Chapter 6

1.8K 201 0
                                    

နတ်မျက်စိရှင် သမားတော်
Amazing Doctor with Super Vision
Author Gong Zi Wu Lang
ဘာသာပြန် Han Shin

CHAPTER (6) ကျွန်တော် ကုန်းကုန်း မဖြစ်ချင်ဘူး
ယခုအချိန်တွင် စွန်းချမ်းသည် ထပ်၍ မောက်မာပုံ မပေါ်တော့ချေ။ ထိုအစား သူသည် အလွန် ဝမ်းနည်းနေပုံ ပေါ်သည်။
သူ အရင်က လီယုံ ပြောတာကို မယုံကြည်သော်လည်း သိချင်စိတ်ကြောင့် အိမ်ပြန်၍ သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်သောအခါ တုန်လှုပ်သွားရသည်။
လီယုံ ပြောသလိုပင် သူ၏ လိင်အင်္ဂါတစ်ဝိုက်တွင် အနက်ရောင် အစက်အပြောက်များ ရှိနေပြီး ထိုအစက်အပြောက်များကို ထိမိလျင် နည်းနည်း နာသလို ခံစားရသည်။ သို့သော် ထိုအတွက်နှင့် သူ ဒီကို မလာချေ။ သူ ဆေးရုံကို သွားခဲ့သေးသည်။
ဆေးရုံက သူ ဆစ်ဖလစ် ကာလသားရောဂါ ခံစားနေရသည်ဟု ပြောလာသည်။ ထို့အပြင် သူ၏ လိင်အင်္ဂါအား ချက်ချင်း ဖယ်ထုတ်ပစ်ရန် ပြောလာသေးသည်။ ထိုသို့မလုပ်ပါက အနက်ရောင် အစက်အပြောက်များ ပိုပွားလာပြီး ခန္ဓာကိုယ်တစ်ခုလုံးအား ပျံ့နှံ့လာလိမ့်မည်။ အခြေအနေဆိုးလာပါက သူ သေတောင်သေသွားနိုင်၏။
စွန်းချမ်း ဗြောင်းဆန်သွားပြီး ဆေးရုံမှ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။ နည်းလမ်းမျိုးစုံ သုံးပြီးနောက် သူ လီယုံအား ရှာတွေ့ခဲ့သည်။
ထိုလူချမ်းသာ ဒုတိယမျိုးဆက်များက အံ့ဩဖွယ် ကောင်းလှသည်။ သူတို့ တစ်စုံတစ်ယောက်ကို ရှာဖွေချင်လျင် ထိုသူ ဘယ်နေရာသို့ ရောက်နေပါစေ၊ သူတို့ သူ့ကို ရှာတွေ့ကြသည်။ ဟန်ဖေးနှင့် စွန်းချမ်းတို့က အကောင်းဆုံး သာဓကပင်။
စွန်းချမ်း သူ့ဆီ ရောက်လာမယ်မှန်း လီယုံ ရိပ်မိသော်လည်း သည်လောက် မြန်ဆန်လိမ့်မည်ဟု ထင်မှတ်မထားမိပါ။
စွန်းချမ်း စိတ်မသက်မသာ ဖြစ်နေသည်ကို ကြည့်ပြီး သူ့ကို ခက်ခဲအောင် မလုပ်ချင်တော့ပေ။ သူက လက်ထိပ်ကိုသာ ထောင်ပြ၍ ပြောလိုက်သည်။
"ကျုပ် ခင်ဗျားကို တကယ် ကူညီချင်ပါတယ်၊ ဒါပေမယ့် ခင်ဗျား မြင်တဲ့အတိုင်းပဲ ဒီလိုဆို ကျုပ် ဘာမှမလုပ်နိုင်ဘူး"
ထိုအခါမှသာ လီယုံ၏ လက်ပေါ်မှ လက်ထိပ်ကို စွန်းချမ်း သတိပြုမိသွားသည်။ သူသည် ရဲသားနှစ်ယောက်ကို ကြည့်၍ ဆူပူ ငေါက်ငမ်းလေတော့သည်။
