နတ်မျက်စိရှင် သမားတော်
Amazing Doctor with Super Vision
Author Gong Zi Wu Lang
ဘာသာပြန် Han Shinစာစဉ် (4) CHAPTER (49) ရင်သားအတု
လျှိုလင်းယင်၏ စိတ်နေစိတ်ထားအရဆိုလျင် သူမသည် လူနာများအတွက် ဆရာဝန်ကောင်း တစ်ယောက် ဖြစ်ကိုဖြစ်ရပေမည်။
အကယ်၍ ယခုအချိန်၌ သူမကို ပြန့်ချွယ်၏ မနောကျင့်စဉ်ကို သူ သင်ပေးလိုက်ပါက လျှိုလင်းယင်က ကျင့်စဉ်ကို မိစ္ဆာဒိဋ္ဌိကျင့်စဉ်ဟု ထင်ကောင်းထင်သွားနိုင်၏။
"အင်း ငါ သေချာလေ့လာမယ်"
လျှိုလင်းယင်က လေးနက်စွာ ပြောလာသည်။ လီယုံ၏ ကုသမှုက သူမကို အလွန်စိတ်ဝင်စားမိအောင် လုပ်ခဲ့ပြီးပြီ ဖြစ်သည်။ သူမ လက်ထဲက အလုပ်တွေကို ချက်ချင်းပစ်ချ၍ ဆေးပညာနှင့် ပတ်သတ်သော ရှေးဟောင်းစာအုပ်များကို ရှာချင်လှသည်။ သို့သော် ဆရာဝန်နှင့် တွေ့ချင်သော လူတန်းရှည်ကြီးကို မြင်ပြီး သူမ ဆေးခန်းထဲသို့ ပြန်ဝင်လာသည်။
လျှိုလင်းယင်က သူမအလုပ်တွေကို ကမန်းကတမ်း လုပ်နေစဉ်တွင် လီယုံက ဆေးခန်းကို ထပ်၍ လှည့်ပတ်ကြည့်လိုက်သည်။
ယခုအခါတွင် ယုံခန်းဆေးခန်း၌ ဌာနလေးခု၊ ဆရာဝန်ခြောက်ယောက်နှင့် သူနာပြုများစွာ ရှိနေလေပြီ။ ဆေးခန်းသည် အတိုင်းအတာတစ်ခုထိ အောင်မြင်နေပြီး ပုဂ္ဂလိကဆေးရုံငယ်လေး တစ်ခုနှင့် ညီမျှနေသည်။
ဤနေရာကို နည်းနည်းသေးသည်ဟု လီယုံ တွေးလိုက်မိသည်၊ သို့မဟုတ်ပါက ယုံခန်းဆေးခန်းကို ယုံခန်းဆေးရုံအဖြစ် သူ ပြောင်းလဲနိုင်လောက်သည်။
ယုံခန်းဆေးခန်းမှ ထွက်လာပြီးနောက် သူသည် လမ်းတစ်ဘက်မှ ချမ်းမြေ့ဆေးခန်းသို့ ဦးတည်လာခဲ့သည်။
ထိုသို့သောအချိန်၌ ကျန်းယွီရုံသည် ဆေးခန်းတွင် ဆေးများကို ထုတ်ပိုးလျက်ရှိသည်။ သူသည် ကူလုပ်ပေးမည့် သူများစွာကိုလည်း ခေါ်ထားသည်။ သူတို့သည် ချမ်းမြေ့ဆေးခန်းမှ ဆေးဝါးများကို ယုံခန်းဆေးခန်းသို့ ရွေ့ပြောင်းနေကြသည်။ အဘယ်ကြောင့်ဆိုသော် မနက်ဖြန် ဤဆေးခန်းကို ဖြိုချမည်ဖြစ်သောကြောင့် အထဲမှ ပစ္စည်းများကို ရွှေ့ပြောင်းထားမှ ဖြစ်ပေမည်။
