုံးလာတယ်...နားပါလို့သာကြားရတယ် ပြောစမ်းပါဦး မင်းဘယ်သူနှပ်ချသွားတာလဲ?"

"0614 မိုးခ"

"ဘယ်လို!!??"

ထပ်ထွက်လာပါပြန်ပြီ စစ်သွေးပါးစပ်မှ မိုးခနဲ့ပတ်သတ်ပြီး "ဘယ်လို"ဆိုသည်မှာ  ၂ကြိမ်မြောက်ဖြစ်ပြီး သူ့အားအံ့သြအောင်လုပ်ခြင်းမှာ ၃ကြိမ်မြောက်ဖြစ်သည်။အတွေးတွေကြား ဘေးကကျီးထိုးသံ ငိုကြီးချက်မဖြင့် ဇေယျကတော့ နားပူအောင်လုပ်နေလျက်။

"ကိုကြီးဗျာ...လုံး၀မယုံနိုင်စရာကြီး။ ဒီဘက်လောကမှာ ကျွန်တော့ထက် လက်တည့်လွန်းတာလည်း တစ်ယောက်မှမတွ့ဖူးခဲ့ဘူးဗျာ။ ကျွန်တော့ထက်ထဲမှာ ကိုကြီးမပါဘူး။ ထားပါ...လာပြီးစိန်ခေါ်ခဲ့တဲ့ ကောင်တွေကိုလည်း အပြတ်အသတ် အနိုင်ပိုင်းခဲ့တဲ့ ကျွန်တော့က 0.3လေးနဲ့ ကပ်ရှုံးသွားတာဗျာ။ စဉ်းစားကြည့် ဘယ်လောက်ခံပြင်းဖို့ကောင်းလဲဆိုတာကို"

BE MINE (COMPLETED OC) [U+Z]Where stories live. Discover now