"မင်းတို့ ပြဿနာ တက်ချင်လို့လား။ လက်ထိပ်ကို ဖြုတ်လိုက်"
ရဲသားများ ဒေါသူပုန်ထသွားကြသည်။ သူတို့သည် သူတို့အလုပ်ကို သူတို့ လုပ်နေခြင်း ဖြစ်ပြီး အခြားသူများ၏ မာန်မဲခြင်းကို တစ်ခါမှ မခံခဲ့ရဖူးချေ။ သူတို့ထဲမှ တစ်ယောက်က ပြန်ရန်တွေ့လာသည်။
"ဟေ့ကောင်၊ ဒါ မင်း အပူမပါဘူး။ မင်း နောက်ထပ်ပြောရဲပြောကြည့်၊ မင်းကို တာဝန်ချိန်မှာ ရဲတွေကို နှောင့်ယှက်မှုနဲ့ ဖမ်းပစ်လိုက်မယ်"
"ကောင်းပြီလေ မင်းတို့ ဒီမှာ စောင့်နေကြ"
ဒါလေးက ရဲနှစ်ယောက်ပဲကို။ စွန်းချမ်း သူတို့ကို သောက်ဖက်လုပ်နေမည် မဟုတ်။ သူသည် ဒေါသတကြီး ခေါင်းတဆတ်ဆိတ် ညိတ်၍ ဖုန်းခေါ်လိုက်သည်။
ဖုန်းဝင်သွားသည်နှင့် သူသည် ရဲသားနှစ်ယောက်၏ အနိုင်ကျင့်ခြင်းကို ခံနေရသကဲ့သို့ အော်ဟစ် တိုင်တန်းလေတော့သည်။ စွန်းချမ်းသည် ရုတ်တရက် စိတ်လှုပ်ရှားလာသော်လည်း ဖုန်းတစ်ဘက်ကသူက ဘယ်သူလဲဆိုတာ မည်သူမှ မသိပေ။ ထို့နောက် သူက သူ့ဖုန်းကို ရဲသားတစ်ယောက်ကို ပေး၍ ပြောလိုက်သည်။
"မင်းရဲ့ ကြီးကြပ်ရေးမှူးက မင်းနဲ့ စကားပြောချင်လို့တဲ့"
ရဲသားများ ထိတ်လန့်သွားသော်လည်း စွန်းချမ်းပုံက ဖြီးဖြန်းနေပုံနှင့် မတူပေ။ ရဲသားတစ်ယောက်က ဖုန်းကို ယူလိုက်သည်။ ဖုန်းထဲမှ အသံကို ကြားလိုက်ရပြီးနောက် သူ ရုတ်တရက် မတ်ခနဲ ဖြစ်သွားပြီး ခေါင်းတဆတ်ဆတ် ညိတ်ကာ ပြောနေတော့သည်။
နောက်ဆုံးတွင် ဖုန်းပြောလို့ပြီးသွားသည်။ ထိုရဲသားက သူ့နဖူးမှ ချွေးကို သုတ်ကာ မျက်နှာလုပ်သော အပြုံးမျိုးနှင့် စွန်းချမ်းကို ပြောလိုက်သည်။
"မစ္စတာစွန်း၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော် ခင်ဗျားကို မသိနိုင်လောက်အောင် ဗဟုသုတနည်းခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်တို့ သူ့ကို အခုချက်ချင်း လွှတ်ပေးပါ့မယ်"
ထိုသို့ပြောပြီး သူက လီယုံ၏ လက်ထိပ်အား ချက်ချင်း ဖြုတ်လိုက်သည်။ သူ ထိုသို့လုပ်မှကို ဖြစ်မည်။ ယခုလေးတင် ပြောလိုက်သည့် ဖုန်းသည် ပြည်သူ့လုံခြုံရေး ဗျူရို၏ ညွှန်ကြားရေးမှူးထံမှ ဖြစ်ပြီး စွန်းချမ်းက မည်သူ့ကိုမျှ သေအောင် မလုပ်မချင်း သူ ပြောသလို လုပ်ရန် အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။
