Chapter 43

577 87 0
                                    

နတ်မျက်စိရှင် သမားတော်
Amazing Doctor with Super Vision
Author Gong Zi Wu Lang
ဘာသာပြန် Han Shin

စာစဉ် (3) CHAPTER (43) ဆေးခန်း ဖျက်ဆီးခံလိုက်ရခြင်း
"တန်းဟုန်လီလား။ မင်း ဘာလို့ ဒီကိုရောက်နေတာလဲ။
လီယုံက အံ့ဩနေသော လေသံဖြင့် မေးလိုက်သည်။
"ဟမ်၊ ငါက ဘာလို့ ဒီရောက်နေတာလဲ ဟုတ်လား။ နင် ပြောကြည့်ပါလား။ ငါက ဒီမှာ အလုပ်လုပ်နေလို့ပေါ့ဟဲ့။ ဘယ်လိုလဲ။ ငါ သိပ်ကံကောင်းတယ်မလား၊ ဟုတ်တယ်မလား။ အကျိုးအမြတ် များတဲ့ ကုမ္ပဏီမှာ အလုပ်လုပ်နေတာလေ"
"ဒါနဲ့ စကားမစပ် နင့်ကို ကျုံးဟိုင် ကနဦးဆေးရုံက အလုပ်ထုတ်လိုက်ပြီလို့ ငါ ကြားတယ်၊ ဟမ့်၊ အံ့ဩစရာပဲ။ နင် အဲ့နေရာမှာ အလုပ်လုပ်နိုင်လိမ့်မယ်လို့ ါင ထင်မထားမိဘူး"
တန်းဟုန်လီက အခြားသူများကို မှိုချိုးမျှစ်ချိုး ပြောရတာကို သဘောကျသကဲ့သို့ ပြင်းထန်သော ထေ့ငေါ့လ့ဒးများဖြင့် ပြောလာသည်။ ကျောင်းနေဖက်များ သို့မဟုတ် အတန်းဖော်များနှင့် တွေ့ဆုံလျင်လည်း သူမသည် သူမ ကောင်းကြောင်းကိုသာ ပြော၍ အခြားသူများ၏ အနာဟောင်း များကိုသာ ဆွပေးလေ့ရှိသည်။
လီယုံသည်လည်း ကျောင်းပြီးသည်နှင့် ကျုံးဟိုင် ကနဦးဆေးရုံ၌ အလုပ်သင်အဖြစ် လုပ်ရလိမ့်မည်ဟု ထင်မထားခဲ့ပါ။
သူ့၌ ဆေးရုံနှင့် အဆက်အသွယ်ကောင်း မရှိသလို သူ၏ ကြီးကြပ်သူများအား လက်ဆောင်ပဏ္ဍာပေးရန် ပိုက်ဆံလည်း မရှိခဲ့ပေ။ သူ့ကျောင်းတုန်းက အမှတ်များသည်လည်း သိပ်ကောင်းလှသည် မဟုတ်ပါ။ သူသည် ကျောင်းတက်စဉ်က ထူးချွန်သော စွမ်းဆောင်မှုများ မရှိခဲ့ပဲ သာမန်သာ ဖြစ်ခဲ့သည်။
သူ့ထက် ပိုတော်သော ကျောင်းသားများ ထိုကဲ့သို့ အခွင့်အရေးမျိုး မရခဲ့သော်လည်း သူကတော့ ကျုံးဟိုင် ကနဦးဆေးရုံ၌ သွားပင်မလျှောက်ဘဲ စာရင်းထဲ ပါနေခဲ့သည်။
လီယုံအတွက် ထိုအလုပ်သည် မိုးကောင်းကင်က ပေးသော ကံကောင်းခြင်းလိုပင်။ သူသည် လူမသိသူမသိ ဖြစ်ခဲ့သော်လည်း ဘွဲ့ရခါနီးတွင် တက္ကသိုလ် ကျောင်းနေဖက်များကြား၌ သူ့အကြောင်းက ပူပူနွေးနွေး သတင်းတစ်ပုဒ် ဖြစ်သွားသည်။ လူတွေက သူ့အကြောင်း ဆက်၍ ဆွေးနွေးကြသည်၊ အထူးသဖြင့် သူ၏ မိသားစု နောက်ခံအသိုင်းအဝိုင်းအကြောင်းပင်။
သူက ကလေးဘဝကတည်းက မိဘများ၏ စောင့်ရှောက်မှု မခံရသည့် မိဘမဲ့တစ်ယောက်ဆိုတာကို လီယုံတစ်ယောက်တည်းသာ သိသည်။ သူ့ကို ကျွေးမွေးပြုစုခဲ့သူက မသန်မစွမ်းတစ်ယောက် ဖြစ်သည်။ ထိုလူသည် လီယုံအပေါ် ကောင်းကောင်းဆက်ဆံ၍ လီယုံ တောင်းဆိုတာ အားလုံးနီးပါးကို ဖြည့်ဆည်းပေးသည်၊ အထူးသဖြင့် ပိုက်ဆံပင်။
သို့သော် ထိုမသန်မစွမ်းက လီယုံသည် ကောက်ရသော ကလေးတစ်ယောက်ဟု ပြောခဲ့သဖြင့် ထိုမသန်မစွမ်းကို မုန်းနေသည်။
'ကောက်ရသည်' ဟူသော စကားက လီယုံ၏ ရင်ကို ကြေကွဲစေ၏။ ထိုမသန်မစွမ်းသည် အလုပ်မလုပ်သော်လည်း နေဖို့စားဖို့ စိုးရိမ်စရာ မလိုပေ။ သူ ဘယ်ကနေ ပိုက်ဆံရသလဲဆိုတာကို လီယုံ စဉ်းစားလို့မရပါ။
လီယုံ သူ့ကို အရင်က မေးဖူးသော်လည်း သူ ဘယ်တော့မှ ပြန်မဖြေခဲ့။ လီယုံ အတင်းမေးလျင်တော့ သူ ငယ်ငယ်တုန်းက စုထားသောကြောင့် ပိုက်ဆံရှိနေတာဟု ပြန်ဖြေလေသည်။
တစ်ခါတရံတွင် သူ့မိဘများက ဘယ်လိုဘယ်ပုံ ရှိသလဲဆိုတာကို လီယုံ သိချင်မိသော်လည်း သူ့စိတ်၏ အနက်ရှိုင်းဆုံး တစ်နေရာတွင်တော့ ထိုသူတို့အား သူ မလိုမုန်းတီးမိပြီး သူတို့နှင့် မတွေ့ချင်သလို ခံစားရသည်။
လီယုံ အတွေးနက်နေသည်ကို မြင်ပြီး တန်းဟုန်လီက လေသံမြှင့်၍ ပြောလေ‌တော့သည်။
"နင် ဘာလို့ ကျုံးဟိုင် ကနဦးဆေးရုံကနေ အလုပ်ထုတ်ခံရတာလဲ။ သူတို့က ဆရာဝန်တွေကို အလုပ်ထုတ်ခဲပါတယ်၊ ဆရာဝန်တွေ အမှားကြီး မမှားမချင်းပေါ့။ ပြောရရင် အဲ့မှာ အလုပ်လုပ်ရတာက တကယ့်ကို ခိုင်မာတဲ့ အလုပ်ပဲလေ"
"ငါ အလုပ်ထုတ်ခံရတာမဟုတ်ဘူး။ ငါ ထွက်စာတင်လိုက်တာ"
လီယုံ မကျေမနပ်နှင့် ပြန်ပြောလိုက်သည်။
"ထွက်စာတင်တယ် ဟုတ်လား။ သွားစမ်းပါ။ နင့်မိသားစုက နင် အဲ့မှာ အလုပ်ရဖို့ ပိုက်ဆံတွေ အတော်လေး ပေးထားတယ်လို့ ငါ လောင်းရဲတယ်။ ကျုံးဟိုင် ကနဦးဆေးရုံက ကျုံးဟိုင်မြို့မှာ အကောင်းဆုံးဆေးရုံပဲ။ တစ်နိုင်ငံလုံးအနှံ့က ဆေးရုံတွေထဲက ပထမတန်းဆေးရုံတစ်ခုလေ။ အဲ့ဆေးရုံက အကောင်းဆုံး လစာနဲ့ အနေအထားတွေကို ပေးတာ။ နင်က ဘာလို့ ထွက်စာတင်ရတာလဲ"