အလုပ်များနေသောကြောင့် ကျန်းယွီယုံ၏ ဆံပင်များက ချွေးများဖြင့် ရွှဲနစ်နေသည်ကို မြင်ပြီး လီယုံ ကူညီရန် အလျင်စလို ပြေးသွားလိုက်သည်။ သူ၏ ခွန်အားက အံ့မခန်းပင်၊ ပစ္စည်းများ ရွှေ့ပြောင်းခြင်းက သူ့အတွက် အသာလေးပင်။ သူသည် ကီလိုဂရမ် တစ်ရာကျော်သော သစ်သားဗီရိုများကို မည်မျှပင် အားမစိုက်ရဘဲ မလိုက်၊ချလိုက် လုပ်နိုင်သည်။ သူတို့ အလုပ်အလွန်များနေသောကြောင့် နေ့လောက်ရောက်မှ အသုံးဝင်သော အရာများအားလုံးကို ရွှေ့ပြောင်းလို့ ပြီးသွားသည်။
"ရှောင်ယုံ ငါ့အတန်းဖော်က နင်နဲ့တွေ့ချင်တယ်လို့ ပြောနေလို့။ ဒါက စီမံကိန်း အသေးစားမျိုး မဟုတ်ဘူးလို့ သူက ပြောလာလို့။ နောက်ပိုင်း သဘောမတူတာမျိုးတွေ ဖြစ်လာမှာစိုးလို့ တစ်ချို့ကိစ္စတွေကို နင်နဲ့ မျက်နှာချင်းဆိုင် ပြောမှဖြစ်မယ်တဲ့"
နောက်ဆုံးလှည်းဖြင့် သယ်ထုတ်သွားပြီးနောက် ကျန်းယွီရုံက လီယုံ၏ လက်မောင်းကို ဆွဲ၍ ပြောလာခြင်း ဖြစ်သည်။
"ကောင်းပြီလေ"
လီယုံသည်လည်း သူမနှင့် စကားပြောရန်လိုအပ်သည်ဟု ခံစားမိသည်။ ကျန်းယွီရုံ ချက်ချင်း ဖုန်းဆက်၍ တစ်ခဏနေ တွေ့ရန်အတွက် ချိန်းလိုက်သည်။
လမ်းတစ်လျှောက်တွင် ကျန်းယွီရုံက လီယုံ၏ လက်မောင်းကို ကိုင်လာသဖြင့် သူတို့သည် ချစ်သူစုံတွဲများကဲ့သို့ ကြည်နူးဖွယ်ကောင်းလှသည်။ သို့သော် သူတို့ ဟိုတယ်သို့ ရောက်သည်နှင့် ကျန်းယွီရုံက လီယုံ၏ လက်မောင်းကို ဖက်ထားရာဖြုတ်၍ ခပ်ခွာခွာနေလေတော့သည်။
လီယုံက သူမကို နားလည်ရခက်သလို ကြည့်လိုက်မိသောအခါ ကျန်းယွီရုံက ခပ်တိုးတိုး ပြောလာသည်။
"ငါ နင့်ကောင်းကျိုးအတွက် လုပ်နေတာပါ"
"မင်း ဘာတွေကြောက်နေတာလဲ"
လီယုံက သူမပခုံးပေါ် လက်တင်၍ သူမ၏နားလေးကို ဆွဲဆိတ်လိုက်သည်။ သူတို့ ပို၍ ရင်းနှီးကျွမ်းဝင်နေပုံ ပေါ်သွားသည်။
"ငါတို့ကို အသိတွေမြင်သွားရင် နင့်အနာဂတ်ကို ထိခိုက်လိမ့်မယ်"
ကျန်းယွီရုံ ချက်ချင်း ရှက်သွေးဖြာလာသည်။ သူမ စိုးရိမ်နေသော်လည်း စိတ်ထဲတွင် ပျော်ရွှင်လို့နေသည်။ သူမ အသိတွေနှင့် တွေ့၍ မလိုအပ်သော နားလည်မှုလွဲခြင်းများ ဖြစ်သွားမည်ကို စိုးရွံ့မိသည်။
"မင်းက ငါ့အမျိုးသမီးပဲ။ ငါ လူသိခံရမှာကို မကြောက်ပါဘူး"
လီယုံ ပြုံး၍ ခပ်ကျယ်ကျယ်ပြောလိုက်သည်။