ယခုအချိန်၌ စွန်းချမ်းသည် စိုးရိမ်ကြောင့်ကြလျက် ရှိသောကြောင့် ရဲသားများကို ဂရုစိုက်ရန် စိတ်မပါချေ။ ထို့ကြောင့် သူက သူတို့အား လက်ခါပြ၍ ထွက်သွားရန် ပြောလိုက်သည်။
"ငါ့မျက်စိရှေ့က ထွက်သွားတော့။ ငါအခု စောက်ရမ်း အလုပ်များနေတယ်"
ရဲသားနှစ်ယောက်လုံး အသက်ရှင်ခွင့်ရသွားသလို ခံစားရကာ ချက်ချင်း ကားပေါ် ပြေးတက် သွားကြသည်။
စွန်းချမ်းက လီယုံအား စိုက်ကြည့်ကာ စိတ်ပျက်လက်ပျက်နှင့် တောင်းပန်လေတော့သည်။
"တန်ခိုးရှင်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်တင်ပေးပါ။ ကျွန်တော် ကုန်းကုန်း မဖြစ်ချင်လို့ပါ"
"စိတ်မပူနဲ့၊ ငါ မင်းကို ကုပေးနိုင်တယ်၊ ဒါပေမယ့် အဲ့လို မလုပ်ခင် မင်း ငါ့အတွက် တစ်ခု ပိုလုပ်ပေးရမယ်"
လီယုံက သူ့ကို ပြုံး၍ ပြောလိုက်သည်။ ယခုလေးတင် ဖြစ်ပျက်သွားသည့် ကိစ္စကြောင့် စွန်းချမ်းက ချစ်ဖို့ကောင်းသည်ဟု သူ ရုတ်တရက် ခံစားလိုက်မိသည်။
စွန်းချမ်း သူပြောတာကို မငြင်းဆန်ရဲသဖြင့် ပြန်ပြောလိုက်သည်။
"ရတာပေါ့၊ ငါ့ကို ပြော၊ ငါ မင်းအတွက် ဘာမဆို လုပ်ပေးမယ်"
"ဒါက မင်းအတွက် လွယ်လွယ်လေးပါ"
လီယုံက ခေါင်းကိုခါ၍ ဆက်ပြောလိုက်သည်။
"မင်း မြင်တဲ့အတိုင်းပဲ လူတစ်ယောက်က ငါ့ကို ပြဿနာ ရှာနေတယ်၊ ပြီးတော့ ငါက အဲ့ဒါကို အသာလေး မထားလိုက်နိုင်ဘူး"
အခြားသူများအပေါ် လက်စားချေခြင်းသည် စွန်းချမ်း အနှစ်သက်ဆုံး ကိစ္စဖြစ်၏။ သူသည် လီယုံ၏ တောင်းဆိုမှုအား စိတ်လိုလက်ရ သဘောတူလိုက်ပြီး ပြန်ပြောလိုက်သည်။
"သူ ဘယ်သူလဲဆိုတာကိုသာ ငါ့ကို ပြောလိုက်၊ ဒါဆို ငါ သူ့ကို ကျုံးဟိုင်မြို့ကနေ ကန်ထုတ်ပစ်လိုက်မယ်"
လီယုံသည် တုံ့ဆိုင်းချင်း အလျင်းမရှိဘဲ ထိုသူက ဝေ့ကျင်းတုံ ဖြစ်ကြောင်း ပြောလိုက်သည်။ အရိုးသားဆုံး ပြောရလျင် သူသည် ဝေ့ကျင်းတုံအား လုံးဝ သဘောမတွေ့ပေ။ သို့သော် သူသည် ထိုသူအား ထိခိုက်နာကျင်အောင် မလုပ်ချင်။ ယခု ဝေ့ကျင်းတုံက သူ့ကို ပြဿနာ ရှာမှတော့ သူကလည်း သူ့ကို ပြန်ပြီး ပြဿနာ ရှာတော့မည် ဖြစ်သည်။
စွန်းချမ်းအတွက်ကတော့ ဝေ့ကျင်းတုံသည် အရေးမပါချေ။ သူသည် ဝေ့ကျင်းတုံ၏ ဆိုးရွားလှသော အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်မည့် သူထံကို ခပ်သွက်သွက် ဖုန်းခေါ်လိုက်သည်။ ဘယ်လိုပင် ဖြစ်နေပါစေ၊ သူ့အတွက် ကျုံးဟိုင်မြို့၌ နေစရာ ရှိတော့မည် မဟုတ်ချေ။