တန်းဟုန်လီသည် သူ ဘာကြောင့် ထွက်စာတင်ရသလဲ ဆိုတာကို နားမလည်သောကြောင့် သူ ပြောတာကို မယုံပေ။
လီယုံက လှောင်ရယ်၍ တန်းဟုန်လီနှင့် ဆက်မပြောချင်တော့သောကြောင့် စကားမပြောတော့ချေ။
တန်းဟုန်လီသည် တုံးအသော ပြဿနာကောင်မျှသာ ဖြစ်သည်။ သို့သော် တန်းဟုန်လီက စကားလမ်းကြောင်း လွှဲ၍ ထပ်ပြောလာသည်။
"နင် ဒီကို အလုပ်လျှောက်ဖို့ လာတာလား။ ငါ ဒီမှာ လုပ်နေတာ နှစ်ဝက်လောက် ရှိပြီ။ ငါ နင့်အတွက် နည်းနည်း ပြောပေးလို့ရတယ်။ ဒီက စီနီယာတွေက ငါနဲ့ ရင်းနှီးတယ်လေ၊ ပြီး‌တော့ ငါလည်း မကြာခင် စီနီယာ ဖြစ်လာတော့မှာ"
"မလိုဘူး၊ ငါ ဒီကို ဟန်ဖေးနဲ့ အလုပ်ကိစ္စတစ်ချို့ ပြောဖို့လာတာ"
လီယုံက အေးတိအေးစက်ဖြင့် ပြန်ပြောလိုက်သည်။ သူမက ဒီလိုကုမ္ပဏီလေးမှာ အလုပ်ရုံလေး လုပ်ရတာကို ဘာကြောင့် ဂုဏ်ယူ၍ ကြွားလုံးထုတ်နေရသလဲဆိုတာကို သူ နားမလည်နိုင်ပါ။
"ဒါဆိုလည်း နင် ချိန်းဆိုချက် အရင်လုပ်ထားဖို့ လိုတယ်လေ။ ငါ နင့်အတွက် လုပ်ပေးလို့ရတယ်။ နင် အခု ချိန်းဆိုချက် လုပ်ထားမယ်ဆိုရင် နင် သန်ဘက်ခါလောက် သူမနဲ့ တွေ့ရလောက်တယ်"
လီယုံက သူမကျောင်းနေဖက် ဖြစ်နေသည့်အချက်ကြောင့် တန်းဟုန်လီက သူ့ကို မျက်နှာသာပေးရန် ဆုံးဖြတ်လိုက်သည်။
လီယုံက သရော်သံပြုလိုက်၏။
"ငါ့ခယ်မနဲ့ တွေ့ဖို့ကို ချိန်းဆိုချက်လုပ်ဖို့ လိုတာလား"
"ခယ်မ၊ မစ္စဟန်က နင့်ခယ်မလို့ နင် ပြောချင်တာလား"
တန်းဟုန်လီ ထိတ်လန့်သွားသည်။
"နင် သူမကို သွားမေးလို့ရတယ်"
လီယုံ လှောင်ရယ်လိုက်သည်။ သူက ဘယ်သူလဲဆိုတာကို သူ မပြောချင်ပါ။ သူက ဤကုမ္ပဏီ၏ တကယ့်သူဌေးပါဟု ပြောလိုက်လျင် တန်းဟုန်လီ ဘယ်လိုနေမလဲ သူ သိချင်မိသည်။
တန်းဟုန်လီက မယုံဟန်နှင့် မျက်လုံးလွှဲလိုက်ပြီးနောက် ပြုံး၍ ပြောလိုက်သည်။
"ပြီးရောလေ၊ ငါ နောက်မှ မစ္စဟန်ကို မေးကြည့်မယ်။ နင် ညာတာဆိုရင်တော့ နင် သတိထားနော်၊ သူမက နင့်ကို နာမည်ပျက်စာရင်း သွင်းပစ်မှာ။ ဒါဆို နင် သူမနဲ့ တွေ့လို့မရုံတင် မကဘူး၊ တစ်သက်လုံး အလုပ်တွဲလုပ်ဖို့ အခွင့်အရေးပါ ဆုံးရှုံးရမှာ"
"အဟက်"
လီယုံ သူမနှင့် ထပ်မပြောချင်တော့ပေ။ သူ အဝေးသို့ ထွက်သွားရန် ပြင်လိုက်ချိန်တွင် အစည်းအဝေးခန်း၏ တံခါးက ပွင့်လာပြီး ဟန်ဖေး အရင်ဆုံး ထွက်လာသည်ကို သတိထားလိုက်မိသည်။ သူမသည် အပြာရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားသဖြင့် စိတ်ဓာတ်ခိုင်မာ၍ ထက်မြက်ပြီး မျက်စိပသာဒ ဖြစ်လှသည်။
သူမ လီယုံကို ချက်ချင်း သတိထားမိသွားပြီး သူထံသို့ ပျော်ရွှင်စွာ လှမ်းလာပြီး ပြုံး၍ မေးလာသည်။
"လီယုံ ဘာကိစ္စရှိလို့လဲ"
လီယုံအား ဒီကို လာရန် ပြောခဲ့စဉ်က သူ ငြင်းခဲ့သောကြောင့် ယခု လီယုံကို မြင်လိုက်ရသဖြင့် ဟန်ဖေး အံ့ဩသွားသည်။
ဟန်ဖေးက လီယုံ၏ နာမည်ကို ခေါ်လိုက်သည်ကို မြင်ပြီး တန်းဟုန်လီ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ထို့အပြင် သူမ၏ ပုံမှန် အေးတိအေးစက် မျက်နှာထား ဖြစ်နေမည့်အစား ဟန်ဖေးက လီယုံကို အားပါးတရ ပြုံးပြနေသောကြောင့် တန်းဟုန်လီ ပို၍ အံ့ဩသွားရသည်။
"ဘာတွေဖြစ်နေတာလဲ။ ဘာတွေ ဖြစ်နေခဲ့တာလဲ။ ငါတို့က ပြီးခဲ့တဲ့ နှစ်ဝက်တုန်းက ကျောင်းကနေ အတူတူ ဘွဲ့ရလာတာလေ။ သူက ဘယ်လိုလုပ် ဒီလောက်ထိ စွမ်းဆောင်နိုင်တာလဲ"
တန်းဟုန်လီသည် ဤနေရာ၌ နှစ်ဝက်ခန့် အလုပ်လုပ်နေသော်လည်း ဟန်ဖေးသည် သူမ၏ မျိုးရိုးနာမည်ကိုတောင်မှ မသိသဖြင့် သူမနှင့် စကားစမြည် ပြောရန် ပို၍ မဖြစ်နိုင်ပေ။ လီယုံက ဤသို့လာတာ ပထမဆုံးအကြိမ် ဖြစ်သော်လည်း တစ်ယောက်နှင့်တစ်ယောက် အလွန် ရင်းနှီးနေသလိုပင်။
ထိုစဉ် လီယုံ ပြောခဲ့တာကို သတိထားမိပြီးနောက် တန်းဟုန်လီ မိုးကြိုးပစ်ခံရသလို ဖြစ်ကာ တအံ့တဩနှင့် စကားပင် မပြောနိုင်တော့ချေ။
"ငါ ဒီကို မင်းနဲ့ ပြောစရာရှိလို့ လာတာ။ မင်း တစ်လအတွင်း ကုမ္ပဏီအမြတ်ကို နှစ်ဆတိုးလာအောင် လုပ်ရင်ကောင်းမယ်"