အပြင်လူများ သူတို့၏ ဆက်ဆံရေးအား သိရှိသွားမှာကို လီယုံ တကယ် မကြောက်ပါ။ သူတို့နှစ်ယောက်လုံးသည် လက်မထပ်ရသေးသလို နှစ်ဦးလုံး လူလွတ်များ ဖြစ်နေသောကြောင့် သူတို့ ဘာကို ကြောက်နေရမည်နည်း။ ထို့အပြင် သူသည် ကျန်းယွီရုံကို ကျေးဇူးတင်မိသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဒိဗ္ဗစက္ခု အမြင်အာရုံနှင့် သမားတော် အယောက်ရှစ်ဆယ်၏ မှတ်ဉာဏ်များအား ကျန်းယွီရုံအိမ်၌ ငှားနေချိန်တွင် ရရှိခဲ့သောကြောင့် ဖြစ်သည်။ ကျန်းယွီရုံက သူ့ထံသို့ ကံကောင်းခြင်းများ ယူဆောင်လာပေးသည်ဟု သူ တွေးမိသည်။
လီယုံ၏ ပွေ့ဖက်မှုကို ခံလိုက်ရသောအခါ ကျန်းယွီရုံ ရင်ထဲ မသိမသာ ပျော်မွေ့သွားပြီး ပျော်ရွှင်နေသော အမူအရာမျိုး ဖြစ်လာသည်။
သို့သော် ချမ်လင်းလင်ကတော့ မသိမသာ အံ့ဩသွားသည်။ ကျန်းယွီရုံက လီယုံသည် သူမ၏ မောင်လေး ဖြစ်သည်ဟု ပြောခဲ့သည်၊ သို့သော် ဤမျှ လက်ပွန်းတတီးရှိသော မောင်နှမမျိုး မရှိပါ။
သို့သော်ငြားလည်း ချမ်လင်းလင်သည် သိပ်စပ်စုချင်စိတ် မရှိသလို သူတို့နှစ်ယောက်က မောင်နှမများ မဟုတ်သည်ကိုလည်း ချက်ချင်း သတိထားမိသွားသည်။ သူမ အနားသို့ တိုးလာပြီး ပြုံး၍ ပြောလိုက်သည်။
"ယွီရုံ နင် ကွာရှင်းလိုက်တာကို ငါ မအံ့ဩတော့ပါဘူး။ နင် အချစ်စစ်ကို ရှာတွေ့သွားတာပဲ။ နင့်လူက ငယ်ပြီး ချောလိုက်တာ။ ငါ နင့်ကို တကယ် လေးစားမိတယ်"
ပိုက်ဆံရှာနိုင်လိုက်ပြီးကတည်းက လီယုံသည် အကောင်းစား အဝတ်အစားအချို့ကို ဝယ်ယူ၍ သူ့ကိုယ်သူ ဝတ်ကောင်းစားလှ ဝတ်ဆင်ခဲ့သည်။
ယခုအချိန်တွင် သူသည် သန့်ရှင်း၊ သပ်ရပ်၍ ခန္ဓာကိုယ်နှင့် ကွက်တိဖြစ်သော အဝတ်အစားကို ဝတ်ဆင်ထားသဖြင့် စိတ်အားတက်ကြွဟန် ပေါ်စေသည်။ သူက နှုတ်ခမ်းကို အသာတွန့်၍ အသာအယာ ပြုံးလိုက်သည်။ သူ၏ မျက်လုံးထဲ၌ ယောကျ်ားပီသသော ဆွဲဆောင်မှုပုံရိပ် ထင်ဟပ်နေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အောင်မြင်သော လူတို့၏ အရိပ်အငွေ့မျိုးဖြင့် ပြည့်နှက်နေသည်။
သူသည် အရင်ကနှင့် လုံးဝ မတူတော့ချေ။ အတွင်းအားကို ကျင့်ကြံထားခြင်းကြောင့် သူ့အတွက် အထူးခြားဆုံး အရာသည် သူ၏ အရှိန်အဝါကို လုံးဝ ပြောင်းလဲနိုင်လိုက်ခြင်းပင်။ ထိုအရှိန်အဝါသည် တစ်ချက်ကြည့်ရုံနှင့် တစ်မူထူးမှန်း လူအများအား ခံစားမိစေသည်။
