နတ်မျက်စိရှင် သမားတော်
Amazing Doctor with Super Vision
Author Gong Zi Wu Lang
ဘာသာပြန် Han Shinစာစဉ် (6) CHAPTER (83) စိတ်ဝိညာဉ်မျိုးစိတ်
သူ ထပ်၍အရှက်ရသလို မခံစားမိတော့ပါ။ နာမည်ကြီး ပါမောက္ခ ဝေ့ဟုန်ပင်းနှင့်ယှဉ်လျင် သူသည် ပမွှားကထိထလေးတစ်ယောက်သာ ဖြစ်သည်။ သူက ဘာကြောင့် အရှက်ကွဲသလို ခံစားရမည်နည်း။
"ကျုပ် ထပ်ပြောမယ်၊ ကျုပ်က ပါမောက္ခပဲ၊ ခင်ဗျားတို့ အရူးတွေ ယုံတာ၊ မယုံတာ ကျုပ် ဂရုမစိုက်ဘူး"
ဝေ့ဟုန်ပင်းကို ပါးရိုက်ပြီးနောက် လီယုံတစ်ယောက် ပုံမှန်ပြန်ဖြစ်လာပုံပေါ်ပြီး လူတိုင်းကိုတောင်မှ ဖိနှိပ်လိုက်သေးသည်။ ထို့နောက် သူ၏ လက်မှတ်ကိုသိမ်း၍ ဂုဏ်ယူစွာ မတ်တပ်ရပ်နေသည်။
တိတ်ဆိတ်ခြင်းက ရုတ်တရက် ပြိုကွဲသွားသည်။ ထိုပါမောက္ခများနှင့် ပညာသင်ဆုရ ကျောင်းသားများသည် လီယုံ၏မောက်မာမှုကို သည်းမခံနိုင်ကြတော့ပေ။ သူတို့ ချက်ချင်း လုံခြုံရေးဝန်ထမ်းများကို ခေါ်၍ လီယုံအားဖမ်းကာ ရဲစခန်းသို့ခေါ်သွားရန် အတင်းလောဆော် နေကြသည်။ သူတို့သည် လီယုံအား နိုင်ငံတကာ ကိုယ်ထိလက်ရောက် ကူးလွန်မှုနှင့် တရားစွဲချင်နေ၏။
ကောင်းမွန်စွာ လေ့ကျင့်ထားသော ကျောင်းလုံခြုံရေး ဝန်ထမ်းများ လီယုံအား ဝိုင်းထားချိန်တွင် တက္ကသိုလ်၏ ခေါင်းဆောင်အဖွဲ့ ရောက်ရှိလာသည်။ ထိုအဖွဲ့ကို ဦးဆောင်လာသူကား ဆေးတက္ကသိုလ်၏ ပါမောက္ခချုပ် ထန်ဝမ်ဝူပင် ဖြစ်သည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ"
အစည်းအဝေး ကျင်းပရာနေရာ၌ ယောက်ယက်ခတ်နေသည်ကို မြင်ပြီး ထန်ဝမ်ဝူ ပြေးလာကာ ခက်ထန်စွာ မေးလိုက်သည်။ သို့သော် သူ လီယုံကို မြင်လိုက်ရချိန်တွင် သူ့မျက်လုံးများက လီယုံကို ဝိုင်းထားသော လုံခြုံရေးဝန်ထမ်းများထံ အကြည့်ရောက်သွားသည်။
ဤကိစ္စမျိုးတွင် ဘယ်လိုလုပ် လုံခြုံရေးဝန်ထမ်းများက စကားပြောဆိုခွင့် ရှိပါမည်နည်း။
ဒေါသထွက်နေသော အချို့ပါမောက္ခများနှင့် ပညာသင်ဆုရ ကျောင်းသားများက လီယုံ ပြုလုပ်ခဲ့သည်များထက် ပို၍ချဲ့ကားကာ ပြောဆိုလာကြသည်။ သူတို့ မခံမရပ်နိုင်ဖြစ်ကာ အကျိုးသင့် အကြောင်းသင့် ရှင်းပြပြီး ဒေါသထွက်သလို ဖြစ်နေကြသည်။
YOU ARE READING
နတ်မျက်စိရှင် သမားတော် [Chapter 1-200]
Fantasyဇာတ်လမ်းအကျဉ်း အခြား ဆေးကျောင်းသားများကဲ့သို့ လီယုံသည် ကြိုးစားပမ်းစားနှင့် ဆေးရုံတစ်ရုံ၌ အလုပ်သင် ဆရာဝန် အဖြစ် အလုပ်ရခဲ့သော်လည်း ပိုက်ဆံ ပြတ်လပ်နေသေးသည်။ သူ့၌ အိမ်ငှားခအတွက် ပေးရန် ပိုက်ဆံမရှိပေ။ သို့သော် တိုက်ဆိုင်မှုတစ်ခုကြောင့် သူသည် သူ့မိဘများ...