လီယုံက ပြောင်ပြောင်တင်းတင်း ပြောချလိုက်သည်။ သူ ပြောလိုက်သည့် စကားက မကျယ်သော်လည်း တန်းဟုန်လီအတွက် မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်လွန်းလှသည်။
ဟန်ဖေး၏ ပြုံးနေသော မျက်နှာနှင့် ရင်ဆိုင်မိလျင် လီယုံကဲ့သို့ တည်ငြိမ်သောသူမျိုးအား သူမ တစ်ခါမှ မမြင်ဖူးပါ။
"နင် ဘာပြောချင်တာလဲ။ နင် ပိုက်ဆံ လုံလုံလောက်လောက် မရမှာကို စိုးရိမ်နေတာလား"
ဟန်ဖေး မချိပြုံးပြုံးလိုက်သည်။
"မင်း မတတ်နိုင်ဘူးလား"
လီယုံက သူမကို မေးခွန်းထုတ်၍ ပြန်ပြောလာသည်။
"ငါ မတတ်နိုင်လို့ မဟုတ်ပါဘူး၊ ဒါပေမယ့် နင် ဘာလို့ ဒီလောက် ပိုက်ဆံအများကြီး ရှာချင်တာလဲ။ နေထိုင်ဖို့ ပိုက်ဆံအလုံအလောက် ရှိနေတာက မလုံလောက်လို့လား။ ရောင့်ရဲတတ်တာက ပျော်ရွှင်မှုပဲလေ"
ဟန်ဖေးပုံစံက လောကကြီး၏ ဗလာဖြစ်တည်နေမှုကို သိမြင်နေသလိုပင်။
တန်းဟုန်လီ ပိုကြားရလေ၊ ပို၍ စိတ်လှုပ်ရှားကာ ထိတ်လန့်နေရသည်။
သူမ ထပ်၍ ကြားချင်သော်လည်း လီယုံနှင့် ဟန်ဖေးတို့က ဥက္ကဋ္ဌ၏ ရုံးခန်းထဲသို့ ဝင်သွားကာ တံခါးပိတ်လိုက်ကြသည်။ ဟန်ဖေးက 'မနှောင့်ယှက်ရ' ဟူသည့် ဆိုင်းဘုတ်ကို ပြတင်းပေါက်၌ ချိတ်လိုက်သည်ကို တန်းဟုန်လီ အသေအချာ မြင်လိုက်ရသည်။
အလုပ်သမားများအတွက်မူ ထိုဆိုင်းဘုတ်ကို သူတို့ မြင်ပါက မည်မျှ အရေးကြီးနေပါစေ၊ သူမကို ဝင်၍ မနှောင့်ယှက်ရမှန်း သိထားကြသည်။
ထိုဆိုင်းဘုတ် ချိတ်တာကို တန်းဟုန်လီ တစ်ခါသာ မြင်ဖူးသေးသည်။ ထိုအချိန်က ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌ ဟန်တုန်းထောင် ရောက်လာသောကြောင့် ဟန်ဖေးက ထိုဆိုင်းဘုတ် ချိတ်လိုက်ခြင်း ဖြစ်သည်။ ယခု ထိုဆိုင်းဘုတ်ကို ဟန်ဖေးက လီယုံအတွက် ချိတ်လာသည်။
လီယုံသည် အလုပ်လုပ်ရန် လာခြင်းမဟုတ်ဘဲ ဟန်ဖေးအား ဆေးညွှန်းတစ်ခု ပေးရန် လာခဲ့ခြင်း ဖြစ်သည်။ မနေ့ညက သူမကို ပေးဖို့ ရည်ရွယ်ထားသည့် ဆေးညွှန်း ဖြစ်သော်လည်း သူမ မယူခဲ့ပေ။ သူက ဟန်ဖေးအား ဆေးညွှန်းထဲကအတိုင်း လဝက်အတွင်း ဆေးဝါးထုတ်လုပ်၍ ဈေးကွက်အတွင်း တစ်လအတွင်း ဖြန့်ချိ၍ အမြတ်ကို နှစ်ဆဖြစ်အောင် လုပ်ပေးရန် ပြောလာသည်။ ထိုအခါမှသာ သူ၏ အစွမ်းအစကို ဟန်လူအား သက်သေပြနိုင်ပေတော့မည်။
ဟန်ဖေးသည် ရက်ပိုင်းလောက် အလုပ်များနေသည်၊ သူမ အနားယူရန် ကြံစည်ထားသော်လည်း ထိုအလုပ်ကို လက်ခံလိုက်သည်၊ အဘယ်ကြောင့်ဆိုသော် လီယုံက မက်လုံးအနေအဖြင့် အမြတ်၏ ဆယ်ရာခိုင်နှုန်း ပိုပေးမည်ဟု ပြောလာသောကြောင့်ပင်။
ဤဆေးညွှန်းအတွက် သူတို့သည် အမြတ်ကို လေးဆယ် - ခြောက်ဆယ် ခွဲလိုက်သဖြင့် ဟန်ဖေး မငြင်းနိုင်တော့ချေ။
ကိစ္စများကို ပြောဆိုပြီးနောက် လီယုံ ထွက်လာခဲ့သည်။ သူ ကုမ္ပဏီမှ ထွက်လာစဉ် တန်းဟုန်လီက သူ့ကို လှမ်းခေါ်သံကို ကြားလိုက်ရသည်။
"လီယုံ ခဏလောက် စောင့်ပါဦး"
လီယုံ ပြုံး၍ နောက်လှည့်လိုက်သည်။ ပို၍ ယဉ်ကျေးလာသော တန်းဟုန်လီနှင့် မျက်နှာချင်း ဆိုင်မိပြီးနောက် လီယုံ ပြန်မေးလိုက်သည်။
"ငါ့ကျောင်းနေဖက်လေး ဘာကိစ္စရှိလို့လဲ"
"လီယုံ၊ ဟို ... နင် အချိန်များ ရမလားလို့ ငါ သိချင်လို့ပါ။ ငါ နင့်ကို ညစာလိုက်ကျွေးချင်လို့"
တန်းဟုန်လီက သူ့ကို ငမ်း၍ ပြုံးစိစိဖြင့် ပြောလိုက်သည်။
"အချိန်မရဘူး"
လီယုံ တန်းငြင်းလိုက်သည်။ သူမ ရှက်သွားအောင် လုပ်မိမည်ကိုလည်း သူ မစိုးရိမ်ပါ၊ အဘယ်ကြောင့်ဆိုသော် တန်းဟုန်လီကဲ့သို့ မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်သော လူစားမျိုးက ရှက်တတ်လိမ့်မည် မဟုတ်ပါ။
ထင်သည့်အတိုင်းပင် တန်းဟုန်လီက ရယ်လာသည်။
"နင် ဒီနေ့ အချိန်မရဘူးဆိုလည်း ငါတို့ ကြိုချိန်းထားလိုက်မယ်လေ။ ငါ ဒကာခံမှာမို့ ငါ ရှင်းမှာပါ။ စိတ်ချလက်ချနေပါ။ ငါ နင့်ကို အသားမယူပါဘူး"
"ကြိုချိန်းထားလို့လည်း မရဘူး"
လီယုံ ဂရုမစိုက်စွာ ပြောလိုက်သည်။ ဤကဲ့သို့ လူစားမျိုးနှင့် သူ ပြောစရာစကားမရှိပါ။
"ဒါဆိုလည်း နင် ငါ့ကို ကူညီနိုင်မလားဟင် ... ငါ ဒီမှာ လုပ်နေတာ နှစ်ဝက်လောက်ရှိပြီ။ ငါနဲ့ တစ်ချိန်တည်း အလုပ်လုပ်နေတဲ့သူတွေတောင် လစာ တိုးသွားပင်မယ့် ငါက မတိုးသေးဘူး။ ငါလည်း တကယ် အလုပ်ကြိုးစားပါတယ်ဟာ ..."