ကျန်းယွီရုံ ဘာမျှမရှင်းပြဘဲ ဆိတ်ဆိတ်နေခြင်းဖြင့် ဝန်ခံလိုက်သည်။ သူမက ချိုသာစွာပြုံး၍ သီးသန့်ခန်းထဲသို့ ခပ်သုတ်သုတ် ဝင်လိုက်သည်။
လည်ပင်းတစ်ဝိုက်၌ လည်ဆွဲတစ်ခုကို ဆွဲထားပြီး လက်ကောက်ဝတ်၌ ကျောက်စိမ်း လက်ကောက်တစ်ခုကို ဝတ်ထား၍ ရွှေအိုရောင် ဆံထိုးကို ထိုးထားသလို သိမ်မွေ့နူးညံ့၍ ခံ့ညားသော ခံစားချက်များကို ပေးစွမ်းနိုင်သည့် ခေတ်မီ၍ ချမ်းသာသော အမျိုးသမီးဖြစ်သူ၊ ချမ်လင်းလင်ကို လီယုံ တစ်ချက်ကြည့်လိုက်သည်။
သို့သော် ပန်းကန်ကြီး နှစ်လုံးနှင့်တူသော သူမရင်သားကို ကြည့်ပြီး လီယုံ မသိမသာ ဇဝေဇဝါ ဖြစ်သွားရသည်။
"ဘယ်လိုလုပ် သူ့ရင်သားတွေက ဒီလောက် ကြီးနေရတာလဲ"
လီယုံ မသိမသာ ထိတ်လန့်သွားသည်။ သူ စပ်စုချင်စိတ် ပေါ်လာသဖြင့် သူ၏ ဒိဗ္ဗစက္ခု အမြင်အာရုံကို ဖွင့်လိုက်၏။
*မြတ်စွာဘုရား၊ အထဲမှာ ဖြည့်စာတွေနဲ့ပါလား၊ တစ်ခုတောင် မဟုတ်ဘူး သုံးခုတောင်*
*လက်စသတ်တော့ ရင်သားအတုတွေကိုး*
သူမအပေါ် သူ ဆိုးရွားသော မှတ်ချက်များ ပေးလိုက်မိသည်။
ချက်ချင်းဆိုသလိုပင် လီယုံက သူမ၏ ရင်သားများကို မနှစ်မြို့တော့ချေ။ သူမရင်သားတွေကို သူ အတင်းအဓမ္မ ဖျစ်ညှစ်၍ ထိုဖြည့်စာများကို ဆွဲထုတ်ကာ သူမရင်သားများကို အရင်ပုံစံအတိုင်း ပြန်ထားချင်စိတ် ပေါက်နေသည်။
"ကိုလူချောလေး၊ မြန်မြန်ဝင်လာလေ"
ချမ်လင်းလင်က လီယုံကို လှမ်းခေါ်သဖြင့် သူ အထဲဝင်လာခဲ့လိုက်သည်။ သီးသန်းခန်းထဲ၌ ချမ်လင်းလင်တစ်ယောက်တည်းသာ ရှိသည်။ သူမခင်ပွန်းနှင့် လက်ထောက်ကို သူမနှင့်အတူ မခေါ်ခဲ့ချေ။
အစားအသောက်များ၏ မွှေးရနံ့သည် အလွန် သဟဇာတဖြစ်လွန်းလှသည်။ သူတို့သည် အိမ်ဆောက်ခြင်းနှင့် ပတ်သောသော အရာများကို မပြောကြချေ။ ချမ်လင်းလင်နှင့် ကျန်းယွီတို့က သူတို့၏ မေ့မရနိုင်သော တက္ကသိုလ်ဘဝကို အရင်ဆုံး ပြောနေကြသဖြင့် သီးသန့်ခန်းလေး၌ ရယ်သံများနှင့် ပြည့်နှက်နေသည်။
ထို့နောက် သူတို့သည် အိမ်ထောင်သည်ဘဝ၏ ကျေနပ်စရာမကောင်းသော အကြောင်းအရာများကို ပြောနေကြသော်လည်း အခန်းထဲ၌ ရယ်သံများနှင့် ပြည့်နှက်နေသေးသည်။