ဖုန်းခေါ်ပြီးနောက် စွန်းချမ်းက ယဉ်ကျေးစွာ ပြောလိုက်သည်။
"တန်ခိုးရှင်ခင်ဗျား ခင်ဗျား အခု ကျွန်တော့်ကို ကုပေးပါလား"
"ရတာပေါ့"
လီယုံက ပြုံး၍ ခေါင်းညိတ်လိုက်ပြီး ဆေးဘီရိုဘေး၌ ထိုင်လိုက်သည်။ ထို့နောက် ဘောပင်နှင့် စာရွက်တစ်ရွက်ကို ထုတ်လိုက်သည်။သူ တစ်ခုခု ချရေးတော့မည့်အချိန်တွင် သူက ပြန်မော့ကြည့်၍ ပြောလိုက်သည်။
"အိုး ဟုတ်သားပဲ။ ကျုပ်နာမည်က လီယုံ။ ကျုပ်ကို တန်ခိုးရှင်လို့ ခေါ်နေတာ ရပ်လိုက်တော့"
"ကောင်းပြီလေ၊ ဒါဆိုလည်း ငါ မင်းကို ယုံလို့ပဲ ခေါ်တော့မယ်"
စွန်းချမ်းက ခေါင်းညိတ်၍ လီယုံက သူ့ကို ကုပေးနိုင်ပါစေဟု ဆုတောင်းနေမိသည်။ လီယုံက စကားထပ်မပြောတော့ဘဲ မနောကျင့်စဉ်၏ ပထမအဆင့်ကို စာရွက်ပေါ် ချရေးလိုက်သည်။ ထို့နောက် လီယုံကို ပေး၍ မှာလိုက်သည်။
"ရေးထားတဲ့အတိုင်း လေ့ကျင့် ဒါဆို မင်း ပျောက်သွားလိမ့်မယ်"
သူကိုယ်တိုင် စွန်းချမ်းကို ကုပေးလိုက်နိုင်သော်လည်း ထိုကဲ့သို့ရောဂါမျိုး ရှိသည့် ယောက်ျား တစ်ယောက်ကို ကုပေးရမည်ကို တွေးလိုက်တိုင်း သူ ရွံရှာသလို ခံစားမိသောကြောင့် ကျင့်စဉ်ကိုသာ အစားထိုး၍ ပေးလိုက်ခြင်း ဖြစ်သည်။
စွန်းချမ်းသည် စာရွက်ကို ယူလိုက်ပြီး တစ်ချက်ဖတ်ကြည့်လိုက်ပြီးနောက် တွေဝေစွာ မေးလိုက်သည်။
"ယုံ ဒါပဲလား"
"မင်း ဘာထပ်လိုသေးတယ်လို့ ထင်လို့လဲ"
လီယုံက စိတ်မရှည်စွာ ပြန်ဖြေလိုက်ပြီး စာရွက်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
"မင်း အဲ့ဒါကို အထင်မသေးနဲ့။ မင်း လေ့ကျင့်ပြီးတာနဲ့ ဒါက ဘယ်လောက်တောင် ကောင်းမွန်တဲ့ အရာတွေကို သယ်ဆောင်လာမလဲဆိုတာကို သိလာလိမ့်မယ်။ ပြီးတော့ မင်း ဒါကို ဘယ်သူ့ကိုမှ ပေးသိလို့ မဖြစ်ဘူး။ အဲ့လိုလုပ်မိလို့ကတော့ မင်း အကြီးအကျယ် ဒုက္ခရောက်ပြီပဲ"
လီယုံ ထိုသို့ပြောလိုက်ရသည်။ မနောကျင့်စဉ်သည် အစွမ်းထက်သလောက် မိစ္ဆာဆန်သော လူတစ်ယောက် လက်ထဲသို့ ရောက်ရှိသွားပါက ကပ်ဆိုက်သလို ဖြစ်ပေလိမ့်မည်။
"အေးပါ ငါ နားလည်ပါတယ်"
စွန်းချမ်းက အလောသုံးဆယ်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ လီယုံက ဒါကို အရေးတယူ ပြောနေသည်ကို ကြည့်ပြီး သူ ပြောသမျှကို စွန်းချမ်း ယုံကြည်သွားရသည်။
"ဒါဆိုလည်း အခု အိမ်ပြန်ပြီး လေ့ကျင့်တော့။ ငါ အခု အလုပ်များနေတယ်"
