Unicode
ဆေးရုံဆိုသော်လည်း
vvipများအတွက်သီးသန့်ခန်းများဖြစ်သော
suiteတွင်းရှိကုတင်ကြီးအထက်စစ်သွေးနှင့်အတူ
မိုးခ ရန်နိုင်နှင့်ဇေယျပါရှိနေ၏။"အကိုရန်နိုင်စျာန့်အခြေအနေဘယ်လိုလဲ...
သက်သာလာရဲ့လား?""ကားကလိမ့်သွားတာဆိုတော့
ထင်ထားတာထက်နည်းနည်းပိုပြင်းနေတယ်။
ဒါပေမဲ့အဆင်ပြေပါတယ်
air-bagလည်းပွင့်တာဆိုတော့။
မင်းရောသက်သာလား...လက်မောင်းပေါ်ကအနာက...""သေးသေးလေးရှပ်ထိသွားတာလောက်ပါပဲအကို
သက်သာပါတယ်""မိုးခမင်းပျောက်ပြီဆိုပီးပြောတာ...
အခုဘယ်လိုဖြစ်တာလဲ?""ကျွန်တော်တို့ကား၂စီးကအရင်ဆုံးထွက်လာတာ...
အဲ့တာကိုHeadငြိမ်းချမ်းကမသိပဲ
ပြောလိုက်တာနဲ့တူတယ်။""မသိပါဘူး...ကိုကြီးကဖုန်းလဲပြောပြီးရော။
မူးမေ့လဲသွားတော့တာပဲ...
ဟိုကောင်ငြိမ်းချမ်းကတော့သေချာတယ်
ကိုကြီးနိုးလာရင်အဆဲခံရတော့မှာပဲ""တဖက်တိုက်တဲ့ကားကရောErebus?
ရှာတွေ့ပြီလား?""Hadesတို့ဘက်ကယုတ်မာတာ...
ဘယ်ကတည်းကကြံနေမှန်းမသိဘူး""Hadesဆိုတာအခုသမ္မတနောက်ကွယ်က
အဖွဲ့ထဲကတစ်ဖွဲ့မလားErebus...
စျာန်ပြောတဲ့IVY hackသွားတဲ့အဖွဲ့မလား?""ဟုတ်တယ်...အဲ့အဖွဲ့ပဲ..."
"မောင်းတဲ့သူရော"
"မိပြီ...basementထဲမှာ"
"ကျေးဇူးတင်ပါတယ်Erebus...Erebusရှိနေလို့
မဟုတ်ရင်စျာန်တစ်ယောက်ထဲ...တစ်ယောက်ထဲ...""တွေးမနေနဲ့တော့မိုးခ...
ကိုကြီးလည်းအန္တရာယ်ကင်းနေပြီပဲ..."ဘာမှမပြောတော့ကာမိုးခတိတ်သွားတော့သည်။
ဇေယျသတိထားမိပါသည်
မိမိအကိုဆေးရုံတင်ရတယ်ဆိုသည့်
သတင်းကြားကတည်းကမိုးခဒီရောက်နေချင်း...
စစချင်းတုန်းကတော့ငိုယိုနေလို့သူရိန်ချော့ရသေး၏
သို့သော်နောက်ဆုံးမနိုင်စိတ်ငြိမ်ဆေးထိုးကာ
အိပ်ခိုင်းရသည်ထိပင်...
ဒီကောင်လေးဟာမိမိအကိုနှင့်ပတ်သက်လျှင်
နည်းနည်းလေးမှအထိမခံ။
အခုလည်းသူကိုယ်တိုင်နိုးလာတာမကြာသေး
ဘေးကခုံဆွဲကာမကုတင်အထက်မေ့မြောနေသည့်
စစ်သွေးလက်အားနှိပ်နယ်ပေးကာ
ရန်နိုင်အားဆေးစစ်ချက်အားထပ်မေးနေပြန်၏။
ဇေယျဒီကောင်လေးနဲ့ဆိုရင်တော့
အကိုဖြစ်သူကိုယုံယုံကြည်ကြည့်အပ်နိုင်သည်ဟု
သတ်မှတ်ထားလိုက်တော့သည်။
.
.
.
.
.
.
.
.
.
"စျာန်...ဒီနေ့ရောဘယ်လိုနေလဲ...သက်သာတယ်မလား?
စျာန်လှဲနေတာ၄ရက်ရှိပြီ...ညောင်းနေမှာပဲ...။
ဒီမနက်နေတော်တော်သာတယ်...
စျာန်နဲ့အတူbaseမှာtrainingဆင်းရရင်ကောင်းမှာ...
စျာန်မြန်မြန်ပြန်နိုးလာပါတော့...ကျွန်တော်လွမ်းလှပြီ"
KAMU SEDANG MEMBACA
BE MINE (COMPLETED OC) [U+Z]
RomansaUnicode "ကျေးဇူးတင်ပါတယ်ကလေး... ကိုယ့်ကိုကလေးဘဝထဲလက်ခံပေးခဲ့လို့" "ကျေးဇူးတင်ပါတယ်စျာန်... ကျွန်တော့ကိုစျာန့်ဘဝထဲခေါ်ဆောင်ပေးခဲ့လို့..." AN : တချို့သောrude contentများပါဝင်နေသာကြောင့် အဆင်မပြေဖြစ်ခဲ့ပါကနားလည်ခွင့်လွှတ်ပေးဖို့တောင်းဆိုပါသည်။ #Male P...