ဤသည်ကား မိန်းကလေးများကြား၌ ဖြစ်နေကြအရာပင်။ ကံမကောင်းသောအရာများကို ပြောနေလျင်တောင်မှ စိတ်ဝင်စားစရာ ကောင်းလှသည်။
သို့သော် သူတို့ဘေး၌ ယောကျာ်းသားတစ်ယောက် ရှိနေသည်ကို သူတို့ မေ့နေပုံရသည်။ လီယုံရှေ့တွင် ယောကျာ်းသားများက အချိန်မည်မျှကြာကြာ ချစ်ပွဲဝင်ကြကြောင်း ပြောနေကြ၏။ ချမ်လင်းလင် သူမခင်ပွန်းနှင့် ပတ်သက်၍ မကျေမနပ်အဖြစ်ဆုံးကိစ္စသည် သူမခင်ပွန်းက သူမနှင့် နှစ်မိနစ်တောင် မပြည့်သည့်အချိန်လောက်လေးသာ ချစ်ပွဲဝင်ခြင်းပင်၊ သို့သော် သူမခင်ပွန်းက သူမ မသိအောင် အခြားမိန်းမလေးယောက်နှင့် ဖောက်ပြန်နေခဲ့သည်။
ထို့ကြောင့် ချမ်လင်းလင်သည် အလွန် ခါးသီးနာကျည်းကာ သူမခင်ပွန်းအား အသုံးမကျသော ယောကျ်ားဟု ပြစ်တင်ကြိမ်းမောင်းခဲ့သည်။
လီယုံ ကသိကအောက်ဖြစ်သွားသည်။
*သူတို့ ဘယ်လိုလုပ် ရယ်နေနိုင်တာပါလိမ့်*
ကျန်းယွီရုံက သူ့ကို အပြင်လူလို သဘောမထားမှန်း သူ သိသော်လည်း ဘယ်လိုလုပ် ချမ်လင်းလင်ကပါ သူ့ကို သူစိမ်းတစ်ယောက်လို မသတ်မှတ်နိုင်ရသနည်း။
ကံကောင်းစွာပင် လီယုံသည် ဤကိစ္စ၌ နားထောင်ပြီး မေ့သွားတတ်သူ ဖြစ်နေခြင်းပင်၊ သူတို့နှင့် သူ လုံးဝ စကားဝင်မပြောချေ။
သို့သော် ချမ်လင်းလင်က ကျန်းယွီရုံကို သူ ဘယ်လောက်ကြာကြာ ချစ်ပွဲဝင်နိုင်သလဲဆိုတာကို မေးသံကြားလိုက်ရချိန်တွင် သူ ဆက်၍ နားမထောင်နိုင်တော့ချေ။ သူ၏ဖန်ခွက်ကို ကမန်းကတန်း ကောက်ကိုင်၍ ပြုံးကာပြောလိုက်သည်။
"ကဲကဲ ချီးယားစ်"
သောက်နေစဉ်တွင် ကျန်းယွီရုံက ချမ်လင်းလင်အား တိတ်တိတ်လေး လက်တစ်ချောင်း ထောင်ပြလိုက်သည်ကို သူ မမြင်လိုက်ပါ။
ချမ်လင်းလင်က မျက်မှောင်ကြုတ်၍ စာနာသလိုပုံစံဖြင့် မေးလိုက်သည်။
"တစ်မိနစ်လား"
ထို့နောက် သူမစိတ်ထဲ ချိန်ထိုးကြည့်မိပြီးနောက် ရယ်မောလိုက်သည်။ သို့သော် ကျန်းယွီရုံက အသည်းအသန် လက်ခါပြလာ၏။
"ဆယ်မိနစ်လား"
ချမ်လင်းလင် နည်းနည်းတော့ အားကျလာသည်။ သို့သော် ကျန်းယွီရုံက ချမ်လင်းလင် ခန့်မှန်းတာ မှားနေဟန်ဖြင့် လက်ခါပြလာပြန်သည်။
"တစ်နာရီလား။ ဘုရားရေဂ
ချမ်လင်းလင် မနာလိုဖြစ်လာပြီး သူမအကြည့်များက လီယုံထံသို့ ချက်ချင်း ကျရောက်လာသည်။ သို့သော် လီယုံက ဇဝေဇဝါ ဖြစ်နေဟန်ဖြင့် မေးလာ၏။
