Chapter 64

482 49 0
                                    

နတ်မျက်စိရှင်သမားတော်
Amazing Doctor with Super Vision
Author Gong Zi Wu Lang
ဘာသာပြန် Han Shin

စာစဉ် (5) CHAPTER (64) နင်က လူဆိုးကောင်

နံရံများက တဖြည်းဖြည်းနှင့် ကြည်လင်ပြတ်သားလာသည်။ ထို့အတူ ချိတ်ထားသော အဝတ်အစားများနှင့် ဗီရိုများပါ ဖောက်ထွင်း၍မြင်လာ၏။ နောက်ဆုံးတွင် အခန်းတစ်ခန်းထဲ၌ မိန်းမလှလေးတစ်ယောက်က တင်ပုလ္လင်ချိတ်ထိုင်နေပုံက ကြာပန်းထဲထိုင်နေသည့် နတ်ဘုရားမလေး အလား ထင်မှတ်မှားရသည်။ သူမ တစ်ခုခုကို လေ့ကျင့်နေပုံရသည်။ လီယုံ သေချာကြည့်လိုက် သောအခါ ထိုမိန်းကလေးက ထျန်းပိုင်ချင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူမမျက်လုံးများက ပိတ်ထားလျက်ရှိပြီး သူမသည် မျက်မှောင်ကြုတ်နေသလို မျက်နှာလေးကလည်း နီရဲလို့နေသည်။ သူမသည် ပြင်းထန်သော နာကျင်မှုအား သည်းခံနေရဟန်ပေါ်ပြီး နဖူး၌ ချွေးများစို့နေ၏။ ညည်းတွားသံက သူမထံမှ ထွက်လာပုံရသည်။
ထိုအသံသည် သေချာမခွဲခြားနိုင်ပါက အမျိုးသမီးတစ်ဦး၏ ချစ်ပွဲဝင်ခြင်းမှ ညည်းသံအဖြစ် ထင်မှတ်မှားရလောက်သည်။ လီယုံက စိတ်သန့်ရှင်းနေ၍သာ တော်သေးသည်။
သူ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ထျန်းပိုင်ချင်း၏ အခန်းဘက်သို့ ဦးတည်လိုက်သည်။ သူ တံခါးကို ခပ်ဖွဖွခေါက်လိုက်၏။ ထျန်းပိုင်ချင်းတစ်ယောက် ချက်ချင်း မျက်လုံးပွင့်လာကာ မျက်နှာပေါ်မှ ချွေးများကို ကပျာကယာသုတ်၍ ပုံမှန်မျက်နှာနှင့် မေးလာသည်။
"ဘယ်သူလဲ"
"ငါပါ၊ လီယုံ"
"အိုး ရှင်ကိုး ... မစ္စတာလီ"
ထျန်းပိုင်ချင်းက ပြုံး၍ တံခါးဖွင့်ကာ မေးလိုက်သည်။
"ကျွန်မ ရှင့်အတွက် ဘာလုပ်ပေးရမလဲ။ ကျွန်မက ဒီနေ့ ညဂျူတီကျတာလေ"
လီယုံ ပြုံးပြလိုက်ပြီးနောက် ထျန်းပိုင်ချင်းက သူ့ကို အခန်းထဲဝင်ရန် မဖိတ်သည်ကို သတိထားမိသွားသဖြင့် တံခါးရှေ့၌ရပ်ကာ မေးလိုက်သည်။
"မင်း တစ်ခုခုလေ့ကျင့်နေတာလား"
ထျန်းပိုင်ချင်း မှင်တက်သွားပြီး ပြန်မေးလိုက်မိသည်။
"ရှင် ဘယ်လိုလုပ်သိတာလဲ"
"ကြည့်ရတာ ငါထင်တာ မှန်နေတဲ့ပုံပဲ။ ဒါပေမယ့် မင်း လုပ်နေတာက နည်းမမှန်ဘူး။ မင်းရဲ့ သိုင်းလေ့ကျင့်မှုမှာ တစ်ခုခုမှားယွင်းသွားမှာကို ငါ စိုးရိမ်မိတယ်၊ အဲ့ဒါကြောင့် ငါ မင်းကို သတိပေးဖို့လာတာ"