တန်းဟုန်လီ တရစပ် ပြောလေတော့သည်။ ထိုစဉ် တစ်စုံတစ်ယောက်က လီယုံကို ဖုန်းဆက်လာသည်။
*အချိန်ကိုက်ပဲကွာ*
တန်းဟုန်လီကို ဘယ်လိုခါထုတ်ရမလဲဟု လီယုံ တွေးနေခဲ့တာ ဖြစ်သည်။ သူမက သူ လစာတိုးရရန် ကူညီပေးပါဟု သူ့ကို အကူအညီတောင်းလာသည်။ သူ ဒီအကြောင်းကို ထပ်မကြားချင်တော့ပါ။
သူ ဖုန်းကို ချက်ချင်း ထုတ်လိုက်သည်။ ကျန်းယွီရုံ ဖုန်းဆက်နေခြင်း ဖြစ်သည်။ သူ ချက်ချင်း ဖုန်းကိုင်လိုက်သည်။
ဆေးဝါး စီမံခန့်ခွဲမှုအတွက် ဖုန်းခေါ်တာဟု သူ ထင်လိုက်မိသည်။ ထို့ကြောင့် သူသည် လမ်းဘေး၌ လမ်းလျှောက်ရင်း နားထောင်နေလိုက်သည်။ ထို့အတူ သူ လက်ဆန့်၍ တက္ကစီ ငှားလိုက်သည်။ သူ့နောက် တကောက်ကောက်လိုက်နေသော တန်းဟုန်လီကို သူ ဥပေက္ခာပြုထားလိုက်သည်။
လီယုံကို အထင်သေးခဲ့သော တန်းဟုန်လီက ယခုအခါတွင်တော့ အရှက်မရှိ သူ့ကို လိုက်တောင်းပန်နေသည်။
သူမ တောင်းဆိုမှုက လီယုံအတွက် ဘာမှမဟုတ်သော်လည်း သူသည် ကုမ္ပဏီ လည်ပတ်မှု၌ ဝင်မပါချင်ပါ။ ဟန်ဖေး၌ ကိုယ်ပိုင် အုပ်ချုပ်မှုပုံစံ ရှိမည်ဟု သူ ယုံကြသည်။ အကယ်၍ သူက အခြားသူများကို မျက်နှာသာပေးပါက ဟန်ဖေး သူ့ကို အထင်သေးသွားလောက်သည်။
"ရှောင်ယုံ တစ်ခုခုတော့ မှားနေပြီ။ မစ္စတာဝူက လူတစ်စုကို ခေါ်လာပြီး ငါတို့ ချမ်းမြေ့ဆေးခန်းကို ဖျက်ဆီးနေတယ် ..."
ကျန်းယွီရုံက ပျာယာခတ်နေသော လေသံဖြင့် ပြောလာသဖြင့် လီယုံ တုန်လှုပ်ကာ စိုးရိမ်မိသွားသည်။
"ဘာ"
လီယုံ ဒေါသထွက်လာသည်။
*ဘာလဲဟ*
"သူတို့က နင့်ဆီလာတာ၊ ဒါပေမယ့် နင့်ကိုလည်း မတွေ့ရော၊ သူတို့က ဆေးခန်းကို ဖျက်ဆီး လိုက်ကြတာပဲ။ နင် အဝေးမှာ ပုန်းနေလိုက်။ သူတို့ နင့်ကို ရှာမတွေ့စေနဲ့။ နင်က ကတိမတည်ဘဲ သူတို့ကို လိမ်တယ်လို့ ပြောနေကြတာ။ သူတို့က နင့်ကို ရိုက်နှက်ပြီး ကျုံးဟိုင်မြို့ကနေ ကန်ထုတ်မယ်လို့ ကြိမ်းမောင်းနေကြတယ်"
ကျန်းယွီရုံ စိုးရိမ်ထိတ်လန့်သော လေသံဖြင့် ပြောလာသည်။ သူမ ခေါင်းထဲ ရှုပ်ထွေးနေသည်။ အကယ်၍ လီယုံသာ နှင်ထုတ်ခံရမည်ဆိုလျင် သူမ ဘယ်လိုဖြစ်သွားမည်နည်း။
လီယုံ ဒေါသထွက်ကာ ချက်ချင်း တက္ကစီပေါ် တက်လိုက်ပြီး ဒရိုင်ဘာအား စက်မှုဇုန်နယ်မြေထဲရှိ ချမ်းမြေ့ဆေးခန်းသို့ မောင်းရန် ပြောလိုက်သည်။
မိနစ်နှစ်ဆယ်ကြာသော် သူ ချမ်းမြေ့ဆေးခန်းသို့ ရောက်လာပြီး မှန်တံခါးက ပျက်ဆီးကာ ဘီရိုနှင့် အပြင်အဆင်များအားလုံး ကျိုးပျက်နေသည်ကို မြင်လိုက်ရသည်။ ဆေးအိတ်များအားလုံး ကြမ်းပြင်ပေါ် ပြန့်ကျဲနေသည။ ကျန်းယွီရုံက မျက်ရည်လည်ရွဲဖြင့် သန့်ရှင်းရေး လုပ်နေ၏။
"ယွီရုံ အဲ့ခွေးမသားတွေ ဘယ်မလဲ"
လီယုံ အကြီးအကျယ် စိတ်ကုန်သွားသည်။
"နင် ဘာလို့ ပြန်လာတာလဲ။ သွားတော့။ သူတို့ နင့်ကို မမြင်စေနဲ့"
လီယုံကို မြင်ပြီး ကျန်းယွီရုံ စိတ်ထဲ ပျော်သွားသော်လည်း စိုးရိမ်နေမိသည်။ သူမ လီယုံကို အပြင်သို့ တွန်းထုတ်ချင်သော်လည်း သူ့အား အပေါ်ထပ်သို့ အလျင်အမြန် ဆွဲခေါ်၍ ပုန်းနေရန် ပြောလာသည်။
"ယွီရုံ မစိုးရိမ်ပါနဲ့။ မစ္စတာဝူက ဘယ်သူလဲဆိုတာ ကိုယ် ဂရုမစိုက်ဘူး။ အခု သူက ကိုယ့်နေရာကို ဖျက်ဆီးရဲတဲ့ သတ္တိရှိနေမှတော့ ကိုယ် သူ့ကို ဒီအတိုင်း မထားနိုင်ဘူး"
လီယုံက ကျန်းယွီရုံ၏ မျက်ရည်များကို ညင်သာစွာ ဖယ်ရှား၍ အလေးအနက် ပြောလိုက်သည်။
"ဝူမိသားစုက အင်အားကြီးတဲ့ နောက်ခံရှိတာ။ မေ့လိုက်ပါတော့"
ကျန်းယွီရုံက သူ့ကို နှစ်သိမ့်လာသည်။
"ငါတို့ ပိုက်ဆံရှာလို့ရနေတာပဲကို။ အဲ့လောက်ပိုက်ဆံလေးကို စိုးရိမ်နေစရာ မလိုပါဘူး။ ဒီနေရာကို ပြန်ပြင်ဖို့ ငါတို့အတွက် သိပ်မကုန်လောက်ပါဘူး"
သို့သော် လီယုံက သည်းမခံနိုင်ပါ။ သူ ဖုန်းကိုထုတ်ကာ ဝူတန်းကို ဖုန်းခေါ်လိုက်သည်။
တရားဥပဒေ စိုးမိုးသော လူ့အသိုင်းအဝိုင်းအတွင်း၌ အခြားသူများကို နှိပ်စက်ညှဉ်းပန်းတတ်သော ဝူတန်းကို သူ တရားမဆွဲနိုင်ဟု သူ လက်မခံနိုင်ပေ။
#Zawgyi
စာစဥ္ (3) CHAPTER (43) ေဆးခန္း ဖ်က္ဆီးခံလိုက္ရျခင္း