"မင်းတို့ ဘာတွေပြောနေတာလဲ"
အမျိုးသမီး နှစ်ယောက်က ထူးဆန်းသော အပြုံးမျိုးပြုံး၍ ချက်ချင်း တူကိုကောက်ကိုင်ကာ ဟင်းမယ်များကို ယူစားလေသည်။
တစ်ခဏမျှ စားသောက်ပြီးနောက် ချမ်လင်းလင်က အားကျ၍ မနာလိုသလို ပြောလာသည်။
"နင် ဘယ်လိုများ သည်းခံနိုင်တာလဲ။ နင် နာတာတွေဘာတွေ မခံစားမိဘူးလား။ နင် ငါ့ကို ကြွားလုံးထုတ်နေတာမလား"
ကျန်းယွီရုံသည် သောက်တာ များသွားသည့်ဟန် သို့မဟုတ် ချမ်လင်းလင် ပြောလိုက်သော စကားကြောင့် ဖြစ်ကောင်းဖြစ်ဟန်ဖြင့် မျက်နှာနီမြန်းလာသည်။
ကျန်းယွီရုံက စားသောက်ခြင်း၌သာ အာရုံစိုက်နေသည်ကိုမြင်ပြီး ချမ်လင်းလင် ဝိုင်တစ်ငုံ သောက်လိုက်သည်။ ထို့နောက် သူမက လှပသော မျက်ဝန်းများကို တဖျပ်ဖျပ်ခတ်၍ လီယုံကို သေချာစိုက်ကြည့်ကာ ပြုံးရင်းပြောလိုက်သည်။
"ကိုလူချော ရှင်က ချီးကျူးလောက်ပါပေတယ်"
သူမစကားကြောင့် လီယုံ အူကြောင်ကြောင် ဖြစ်သွားပြီး ရယ်မောလိုက်သည်။
ထို့နောက် သူတို့သည် ယောကျာ်းတစ်ယောက်မှ လျှို့ဝှက်အစိတ်အပိုင်း၏ အရွယ်အစားအကြောင်း ပြောဆိုရင်း အားပါးတရ ရယ်မောနေကြသည်။ ထိုအခါမှ ချမ်လင်းလင်ပြောသော စကား၏ အဓိပ္ပာယ်ကို လီယုံ နားလည်သွားရသည်။ သူ မတတ်သာဘဲ ရယ်မောလိုက်ရပြီး ယခုခေတ် မိန်းမပျိုများက တကယ်ကို ပွင့်ပွင့်လင်းလင်းရှိလှသည်ဟု ခံစားလိုက်မိသည်။
သူတို့နှစ်ယောက်သည် ဤကဲ့သို့သော ကိစ္စများကို စိတ်ပါဝင်စားစွာ ပြောဆိုနေကြသည်။ သူတို့၏ နှစ်လိုဖွယ်ကောင်းသော အပြုံးများနှင့် တောက်ပသော မျက်လုံးများကြောင့် ပုရိသအပေါင်းတို့ ညှို့ငင်ခံရလောက်ပေမည်။
"ကိုလူချော ယောကျ်ာလေးတွေရဲ့ အကြီးဆုံး လျှို့ဝှက်အစိတ်အပိုင်းက ဘယ်အရွယ်အစားလောက် ရှိမလဲ"
လီယုံ ဂရုတစိုက် နားထောင်နေသည်ကို သတိထားမိပြီး ချမ်လင်းလင်က သူ့ကို ပြုံးကြည့်၍ မေးလာ၏။
လီယုံက လက်မောင်းကို မြှောက်ကာ အင်္ကျီလက်ကို ပင့်တင်၍ လေးလေးနက်နက် ပြောလိုက်သည်။
"အဲ့ဒါက ဒီလောက်ထိ ကြီးသင့်တယ်"
အမျိုးသမီးနှစ်ယောက်လုံး ပျော်ရွှင်စွာ ရယ်မောနေကြသည်။ လီယုံက ချဲ့ကားပြောနေသည်ဟု သူတို့ ခံစားလိုက်မိသည်။ အမျိုးသားတစ်ယောက်၏ လျှို့ဝှက်အစိတ်အပိုင်းက လူတစ်ယောက်၏ လက်မောင်းထက် ပိုကြီးဖို့က မည်သို့မျှ မဖြစ်နိုင်ပေ။