လီယုံက လက်ကိုခါ၍ သူ့ကို ထွက်သွားရန် ပြောလိုက်သည်။ စွန်းချမ်းသည်လည်း အလျင်စလိုဖြင့် အိမ်သို့ မြန်မြန်ပြန်သွားသည်။
လီယုံသည် တံခါးကို သော့ခတ်၍ တိုက်ခန်းသို့ ပြန်လာခဲ့သည်။ လုပ်စရာရှိသော အရာများစွာကို လုပ်ပြီးနောက် အတော်လေး နောက်ကျလို့နေပြီ ဖြစ်သည်။ ဆေးခန်းသည် ပရိဘောဂ မခင်းကျင်းရသေးသဖြင့် သူ ထိုနေရာမှာ အိပ်လို့ မရသေးပေ။
သူ စိတ်မပါသော်လည်း နောက်တစ်ည ထပ်နေဖို့အတွက် တိုက်ခန်းသို့ ပြန်ရပေဦးမည်။ လမ်း၌ သူသည် ATM စက်ထဲမှ ပိုက်ဆံတစ်ချို့ ထုတ်လိုက်သည်။ သူ အချိန်တစ်ခဏမျှ ပြန်မနေဖြစ်သော်လည်း သူ အိမ်ငှားခတော့ အရင်ပေးရမည် ဖြစ်သည်။
သူ တိုက်ခန်း၏ မြေညီထပ်သို့ ရောက်သောအခါ စားစရာ တစ်ခုခုဝင်ဝယ်၍ ခြောက်လွှာသို့ တက်လာခဲ့သည်။ သူ ကျန်းယွီရုံ၏ တိုက်ခန်းရှေ့မှ ဖြတ်တော့မည့်အချိန်တွင် တံခါးပွင့်လာပြီး ကျန်းယွီရုံ ထွက်လာသည်။
မနက်က အဖြစ်အပျက်ကြောင့် ကျန်းယွီရုံသည် ဒေါသထွက်နေဆဲပင် ဖြစ်သည်။ သူမ လီယုံကို မြင်လိုက်ရသည်နှင့် တမင် အကြည့်လွှဲ၍ နှုတ်မဆက်ဘဲ ထွက်သွားရန် ပြင်လိုက်သည်။
လီယုံ ရှက်သလို မခံစားရဘဲ မနေနိုင်တော့ပေ။ ကျန်းယွီရုံ၏ ပုံမှန်နှင့်မတူသော အပြုအမူကို မြင်လိုက်ရသဖြင့် ဒီအတိုင်း တိုက်ခန်းမှ ထွက်သွားလိုက်တာက ပိုကောင်းမည်ဟု သူ တွေးလိုက်မိသည်။
"မစ္စကျန်း၊ ကျွန်တော် ခင်ဗျားကို အိမ်ငှားခ ပြန်ပေးဖို့ ဒီကိုလာတာပါ။ ဒါနဲ့ စကားမစပ် ကျွန်တော် နေဖို့ အခြားနေရာ ရှာတွေ့ပြီ၊ ပြီးတော့ မနက်ဖြန် ပြောင်းတော့မှာ"
ကျန်းယွီရုံ ချာခနဲ ပြန်လှည့်လာကာ လီယုံအား စူးစူးဝါးဝါး စိုက်ကြည့်၍ အသားကုန် ထအော်တော့သည်။
"လီယုံ နင် ဘာကိုဆိုလိုချင်တာလဲ"
ထိုသို့ပြောနေရင်း ကျန်းယွီရုံ၏ လှပသော မျက်ဝန်းများမှ မျက်ရည်များ စီးကျလာသည်။ သူမ အလွန် ဝမ်းနည်း၍ စိတ်တိုနေမိသည်။ သူမသည် သူမခင်ပွန်းကြောင့် အိမ်၌ အချိန်အတော်ကြာ တစ်ကိုယ်တည်း အထီးကျန်ခဲ့ရသည်။ ယနေ့ သူမ လီယုံနှင့် ချစ်ကြိုးသွယ်နိုင်တော့မည့် အခြေအနေသို့ နီးစပ်ခဲ့သော်လည်း အခု သူကပါ သူမနားမှ ထွက်ခွာသွားချင်နေသည်။
သူမ ပို၍ ဒေါသထွက်လာကာ လီယုံအား စိုက်ကြည့်နေသည်။
"လီယုံ နင် ဘာအချိုးချိုးတာလဲ။ ငါက နင့်ကို ဝင်စွက်ဖက်မှာစိုးလို့ နင်က ဒီလောက် အလောတကြီး ထွက်ပြေးချင်တာလား"