"တန္းဟုန္လီလား။ မင္း ဘာလို႔ ဒီကိုေရာက္ေနတာလဲ။
လီယုံက အံ့ဩေနေသာ ေလသံျဖင့္ ေမးလိုက္သည္။
"ဟမ္၊ ငါက ဘာလို႔ ဒီေရာက္ေနတာလဲ ဟုတ္လား။ နင္ ေျပာၾကည့္ပါလား။ ငါက ဒီမွာ အလုပ္လုပ္ေနလို႔ေပါ့ဟဲ့။ ဘယ္လိုလဲ။ ငါ သိပ္ကံေကာင္းတယ္မလား၊ ဟုတ္တယ္မလား။ အက်ိဳးအျမတ္ မ်ားတဲ့ ကုမၸဏီမွာ အလုပ္လုပ္ေနတာေလ"
"ဒါနဲ႔ စကားမစပ္ နင့္ကို က်ဳံးဟိုင္ ကနဦးေဆး႐ုံက အလုပ္ထုတ္လိုက္ၿပီလို႔ ငါ ၾကားတယ္၊ ဟမ့္၊ အံ့ဩစရာပဲ။ နင္ အဲ့ေနရာမွာ အလုပ္လုပ္ႏိုင္လိမ့္မယ္လို႔ ါင ထင္မထားမိဘူး"
တန္းဟုန္လီက အျခားသူမ်ားကို မႈိခ်ိဳးမွ်စ္ခ်ိဳး ေျပာရတာကို သေဘာက်သကဲ့သို႔ ျပင္းထန္ေသာ ေထ့ေငါ့လ့ဒးမ်ားျဖင့္ ေျပာလာသည္။ ေက်ာင္းေနဖက္မ်ား သို႔မဟုတ္ အတန္းေဖာ္မ်ားႏွင့္ ေတြ႕ဆုံလ်င္လည္း သူမသည္ သူမ ေကာင္းေၾကာင္းကိုသာ ေျပာ၍ အျခားသူမ်ား၏ အနာေဟာင္း မ်ားကိုသာ ဆြေပးေလ့ရွိသည္။
လီယုံသည္လည္း ေက်ာင္းၿပီးသည္ႏွင့္ က်ဳံးဟိုင္ ကနဦးေဆး႐ုံ၌ အလုပ္သင္အျဖစ္ လုပ္ရလိမ့္မည္ဟု ထင္မထားခဲ့ပါ။
သူ႔၌ ေဆး႐ုံႏွင့္ အဆက္အသြယ္ေကာင္း မရွိသလို သူ၏ ႀကီးၾကပ္သူမ်ားအား လက္ေဆာင္ပ႑ာေပးရန္ ပိုက္ဆံလည္း မရွိခဲ့ေပ။ သူ႔ေက်ာင္းတုန္းက အမွတ္မ်ားသည္လည္း သိပ္ေကာင္းလွသည္ မဟုတ္ပါ။ သူသည္ ေက်ာင္းတက္စဥ္က ထူးခြၽန္ေသာ စြမ္းေဆာင္မႈမ်ား မရွိခဲ့ပဲ သာမန္သာ ျဖစ္ခဲ့သည္။
သူ႔ထက္ ပိုေတာ္ေသာ ေက်ာင္းသားမ်ား ထိုကဲ့သို႔ အခြင့္အေရးမ်ိဳး မရခဲ့ေသာ္လည္း သူကေတာ့ က်ဳံးဟိုင္ ကနဦးေဆး႐ုံ၌ သြားပင္မေလွ်ာက္ဘဲ စာရင္းထဲ ပါေနခဲ့သည္။
လီယုံအတြက္ ထိုအလုပ္သည္ မိုးေကာင္းကင္က ေပးေသာ ကံေကာင္းျခင္းလိုပင္။ သူသည္ လူမသိသူမသိ ျဖစ္ခဲ့ေသာ္လည္း ဘြဲ႕ရခါနီးတြင္ တကၠသိုလ္ ေက်ာင္းေနဖက္မ်ားၾကား၌ သူ႔အေၾကာင္းက ပူပူေႏြးေႏြး သတင္းတစ္ပုဒ္ ျဖစ္သြားသည္။ လူေတြက သူ႔အေၾကာင္း ဆက္၍ ေဆြးေႏြးၾကသည္၊ အထူးသျဖင့္ သူ၏ မိသားစု ေနာက္ခံအသိုင္းအဝိုင္းအေၾကာင္းပင္။
သူက ကေလးဘဝကတည္းက မိဘမ်ား၏ ေစာင့္ေရွာက္မႈ မခံရသည့္ မိဘမဲ့တစ္ေယာက္ဆိုတာကို လီယုံတစ္ေယာက္တည္းသာ သိသည္။ သူ႔ကို ေကြၽးေမြးျပဳစုခဲ့သူက မသန္မစြမ္းတစ္ေယာက္ ျဖစ္သည္။ ထိုလူသည္ လီယုံအေပၚ ေကာင္းေကာင္းဆက္ဆံ၍ လီယုံ ေတာင္းဆိုတာ အားလုံးနီးပါးကို ျဖည့္ဆည္းေပးသည္၊ အထူးသျဖင့္ ပိုက္ဆံပင္။
သို႔ေသာ္ ထိုမသန္မစြမ္းက လီယုံသည္ ေကာက္ရေသာ ကေလးတစ္ေယာက္ဟု ေျပာခဲ့သျဖင့္ ထိုမသန္မစြမ္းကို မုန္းေနသည္။
'ေကာက္ရသည္' ဟူေသာ စကားက လီယုံ၏ ရင္ကို ေၾကကြဲေစ၏။ ထိုမသန္မစြမ္းသည္ အလုပ္မလုပ္ေသာ္လည္း ေနဖို႔စားဖို႔ စိုးရိမ္စရာ မလိုေပ။ သူ ဘယ္ကေန ပိုက္ဆံရသလဲဆိုတာကို လီယုံ စဥ္းစားလို႔မရပါ။
လီယုံ သူ႔ကို အရင္က ေမးဖူးေသာ္လည္း သူ ဘယ္ေတာ့မွ ျပန္မေျဖခဲ့။ လီယုံ အတင္းေမးလ်င္ေတာ့ သူ ငယ္ငယ္တုန္းက စုထားေသာေၾကာင့္ ပိုက္ဆံရွိေနတာဟု ျပန္ေျဖေလသည္။
တစ္ခါတရံတြင္ သူ႔မိဘမ်ားက ဘယ္လိုဘယ္ပုံ ရွိသလဲဆိုတာကို လီယုံ သိခ်င္မိေသာ္လည္း သူ႔စိတ္၏ အနက္ရႈိင္းဆုံး တစ္ေနရာတြင္ေတာ့ ထိုသူတို႔အား သူ မလိုမုန္းတီးမိၿပီး သူတို႔ႏွင့္ မေတြ႕ခ်င္သလို ခံစားရသည္။
လီယုံ အေတြးနက္ေနသည္ကို ျမင္ၿပီး တန္းဟုန္လီက ေလသံျမႇင့္၍ ေျပာေလ‌ေတာ့သည္။
"နင္ ဘာလို႔ က်ဳံးဟိုင္ ကနဦးေဆး႐ုံကေန အလုပ္ထုတ္ခံရတာလဲ။ သူတို႔က ဆရာဝန္ေတြကို အလုပ္ထုတ္ခဲပါတယ္၊ ဆရာဝန္ေတြ အမွားႀကီး မမွားမခ်င္းေပါ့။ ေျပာရရင္ အဲ့မွာ အလုပ္လုပ္ရတာက တကယ့္ကို ခိုင္မာတဲ့ အလုပ္ပဲေလ"
"ငါ အလုပ္ထုတ္ခံရတာမဟုတ္ဘူး။ ငါ ထြက္စာတင္လိုက္တာ"
လီယုံ မေက်မနပ္ႏွင့္ ျပန္ေျပာလိုက္သည္။
"ထြက္စာတင္တယ္ ဟုတ္လား။ သြားစမ္းပါ။ နင့္မိသားစုက နင္ အဲ့မွာ အလုပ္ရဖို႔ ပိုက္ဆံေတြ အေတာ္ေလး ေပးထားတယ္လို႔ ငါ ေလာင္းရဲတယ္။ က်ဳံးဟိုင္ ကနဦးေဆး႐ုံက က်ဳံးဟိုင္ၿမိဳ႕မွာ အေကာင္းဆုံးေဆး႐ုံပဲ။ တစ္ႏိုင္ငံလုံးအႏွံ႔က ေဆး႐ုံေတြထဲက ပထမတန္းေဆး႐ုံတစ္ခုေလ။ အဲ့ေဆး႐ုံက အေကာင္းဆုံး လစာနဲ႔ အေနအထားေတြကို ေပးတာ။ နင္က ဘာလို႔ ထြက္စာတင္ရတာလဲ"