သို့မဟုတ်ပါက မည်သို့ ကိုင်တွယ်နိုင်ပါမည်နည်း။
စားသောက်ပြီးနောက် ချမ်လင်းလင်သည် အဆောက်အဆုံ ဆောက်ရန် သူမ၏ ရည်ရွယ်ချက်ကို မပြောသေးပေ။ လီယုံ မနေနိုင်ဘဲ မေးလိုက်သည်။
"မစ္စချမ် ကျွန်တော့်ကို အဆောက်အဦးရဲ့ ဆောက်လုပ်ရေး အစီအစဉ်ကို ပြနိုင်မလား"
ချမ်လင်းလင်က မျက်ခုံးပင့်ကာ သူ့ကို မျက်စိတစ်ဖက် မှိတ်ပြပြီး ပြုံး၍ ပြောလာသည်။
"ကိုလူချော ရှင် ဘာတွေလောနေတာလဲ။ ရှင် ဗိုက်ပြည့်သွားပြီဆိုရင် ကာရာအိုကေ သွားဆိုရအောင်လေ။ သီချင်းဆိုပြီးရင် ငါတို့ ဘားသွားလို့ရတယ်။ ငါတို့ သောက်တာများသွားရင် ဟိုတယ် သွားလို့ရတာပဲလေ။ ငါတို့မှာ လုပ်စရာတွေ အများကြီး ရှိသေးတာကို"
"လာလေ နောက်ဆုံးတစ်ခွက် သောက်လိုက်ရအောင်"
လီယုံ ချီတုံချတုံဖြင့် ခွက်ကိုမြှောက်လိုက်သော်လည်း သူ ချက်ချင်း မသောက်လိုက်ပါ။ သူ ဒီအတိုင်း ကျန်းယွီရုံကို ကြည့်နေလိုက်သည်။
ကျန်းယွီရုံက လီယုံ ဘာပြောချင်နေသလဲဆိုတာကို ရိပ်မိသောကြောင့် ပြုံး၍ ပြောလိုက်သည်။
"လင်းလင် လီယုံမှာ အထူးလူနာတစ်ယောက် ရှိတယ်၊ ပြီးတော့ အဲ့လူနာကို သူ ညဘက် သွားကြည့်ရမှာ၊ ငါ စိတ်မကောင်းပါဘူး ..."
လီယုံက ဆရာဝန်တစ်ယောက် ဖြစ်ကြောင်း ချမ်လင်းလင် သိပါသည်။ ထို့ကြောင့် ကျန်းယွီရုံ၏ စကားကို သူမ ချက်ချင်း နားလည်သွားသည်။ သူမ၏ လက်ကိုင်အိတ်ကို ဆွဲ၍ ပြောလာသည်။
"စိတ်ညစ်ဖို့ ကောင်းလိုက်တာ၊ ကျန်တဲ့နေရာတွေကို နောက်နေ့မှ သွားကြတာပေါ့။ ငါ ဆောက်လုပ်ရေး စီမံချက်ကို ယူလာတယ်။ ရှင့်ရဲ့စိတ်ကူးအတိုင်း ကျွန်မတို့ စီမံကိန်းပုံစံ သုံးမျိုး ဆွဲထားတယ်။ ရှင် အကြိုက်ဆုံး တစ်ခုကို ရွေးလိုက်ပေါ့"
ချမ်လင်းလင်က စာရွက်စာတမ်း သုံးခုကို ထုတ်၍ မတ်တပ်ရပ်ကာ လီယုံကို လှမ်းပေးလိုက်သည်။ ထို့နောက် သူမက လီယုံနှင့် ရင်းနှီးသကဲ့သို့ သူ့ပခုံးပေါ် လက်တင်လာသည်။ ပြီးနောက်တွင်မူ သူမက စာရွက်စာတမ်းများကို လီယုံအား အသေးစိတ် ရှင်းပြတော့သည်။