မြတ်စွာဘုရား။ လီယုံ တကယ်ကို ကြောက်လန့်သွားမိသည်၊ သို့သော် သူမ ပြောသောစကားကြောင့် သူ ကြောက်လန့်သွားခြင်း မဟုတ်။ သူ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားမည်စိုး၍ သူမနှင့် မတွေ့အောင် ပုန်းကွယ်နေခြင်း ဖြစ်သည်။
သို့သော် ကျန်းယွီရုံ သည်လို တွေးမိနေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။ ကျန်းယွီရုံ ယခုလို ငိုယိုနေသည်ကို ကြည့်ပြီး လီယုံ စိတ်မကောင်းသလို ခံစားမိသည်။ သူမဘဝသည် အစောကတည်းက အဆင်ပြေ ချောမွေ့ခြင်း မရှိခဲ့၊ ဒါကို သူက ပိုဆိုးအောင် လုပ်လိုက်မိသည်။ ဆိုးလိုက်သည့် သူပါလား။
အပြစ်ရှိသလို ခံစားမိပြီး သူ ရှင်းပြရန် ကြိုးစာမိသည်။
"မစ္စကျန်း ခင်ဗျား ထင်သလို မဟုတ်ပါဘူး။ ကျွန်တော် အခြားတစ်နေရာမှ မကြာသေးခင်ကမှ ဆေးခန်းဖွင့်တာလေ၊ ပြီးတော့ ဆေးခန်းကို စောင့်ကြည့်ဖို့ လိုလို့ပါ။ အဲ့ဒါကြောင့် ကျွန်တော် ပြောင်းနေမလိုပါ"
"နင်က ဆေးခန်း ဖွင့်လိုက်တယ် ဟုတ်လား။ ဟ ... "
ကျန်းယွီရုံက အထင်သေးသလို ပုံစံနှင့် ပြုံးကာ စိတ်မရှည်သလို လက်ခါပြ၍ ပြောလိုက်သည်။
"ပြီးရောလေ၊ နင် ကြိုက်သလိုလုပ်ပေါ့။ ငါ့ကို အိမ်ငှားခပဲ ပေးတော့"
သူ ပြောတာကို ကျန်းယွီရုံ မယုံသည်က အံ့ဩစရာ မရှိချေ။ လီယုံက အိမ်ငှားခ ယွမ်ရှစ်ရာအတွက် စိုးရိမ်နေခဲ့ရပြီး ယခု သူက ဆေးခန်းဖွင့်ထားသည်ဟု ပြောနေသည်။ မည်သူမျှ သူ့ကို ယုံလိမ့်မည်မဟုတ်။
တကယ်တမ်းတွင် ကျုံးဟိုင်မြို့မှ အိမ်ဈေးနှုန်းတွေက လုံးဝ ဈေးမသက်သာပေ။ ဆေးခန်း ဖွင့်ရန်အတွက် ဆိုင်ခန်းငှားခက အနည်းဆုံး ယွမ် သိန်းချီကုန်လိမ့်မည်။ သူလိုလူက မည်သို့ တတ်နိုင်ပါမည်နည်း။
လီယုံ အကျပ်ရိုက်သွားသည်။ သူ အိမ်ပြောင်းချင်နေသော်လည်း ကျန်းယွီရုံ အထင်လွဲမည်ကိုတော့ မလိုလားပေ၊ ထို့ကြောင့် သူ ထပ်ရှင်းပြလိုက်သည်။
"မစ္စကျန်း ကျွန်တော် တကယ် ပြောနေတာပါ။ အဲ့ဆေးခန်းက စက်မှုဇုန် နယ်မြေထဲမှာ ရှိတာပါ။ အဲ့ဒါ တကယ် ဟုတ်၊မဟုတ် ခင်ဗျား ကျွန်တော်နဲ့အတူ လိုက်ကြည့်လို့ ရပါတယ်။
ထွေထွေထူးထူး တွေးမနေတော့ဘဲ သူ ကျန်းယွီရုံ၏ လက်ကို ဆွဲကိုင်လိုက်သည်။
"တော်ပါတော့"
ကျန်းယွီရုံက လက်ကို ဖြုတ်ချ၍ အော်ဟစ်တော့သည်။