တန္းဟုန္လီသည္ သူ ဘာေၾကာင့္ ထြက္စာတင္ရသလဲ ဆိုတာကို နားမလည္ေသာေၾကာင့္ သူ ေျပာတာကို မယုံေပ။
လီယုံက ေလွာင္ရယ္၍ တန္းဟုန္လီႏွင့္ ဆက္မေျပာခ်င္ေတာ့ေသာေၾကာင့္ စကားမေျပာေတာ့ေခ်။
တန္းဟုန္လီသည္ တုံးအေသာ ျပႆနာေကာင္မွ်သာ ျဖစ္သည္။ သို႔ေသာ္ တန္းဟုန္လီက စကားလမ္းေၾကာင္း လႊဲ၍ ထပ္ေျပာလာသည္။
"နင္ ဒီကို အလုပ္ေလွ်ာက္ဖို႔ လာတာလား။ ငါ ဒီမွာ လုပ္ေနတာ ႏွစ္ဝက္ေလာက္ ရွိၿပီ။ ငါ နင့္အတြက္ နည္းနည္း ေျပာေပးလို႔ရတယ္။ ဒီက စီနီယာေတြက ငါနဲ႔ ရင္းႏွီးတယ္ေလ၊ ၿပီး‌ေတာ့ ငါလည္း မၾကာခင္ စီနီယာ ျဖစ္လာေတာ့မွာ"
"မလိုဘူး၊ ငါ ဒီကို ဟန္ေဖးနဲ႔ အလုပ္ကိစၥတစ္ခ်ိဳ႕ ေျပာဖို႔လာတာ"
လီယုံက ေအးတိေအးစက္ျဖင့္ ျပန္ေျပာလိုက္သည္။ သူမက ဒီလိုကုမၸဏီေလးမွာ အလုပ္႐ုံေလး လုပ္ရတာကို ဘာေၾကာင့္ ဂုဏ္ယူ၍ ႂကြားလုံးထုတ္ေနရသလဲဆိုတာကို သူ နားမလည္ႏိုင္ပါ။
"ဒါဆိုလည္း နင္ ခ်ိန္းဆိုခ်က္ အရင္လုပ္ထားဖို႔ လိုတယ္ေလ။ ငါ နင့္အတြက္ လုပ္ေပးလို႔ရတယ္။ နင္ အခု ခ်ိန္းဆိုခ်က္ လုပ္ထားမယ္ဆိုရင္ နင္ သန္ဘက္ခါေလာက္ သူမနဲ႔ ေတြ႕ရေလာက္တယ္"
လီယုံက သူမေက်ာင္းေနဖက္ ျဖစ္ေနသည့္အခ်က္ေၾကာင့္ တန္းဟုန္လီက သူ႔ကို မ်က္ႏွာသာေပးရန္ ဆုံးျဖတ္လိုက္သည္။
လီယုံက သေရာ္သံျပဳလိုက္၏။
"ငါ့ခယ္မနဲ႔ ေတြ႕ဖို႔ကို ခ်ိန္းဆိုခ်က္လုပ္ဖို႔ လိုတာလား"
"ခယ္မ၊ မစၥဟန္က နင့္ခယ္မလို႔ နင္ ေျပာခ်င္တာလား"
တန္းဟုန္လီ ထိတ္လန႔္သြားသည္။
"နင္ သူမကို သြားေမးလို႔ရတယ္"
လီယုံ ေလွာင္ရယ္လိုက္သည္။ သူက ဘယ္သူလဲဆိုတာကို သူ မေျပာခ်င္ပါ။ သူက ဤကုမၸဏီ၏ တကယ့္သူေဌးပါဟု ေျပာလိုက္လ်င္ တန္းဟုန္လီ ဘယ္လိုေနမလဲ သူ သိခ်င္မိသည္။
တန္းဟုန္လီက မယုံဟန္ႏွင့္ မ်က္လုံးလႊဲလိုက္ၿပီးေနာက္ ၿပဳံး၍ ေျပာလိုက္သည္။
"ၿပီးေရာေလ၊ ငါ ေနာက္မွ မစၥဟန္ကို ေမးၾကည့္မယ္။ နင္ ညာတာဆိုရင္ေတာ့ နင္ သတိထားေနာ္၊ သူမက နင့္ကို နာမည္ပ်က္စာရင္း သြင္းပစ္မွာ။ ဒါဆို နင္ သူမနဲ႔ ေတြ႕လို႔မ႐ုံတင္ မကဘူး၊ တစ္သက္လုံး အလုပ္တြဲလုပ္ဖို႔ အခြင့္အေရးပါ ဆုံးရႈံးရမွာ"
"အဟက္"
လီယုံ သူမႏွင့္ ထပ္မေျပာခ်င္ေတာ့ေပ။ သူ အေဝးသို႔ ထြက္သြားရန္ ျပင္လိုက္ခ်ိန္တြင္ အစည္းအေဝးခန္း၏ တံခါးက ပြင့္လာၿပီး ဟန္ေဖး အရင္ဆုံး ထြက္လာသည္ကို သတိထားလိုက္မိသည္။ သူမသည္ အျပာေရာင္ ဝတ္စုံေလးကို ဝတ္ဆင္ထားသျဖင့္ စိတ္ဓာတ္ခိုင္မာ၍ ထက္ျမက္ၿပီး မ်က္စိပသာဒ ျဖစ္လွသည္။
သူမ လီယုံကို ခ်က္ခ်င္း သတိထားမိသြားၿပီး သူထံသို႔ ေပ်ာ္႐ႊင္စြာ လွမ္းလာၿပီး ၿပဳံး၍ ေမးလာသည္။
"လီယုံ ဘာကိစၥရွိလို႔လဲ"
လီယုံအား ဒီကို လာရန္ ေျပာခဲ့စဥ္က သူ ျငင္းခဲ့ေသာေၾကာင့္ ယခု လီယုံကို ျမင္လိုက္ရသျဖင့္ ဟန္ေဖး အံ့ဩသြားသည္။
ဟန္ေဖးက လီယုံ၏ နာမည္ကို ေခၚလိုက္သည္ကို ျမင္ၿပီး တန္းဟုန္လီ ပါးစပ္အေဟာင္းသား ျဖစ္သြားရသည္။ ထို႔အျပင္ သူမ၏ ပုံမွန္ ေအးတိေအးစက္ မ်က္ႏွာထား ျဖစ္ေနမည့္အစား ဟန္ေဖးက လီယုံကို အားပါးတရ ၿပဳံးျပေနေသာေၾကာင့္ တန္းဟုန္လီ ပို၍ အံ့ဩသြားရသည္။
"ဘာေတြျဖစ္ေနတာလဲ။ ဘာေတြ ျဖစ္ေနခဲ့တာလဲ။ ငါတို႔က ၿပီးခဲ့တဲ့ ႏွစ္ဝက္တုန္းက ေက်ာင္းကေန အတူတူ ဘြဲ႕ရလာတာေလ။ သူက ဘယ္လိုလုပ္ ဒီေလာက္ထိ စြမ္းေဆာင္ႏိုင္တာလဲ"
တန္းဟုန္လီသည္ ဤေနရာ၌ ႏွစ္ဝက္ခန႔္ အလုပ္လုပ္ေနေသာ္လည္း ဟန္ေဖးသည္ သူမ၏ မ်ိဳး႐ိုးနာမည္ကိုေတာင္မွ မသိသျဖင့္ သူမႏွင့္ စကားစျမည္ ေျပာရန္ ပို၍ မျဖစ္ႏိုင္ေပ။ လီယုံက ဤသို႔လာတာ ပထမဆုံးအႀကိမ္ ျဖစ္ေသာ္လည္း တစ္ေယာက္ႏွင့္တစ္ေယာက္ အလြန္ ရင္းႏွီးေနသလိုပင္။
ထိုစဥ္ လီယုံ ေျပာခဲ့တာကို သတိထားမိၿပီးေနာက္ တန္းဟုန္လီ မိုးႀကိဳးပစ္ခံရသလို ျဖစ္ကာ တအံ့တဩႏွင့္ စကားပင္ မေျပာႏိုင္ေတာ့ေခ်။
"ငါ ဒီကို မင္းနဲ႔ ေျပာစရာရွိလို႔ လာတာ။ မင္း တစ္လအတြင္း ကုမၸဏီအျမတ္ကို ႏွစ္ဆတိုးလာေအာင္ လုပ္ရင္ေကာင္းမယ္"