သူ့ပခုံးပေါ် တင်ထားသော ဖြူဝင်းသည့် လက်မောင်းတစ်ဘက်ကို လီယုံ တစ်ချက် ကြည့်လိုက်သည်။ သူမအသားအရေက နူးညံ့လှသည်။ သူမသည် အသားအရေ ထိန်းသိမ်းရာ၌ ကျွမ်းကျင်လှပေ၏။ သူ ကျိတ်၍ ချီးမွမ်းပြီးနောက် သူမ ရှင်းပြသမျှကို သေချာနားထောင်၍ သူ နားမလည်သည့်အချက်များကို ပြန်မေးလိုက်သည်။
ချမ်လင်းလင်သည် သူမ ပြောချင်သည့် စကားများကို ဂရုမစိုက်ဘဲ ပွင့်ပွင့်လင်းလင်း ပြောတတ် သော်လည်း အလုပ်နှင့် ပတ်သက်၍ စကားပြောရာတွင်တော့ အလွန် အလေးအနက်ထား၏။
လီယုံ၏ အမြင်တွင်တော့ ဤစီမံကိန်း သုံးခုလုံး ကောင်းနေသည်။ တစ်ခုချင်းစီ၌ ကိုယ်ပိုင် ကောင်းကွက်နှင့် အကျိုးအမြတ်များ ရှိနေသည်ဟု ပြော၍ရနေ၏။
နောက်ဆုံးတွင်တော့ လီယုံသည် ဈေးအကြီးဆုံး စီမံကိန်းကို ရွေးချယ်လိုက်သည်။ ဈေးကြီးသည့် အရာမှန်သမျှ သေချာပေါက် မမှန်နိုင်သော်လည်း ပိုကောင်းလိမ့်မည်ဟု သူ ယုံကြည်ထားမိသည်။ လီယုံ သေချာဆုံးဖြတ်ပြီးချိန်တွင် ချမ်လင်းလင်၏ လက်က သူ့လည်ပင်းအနောက်ကို ထိလာသဖြင့် သူ ယားယံသလို ခံစားမိသွားသည်။
*သူမ ဘာလုပ်နေတာလဲ။ အခု သူမက ငါ့ကို စနောက်နေတာလား*
လီယုံ လည်ပင်းကို တွန့်လိုက်ချိန်တွင် ချမ်လင်းလင်၏ အသံက သူ့နားနားမှကပ်၍ ထွက်ပေါ်လာသည်။
"ကိုလူချော ရှင်က မြင်တတ်သားပဲ။ ဒီစီမံကိန်းက ငါတို့ရဲ့ စီနီယာအကျဆုံး မြို့ပြစီမံကိန်း ဆွဲသူရဲ့ အပြောင်မြောက်ဆုံး လက်ရာပဲ"
သူမက ထိုသို့ပြောပြီး လီယုံ၏ ခြေဖဝါးကို တစ်ဆယ် စင်တီမီတာခန့်ရှိသော ဒေါက်ဖိနပ်ဖြင့် ဖိကာ ညုတုတုအသံဖြင့် ရယ်နေသည်။ လီယုံက ကျန်းယွီရုံကို လှမ်းကြည့်လိုက်သောအခါ ကျန်းယွီရုံကလည်း သူ့ကို ပျော်ရွှင်စွာပြုံး၍ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
*ချမ်လင်းလင် ငါ့ကို စနေတာကို သူ အရှင်းသား မြင်နေရတာတောင် ဘာလို့ပျော်နေရတာပါလိမ့်*
YOU ARE READING
နတ်မျက်စိရှင် သမားတော် [Chapter 1-200]
Fantasyဇာတ်လမ်းအကျဉ်း အခြား ဆေးကျောင်းသားများကဲ့သို့ လီယုံသည် ကြိုးစားပမ်းစားနှင့် ဆေးရုံတစ်ရုံ၌ အလုပ်သင် ဆရာဝန် အဖြစ် အလုပ်ရခဲ့သော်လည်း ပိုက်ဆံ ပြတ်လပ်နေသေးသည်။ သူ့၌ အိမ်ငှားခအတွက် ပေးရန် ပိုက်ဆံမရှိပေ။ သို့သော် တိုက်ဆိုင်မှုတစ်ခုကြောင့် သူသည် သူ့မိဘများ...