"လီယုံ ဒါက နင့်အတွက် ရယ်စရာ ကောင်းနေလား။ ငါ ဘယ်လောက်ပဲ နိမ့်ကျနေပါစေ နင့်ကို တောင်းပန်မှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး အခု ထွက်သွားပါတော့"
ကျယ်လောင်စွာ အော်လိုက်ပြီး ကျန်းယွီရုံက လီယုံအား လှေကားအောက်ဘက်သို့ တွန်းထုတ် လိုက်သည်။
လီယုံ အမှန်တကယ် ရှင်းပြချင်နေသည်။ သူ ဒီနေရာကနေ ပြောင်းသွားလျင်တောင်မှ သူ မိတ်ဆွေတစ်ယောက်ကို မဆုံးရှုံးချင်ပါ။ ဒါက သူ၏ အရှုံးသမားကဲ့သို့ တွေးခေါ်တတ်မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ကျန်းယွီရုံက အမှန်တကယ်ကို လှပသည်။
သို့သော် ကျန်းယွီရုံက ယခုကဲ့သို့ ပြုမူနေပါက သူ ဘယ်လိုမျှ ရှင်းပြနိုင်မည် မဟုတ်ပေ။ သူ ပိုက်ဆံ တစ်ထပ်ကို ထုတ်၍ ပြတင်းပေါက်ဘောင်၌ တင်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"မစ္စကျန်း နောက်မှ ပြောကြတာပေါ့"
ကျန်းယွီရုံသည် အလွန် စိတ်ဆိုးနေသဖြင့် ထိုပိုက်ဆံကို ကောက်ယူ၍ သူ့ကို ပစ်ပေါက်လိုက်သည်။
လီယုံ ထိတ်လန့်သွားကာ ခပ်ကြာကြာ မနေရဲတော့သဖြင့် အလျင်စလို ထွက်သွားခဲ့သည်။
သူ ခပ်ဝေးဝေးသို့ ရောက်သည့်အခါမှ ကျန်းယွီရုံ ထပ်၍ မျက်ရည်ကျလာသည်။ သူမနှလုံးသားထဲတွင် ဝမ်းနည်းခြင်းနှင့် နာကြည်းချက်များနှင့် ပြည့်နှက်နေသည်။ သူမသည် မျက်ရည်များနှင့် ပိုက်ဆံကို ကောက်၍ အိမ်ထဲ ဝင်သွားသည်။
တကယ်တမ်းတွင်တော့ ဒါက လီယုံ၏ အမှားမဟုတ်မှန်း သူမ နားလည်ပါသည်။ သူမက လက်ထပ်ထားပြီးသူ ဖြစ်သဖြင့် သူက သူမကို လက်ဖျားနှင့်ပင် မထိချင်သည်က လက်ခံနိုင်ပါသည်၊ သို့သော် သူမသည် သူမ မှီခိုနိုင်မည့်သူ မရှိသဖြင့် အမှန်တကယ် ဝမ်းနည်းမိသည်။ ထို့ကြောင့် သူမသည် သူ့အပေါ် ဒေါသထွက်ရုံသာ တတ်နိုင်တော့သည်။
လီယုံ အောက်ထပ်သို့ ဆင်းလာပြီး ကူရာမဲ့နေသော မျက်နှာနှင့် မော့ကြည့်မိသည်။ သူ ဒီည သူ့တိုက်ခန်းသို့ ပြန်နိုင်မည့်ပုံ မပေါ်တော့သည့်အတွက် သူ အခြားနေရာ ရှာရတော့မည် ဖြစ်ပြီး ထိုအတွက် သူ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်မိသည်။
အချိန်ကား ညအစောပိုင်းသာ ရှိသေးသည်။ သူသည် လက်ရှိပြဿနာကို စိုးရိမ်နေခြင်းအား ရပ်တန့်ကာ ဘားလမ်းရှိရာသို့ ဦးတည်လိုက်သည်။