လီယုံက ေျပာင္ေျပာင္တင္းတင္း ေျပာခ်လိုက္သည္။ သူ ေျပာလိုက္သည့္ စကားက မက်ယ္ေသာ္လည္း တန္းဟုန္လီအတြက္ မိုးႀကိဳးပစ္သံကဲ့သို႔ က်ယ္ေလာင္လြန္းလွသည္။
ဟန္ေဖး၏ ၿပဳံးေနေသာ မ်က္ႏွာႏွင့္ ရင္ဆိုင္မိလ်င္ လီယုံကဲ့သို႔ တည္ၿငိမ္ေသာသူမ်ိဳးအား သူမ တစ္ခါမွ မျမင္ဖူးပါ။
"နင္ ဘာေျပာခ်င္တာလဲ။ နင္ ပိုက္ဆံ လုံလုံေလာက္ေလာက္ မရမွာကို စိုးရိမ္ေနတာလား"
ဟန္ေဖး မခ်ိၿပဳံးၿပဳံးလိုက္သည္။
"မင္း မတတ္ႏိုင္ဘူးလား"
လီယုံက သူမကို ေမးခြန္းထုတ္၍ ျပန္ေျပာလာသည္။
"ငါ မတတ္ႏိုင္လို႔ မဟုတ္ပါဘူး၊ ဒါေပမယ့္ နင္ ဘာလို႔ ဒီေလာက္ ပိုက္ဆံအမ်ားႀကီး ရွာခ်င္တာလဲ။ ေနထိုင္ဖို႔ ပိုက္ဆံအလုံအေလာက္ ရွိေနတာက မလုံေလာက္လို႔လား။ ေရာင့္ရဲတတ္တာက ေပ်ာ္႐ႊင္မႈပဲေလ"
ဟန္ေဖးပုံစံက ေလာကႀကီး၏ ဗလာျဖစ္တည္ေနမႈကို သိျမင္ေနသလိုပင္။
တန္းဟုန္လီ ပိုၾကားရေလ၊ ပို၍ စိတ္လႈပ္ရွားကာ ထိတ္လန႔္ေနရသည္။
သူမ ထပ္၍ ၾကားခ်င္ေသာ္လည္း လီယုံႏွင့္ ဟန္ေဖးတို႔က ဥကၠ႒၏ ႐ုံးခန္းထဲသို႔ ဝင္သြားကာ တံခါးပိတ္လိုက္ၾကသည္။ ဟန္ေဖးက 'မေႏွာင့္ယွက္ရ' ဟူသည့္ ဆိုင္းဘုတ္ကို ျပတင္းေပါက္၌ ခ်ိတ္လိုက္သည္ကို တန္းဟုန္လီ အေသအခ်ာ ျမင္လိုက္ရသည္။
အလုပ္သမားမ်ားအတြက္မူ ထိုဆိုင္းဘုတ္ကို သူတို႔ ျမင္ပါက မည္မွ် အေရးႀကီးေနပါေစ၊ သူမကို ဝင္၍ မေႏွာင့္ယွက္ရမွန္း သိထားၾကသည္။
ထိုဆိုင္းဘုတ္ ခ်ိတ္တာကို တန္းဟုန္လီ တစ္ခါသာ ျမင္ဖူးေသးသည္။ ထိုအခ်ိန္က ဘုတ္အဖြဲ႕၏ ဥကၠ႒ ဟန္တုန္းေထာင္ ေရာက္လာေသာေၾကာင့္ ဟန္ေဖးက ထိုဆိုင္းဘုတ္ ခ်ိတ္လိုက္ျခင္း ျဖစ္သည္။ ယခု ထိုဆိုင္းဘုတ္ကို ဟန္ေဖးက လီယုံအတြက္ ခ်ိတ္လာသည္။
လီယုံသည္ အလုပ္လုပ္ရန္ လာျခင္းမဟုတ္ဘဲ ဟန္ေဖးအား ေဆးၫႊန္းတစ္ခု ေပးရန္ လာခဲ့ျခင္း ျဖစ္သည္။ မေန႔ညက သူမကို ေပးဖို႔ ရည္႐ြယ္ထားသည့္ ေဆးၫႊန္း ျဖစ္ေသာ္လည္း သူမ မယူခဲ့ေပ။ သူက ဟန္ေဖးအား ေဆးၫႊန္းထဲကအတိုင္း လဝက္အတြင္း ေဆးဝါးထုတ္လုပ္၍ ေဈးကြက္အတြင္း တစ္လအတြင္း ျဖန႔္ခ်ိ၍ အျမတ္ကို ႏွစ္ဆျဖစ္ေအာင္ လုပ္ေပးရန္ ေျပာလာသည္။ ထိုအခါမွသာ သူ၏ အစြမ္းအစကို ဟန္လူအား သက္ေသျပႏိုင္ေပေတာ့မည္။
ဟန္ေဖးသည္ ရက္ပိုင္းေလာက္ အလုပ္မ်ားေနသည္၊ သူမ အနားယူရန္ ႀကံစည္ထားေသာ္လည္း ထိုအလုပ္ကို လက္ခံလိုက္သည္၊ အဘယ္ေၾကာင့္ဆိုေသာ္ လီယုံက မက္လုံးအေနအျဖင့္ အျမတ္၏ ဆယ္ရာခိုင္ႏႈန္း ပိုေပးမည္ဟု ေျပာလာေသာေၾကာင့္ပင္။
ဤေဆးၫႊန္းအတြက္ သူတို႔သည္ အျမတ္ကို ေလးဆယ္ - ေျခာက္ဆယ္ ခြဲလိုက္သျဖင့္ ဟန္ေဖး မျငင္းႏိုင္ေတာ့ေခ်။
ကိစၥမ်ားကို ေျပာဆိုၿပီးေနာက္ လီယုံ ထြက္လာခဲ့သည္။ သူ ကုမၸဏီမွ ထြက္လာစဥ္ တန္းဟုန္လီက သူ႔ကို လွမ္းေခၚသံကို ၾကားလိုက္ရသည္။
"လီယုံ ခဏေလာက္ ေစာင့္ပါဦး"
လီယုံ ၿပဳံး၍ ေနာက္လွည့္လိုက္သည္။ ပို၍ ယဥ္ေက်းလာေသာ တန္းဟုန္လီႏွင့္ မ်က္ႏွာခ်င္း ဆိုင္မိၿပီးေနာက္ လီယုံ ျပန္ေမးလိုက္သည္။
"ငါ့ေက်ာင္းေနဖက္ေလး ဘာကိစၥရွိလို႔လဲ"
"လီယုံ၊ ဟို ... နင္ အခ်ိန္မ်ား ရမလားလို႔ ငါ သိခ်င္လို႔ပါ။ ငါ နင့္ကို ညစာလိုက္ေကြၽးခ်င္လို႔"
တန္းဟုန္လီက သူ႔ကို ငမ္း၍ ၿပဳံးစိစိျဖင့္ ေျပာလိုက္သည္။
"အခ်ိန္မရဘူး"
လီယုံ တန္းျငင္းလိုက္သည္။ သူမ ရွက္သြားေအာင္ လုပ္မိမည္ကိုလည္း သူ မစိုးရိမ္ပါ၊ အဘယ္ေၾကာင့္ဆိုေသာ္ တန္းဟုန္လီကဲ့သို႔ မ်က္ႏွာႀကီးရာ ဟင္းဖတ္ပါတတ္ေသာ လူစားမ်ိဳးက ရွက္တတ္လိမ့္မည္ မဟုတ္ပါ။
ထင္သည့္အတိုင္းပင္ တန္းဟုန္လီက ရယ္လာသည္။
"နင္ ဒီေန႔ အခ်ိန္မရဘူးဆိုလည္း ငါတို႔ ႀကိဳခ်ိန္းထားလိုက္မယ္ေလ။ ငါ ဒကာခံမွာမို႔ ငါ ရွင္းမွာပါ။ စိတ္ခ်လက္ခ်ေနပါ။ ငါ နင့္ကို အသားမယူပါဘူး"
"ႀကိဳခ်ိန္းထားလို႔လည္း မရဘူး"
လီယုံ ဂ႐ုမစိုက္စြာ ေျပာလိုက္သည္။ ဤကဲ့သို႔ လူစားမ်ိဳးႏွင့္ သူ ေျပာစရာစကားမရွိပါ။
"ဒါဆိုလည္း နင္ ငါ့ကို ကူညီႏိုင္မလားဟင္ ... ငါ ဒီမွာ လုပ္ေနတာ ႏွစ္ဝက္ေလာက္ရွိၿပီ။ ငါနဲ႔ တစ္ခ်ိန္တည္း အလုပ္လုပ္ေနတဲ့သူေတြေတာင္ လစာ တိုးသြားပင္မယ့္ ငါက မတိုးေသးဘူး။ ငါလည္း တကယ္ အလုပ္ႀကိဳးစားပါတယ္ဟာ ..."