ထိုနေရာသည် လီယုံ၏ အကြိုက်ဆုံးနေရာ ဖြစ်သည်။ ဘားကောင်တာ၌ ထိုင်နေရင်း သူသည် ကခုန်သောနေရာမှ မိန်းမလှလေးများ ကိုယ်ကို တွန့်ခါ၍ ကနေသည်ကို ကြည့်နေလိုက်ပြီး သူ့အတွက် အတော်လေး ကြည်နူးစရာ ကောင်းနေသည်။ အကယ်၍ သူသာ အတော်လေး ကံကောင်းပါက လှပေသော မိန်းမပျိုလေးနှင့် ပလဲနံပသင့်ပြီး ချစ်တင်းနှောနိုင်လောက်သည်။
သို့သော် သူသည် ယခင်က အလွန် ဆင်းရဲသဖြင့် လများစွာကြာပြီးမှ တစ်ခါလောက်သာ လာနိုင်ခဲ့သည်။ ယခု သူ့၌ ပိုက်ဆံရှိလာပြီ ဖြစ်သောကြောင့် သူ အချိန်ရလာပြီး အနားယူနိုင်လာလေပြီ။
ထိုသို့ ဘယ်လိုသွားရမည်ကို သူ ကောင်းကောင်းသိသည်။ ထိုဘားသို့ ရောက်ရန် အချိန် ဆယ့်ငါးမိနစ်တောင် မကြာလိုက်ပေ။ သူ အထဲသို့ ဝင်တော့မည့်အချိန်တွင် တစ်စုံတစ်ယောက်က နောက်မှနေ၍ ခုန်ကာ သူ့ပခုံးအား ရိုက်ပုတ်လာပြီး စကားစလာသည်။
"လီယုံ ရှင် ဒီကို လာလိမ့်မယ်လို့ ကျွန်မ ထင်မထားဘူး၊ ရှင်လည်း အကောင်းကြိုက်တတ်သားပဲ"
ရင်းနှီးနေသော တစ်မူထူးခြားသည့် အသံကို ကြားလိုက်ရသဖြင့် ဘယ်သူလဲဆိုတာကို လီယုံ တွေးကြည့်စရာပင် မလိုဘဲ ချက်ချင်း သိလိုက်သည်။
သူ တစ်ဖက်သို့ လှည့်လိုက်သောအခါ ဟန်ဖေးက သူ့ဘေး၌ စိတ်လှုပ်ရှားစွာ ရပ်နေသည်ကို မြင်လိုက်ရသည်။
ယခုအခါတွင် ဟန်ဖေးက သူမ၏ လှပ၍ ဖြူစင်သော ပုံစံကို ပြောင်းလဲထားသည်။ သူမက သူမ၏ သွယ်လျသော ခြေတံကို ကောင်းကောင်း မဖုံးပေးနိုင်သည့် အနက်ရောင် ဘောင်းဘီတိုလေးကို ဝတ်ထားပြီး သူမ၏ အဓိကနေရာကိုသာ ဖုံးထားလုနီးပါး ဖြစ်နေသည့် အနက်ရောင် အင်္ကျီလက်တိုလေးကို ဝတ်ထားသည်။
သူမ၏ ပါးလှပ်၍ နူးညံ့သော ဗိုက်သားလေးနှင့် ကြီးထွားသော ရင်နှစ်မြွှာတို့က ထင်းနေသည်။
မိန်းမလှလေး တစ်ယောက်က ဘာဝတ်ဝတ် ကြည့်ကောင်းနေသည်ဟု ဆိုရပေမည်၊ အထူးသဖြင့် ဟန်ဖေးလို မိန်းမလှလေးက ပို၍ ကြည့်ကောင်းလှသည်။ ထိုသို့ ဝတ်ဆင်ထားသဖြင့် သူမ၏ ချစ်စရာကောင်းမှုက လျော့ကျမသွားပေ၊ ထိုအစား သူမက ပို၍ မိန်းမရိုင်းဆန်နေပြီး ဆွဲဆောင်မှု ပို၍ ရှိနေပြန်၏။
လီယုံ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသဖြင့် ဟန်ဖေး ဂုဏ်ယူသလို ခံစားလိုက်မိပြီး ပီတိဖြစ်နေသော အသံဖြင့် ပြောလိုက်သည်။
"ငမ်းနေတာကို ရပ်ဦး။ အထဲဝင်ကြမယ်"

နတ်မျက်စိရှင် သမားတော် [Chapter 1-200]Where stories live. Discover now