တန္းဟုန္လီ တရစပ္ ေျပာေလေတာ့သည္။ ထိုစဥ္ တစ္စုံတစ္ေယာက္က လီယုံကို ဖုန္းဆက္လာသည္။
*အခ်ိန္ကိုက္ပဲကြာ*
တန္းဟုန္လီကို ဘယ္လိုခါထုတ္ရမလဲဟု လီယုံ ေတြးေနခဲ့တာ ျဖစ္သည္။ သူမက သူ လစာတိုးရရန္ ကူညီေပးပါဟု သူ႔ကို အကူအညီေတာင္းလာသည္။ သူ ဒီအေၾကာင္းကို ထပ္မၾကားခ်င္ေတာ့ပါ။
သူ ဖုန္းကို ခ်က္ခ်င္း ထုတ္လိုက္သည္။ က်န္းယြီ႐ုံ ဖုန္းဆက္ေနျခင္း ျဖစ္သည္။ သူ ခ်က္ခ်င္း ဖုန္းကိုင္လိုက္သည္။
ေဆးဝါး စီမံခန႔္ခြဲမႈအတြက္ ဖုန္းေခၚတာဟု သူ ထင္လိုက္မိသည္။ ထို႔ေၾကာင့္ သူသည္ လမ္းေဘး၌ လမ္းေလွ်ာက္ရင္း နားေထာင္ေနလိုက္သည္။ ထို႔အတူ သူ လက္ဆန႔္၍ တကၠစီ ငွားလိုက္သည္။ သူ႔ေနာက္ တေကာက္ေကာက္လိုက္ေနေသာ တန္းဟုန္လီကို သူ ဥေပကၡာျပဳထားလိုက္သည္။
လီယုံကို အထင္ေသးခဲ့ေသာ တန္းဟုန္လီက ယခုအခါတြင္ေတာ့ အရွက္မရွိ သူ႔ကို လိုက္ေတာင္းပန္ေနသည္။
သူမ ေတာင္းဆိုမႈက လီယုံအတြက္ ဘာမွမဟုတ္ေသာ္လည္း သူသည္ ကုမၸဏီ လည္ပတ္မႈ၌ ဝင္မပါခ်င္ပါ။ ဟန္ေဖး၌ ကိုယ္ပိုင္ အုပ္ခ်ဳပ္မႈပုံစံ ရွိမည္ဟု သူ ယုံၾကသည္။ အကယ္၍ သူက အျခားသူမ်ားကို မ်က္ႏွာသာေပးပါက ဟန္ေဖး သူ႔ကို အထင္ေသးသြားေလာက္သည္။
"ေရွာင္ယုံ တစ္ခုခုေတာ့ မွားေနၿပီ။ မစၥတာဝူက လူတစ္စုကို ေခၚလာၿပီး ငါတို႔ ခ်မ္းေျမ့ေဆးခန္းကို ဖ်က္ဆီးေနတယ္ ..."
က်န္းယြီ႐ုံက ပ်ာယာခတ္ေနေသာ ေလသံျဖင့္ ေျပာလာသျဖင့္ လီယုံ တုန္လႈပ္ကာ စိုးရိမ္မိသြားသည္။
"ဘာ"
လီယုံ ေဒါသထြက္လာသည္။
*ဘာလဲဟ*
"သူတို႔က နင့္ဆီလာတာ၊ ဒါေပမယ့္ နင့္ကိုလည္း မေတြ႕ေရာ၊ သူတို႔က ေဆးခန္းကို ဖ်က္ဆီး လိုက္ၾကတာပဲ။ နင္ အေဝးမွာ ပုန္းေနလိုက္။ သူတို႔ နင့္ကို ရွာမေတြ႕ေစနဲ႔။ နင္က ကတိမတည္ဘဲ သူတို႔ကို လိမ္တယ္လို႔ ေျပာေနၾကတာ။ သူတို႔က နင့္ကို ႐ိုက္ႏွက္ၿပီး က်ဳံးဟိုင္ၿမိဳ႕ကေန ကန္ထုတ္မယ္လို႔ ႀကိမ္းေမာင္းေနၾကတယ္"
က်န္းယြီ႐ုံ စိုးရိမ္ထိတ္လန႔္ေသာ ေလသံျဖင့္ ေျပာလာသည္။ သူမ ေခါင္းထဲ ရႈပ္ေထြးေနသည္။ အကယ္၍ လီယုံသာ ႏွင္ထုတ္ခံရမည္ဆိုလ်င္ သူမ ဘယ္လိုျဖစ္သြားမည္နည္း။
လီယုံ ေဒါသထြက္ကာ ခ်က္ခ်င္း တကၠစီေပၚ တက္လိုက္ၿပီး ဒ႐ိုင္ဘာအား စက္မႈဇုန္နယ္ေျမထဲရွိ ခ်မ္းေျမ့ေဆးခန္းသို႔ ေမာင္းရန္ ေျပာလိုက္သည္။
မိနစ္ႏွစ္ဆယ္ၾကာေသာ္ သူ ခ်မ္းေျမ့ေဆးခန္းသို႔ ေရာက္လာၿပီး မွန္တံခါးက ပ်က္ဆီးကာ ဘီ႐ိုႏွင့္ အျပင္အဆင္မ်ားအားလုံး က်ိဳးပ်က္ေနသည္ကို ျမင္လိုက္ရသည္။ ေဆးအိတ္မ်ားအားလုံး ၾကမ္းျပင္ေပၚ ျပန႔္က်ဲေနသည။ က်န္းယြီ႐ုံက မ်က္ရည္လည္႐ြဲျဖင့္ သန႔္ရွင္းေရး လုပ္ေန၏။
"ယြီ႐ုံ အဲ့ေခြးမသားေတြ ဘယ္မလဲ"
လီယုံ အႀကီးအက်ယ္ စိတ္ကုန္သြားသည္။
"နင္ ဘာလို႔ ျပန္လာတာလဲ။ သြားေတာ့။ သူတို႔ နင့္ကို မျမင္ေစနဲ႔"
လီယုံကို ျမင္ၿပီး က်န္းယြီ႐ုံ စိတ္ထဲ ေပ်ာ္သြားေသာ္လည္း စိုးရိမ္ေနမိသည္။ သူမ လီယုံကို အျပင္သို႔ တြန္းထုတ္ခ်င္ေသာ္လည္း သူ႔အား အေပၚထပ္သို႔ အလ်င္အျမန္ ဆြဲေခၚ၍ ပုန္းေနရန္ ေျပာလာသည္။
"ယြီ႐ုံ မစိုးရိမ္ပါနဲ႔။ မစၥတာဝူက ဘယ္သူလဲဆိုတာ ကိုယ္ ဂ႐ုမစိုက္ဘူး။ အခု သူက ကိုယ့္ေနရာကို ဖ်က္ဆီးရဲတဲ့ သတၱိရွိေနမွေတာ့ ကိုယ္ သူ႔ကို ဒီအတိုင္း မထားႏိုင္ဘူး"
လီယုံက က်န္းယြီ႐ုံ၏ မ်က္ရည္မ်ားကို ညင္သာစြာ ဖယ္ရွား၍ အေလးအနက္ ေျပာလိုက္သည္။
"ဝူမိသားစုက အင္အားႀကီးတဲ့ ေနာက္ခံရွိတာ။ ေမ့လိုက္ပါေတာ့"
က်န္းယြီ႐ုံက သူ႔ကို ႏွစ္သိမ့္လာသည္။
"ငါတို႔ ပိုက္ဆံရွာလို႔ရေနတာပဲကို။ အဲ့ေလာက္ပိုက္ဆံေလးကို စိုးရိမ္ေနစရာ မလိုပါဘူး။ ဒီေနရာကို ျပန္ျပင္ဖို႔ ငါတို႔အတြက္ သိပ္မကုန္ေလာက္ပါဘူး"
သို႔ေသာ္ လီယုံက သည္းမခံႏိုင္ပါ။ သူ ဖုန္းကိုထုတ္ကာ ဝူတန္းကို ဖုန္းေခၚလိုက္သည္။
တရားဥပေဒ စိုးမိုးေသာ လူ႔အသိုင္းအဝိုင္းအတြင္း၌ အျခားသူမ်ားကို ႏွိပ္စက္ညႇဥ္းပန္းတတ္ေသာ ဝူတန္းကို သူ တရားမဆြဲႏိုင္ဟု သူ လက္မခံႏိုင္ေပ။

နတ်မျက်စိရှင် သမားတော် [Chapter 1-200]Where stories live. Discover now