လီယုံက ပုံမှန်အတိုင်း ပြောလိုက်သည်။ ထျန်းပိုင်ချင်းက လီယုံအား အလွန်သတိထားဟန်ဖြင့် ကြည့်နေပြီးနောက် ဘေးကပ်၍ တံခါးဖွင့်ပေးလိုက်ပြီး လီယုံကို အခန်းထဲဝင်ရန် ဖိတ်ခေါ်လိုက်၏။ သူမက ဟောင်းနွမ်းစုတ်ပြတ်နေသော စာရွက်တစ်စုံကို ထုတ်ကာ သက်ပြင်းချ၍ ပြောလိုက်သည်။
"မစ္စတာလီ အမှန်အတိုင်းပြောရရင် ကျွန်မ ဒီစာရွက်ကို မတော်တဆ ရှာတွေခဲ့တာ၊ စာရွက်ထဲမှာ သိုင်းလေ့ကျင့်နိုင်တဲ့ နည်းလမ်းတစ်ခု ရေးထားတာကို သတိထားမိတော့ ကျွန်မ စမ်းကြည့်ချင်ခဲ့တာ။ ဒါပေမယ့် ကျွန်မ ကြိုးစားနေတာ နှစ်နှစ်ရှိနေပင်မဲ့ ဘာမျှအကျိုးထူးမလာသေးဘူး"
လီယုံ စာရွက်ကိုယူ၍ တစ်ချက်ကြည့်လိုက်ပြီးနောက် အပြုံးဖြင့်ပြောလိုက်သည်။
"ဒါက မနောကျင့်စဉ်ရဲ့ ဒုတိယအဆင့်လေ။ မင်းက ပထမအဆင့်ကို မလေ့ကျင့်ခဲ့မှတော့ ဘယ်လိုလုပ် ဒုတိယအဆင့်ကို လေ့ကျင့်နိုင်မှာလဲ။ အိမ်ဆောက်သလိုပဲလေ၊ အခြေခံအဆင့်ကို မလောင်းခဲ့မှတော့ မင်း အခြားအရာတွေကို ဘယ်လိုလုပ် ဆောက်နိုင်တော့မှာလဲ။ အဲ့ဒါအပြင်ကိုမှ ဒါက မပြည့်စုံတဲ့ မနောကျင့်စဉ်ကြီးလေ။ ဒုတိယအဆင့်ကတောင်မှ မပြည့်စုံဘူး။ မင်း ဆက်လေ့ကျင့်နေရင် သေချာပေါက် မင်းကို နတ်ဆိုးတွေ လွှမ်းမိုးသွားလိမ့်မယ်"
အတော်လေး အံ့ဩနေပြီးမှ ထျန်းပိုင်ချင်းသည် သူမနဖူးပေါ်မှ ချွေးများကိုကြည့်၍ ခါးသီးစွာ ပြောလိုက်သည်။
"ကြည့်ရတာ ငါ့မှာ လေ့ကျင့်ဖို့ ကံမပါဘူးနဲ့တူတယ်"
"ပြောရရင် မင်းမှာ ကံပါပါတယ်"
လီယုံက အပြုံးဖြင့် ပြောလိုက်သည်။
"အဲ့ကံက ဘယ်မှာလဲ။ ငါ အခုတောင် နားမလည်နိုင်တာ"
ထျန်းပိုင်ချင်း သက်ပြင်းချလိုက်သည်။
"မင်းရှေ့တည့်တည့်မှာပဲလေ"
လီယုံ ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးပြလာသည်။
ထျန်းပိုင်ချင်းက လီယုံကို စိုက်ကြည့်နေရင်း သူ ပြောချင်သည့်စကား၏ ဆိုလိုရင်းကို နားမလည်ချေ။ သူမ စိတ်ဓာတ်ကျစွာ ခေါင်းငုံ့သွားသည်။ သို့သော် ရုတ်တရက် သူမ ပျော်ရွှင်လာပြီး ချက်ချင်း ခေါင်းမော့လာပြီး ပျော်ရွှင်စွာ ပြောလာသည်။
"အိုး ဟုတ်သားပဲ၊ မစ္စတာလီ ... ရှင်က ကျွန်မ ဘာကိုလေ့ကျင့်နေလဲဆိုတာကို သိမှတော့ ရှင် ကျင့်စဉ်အကြောင်း သိကိုသိမှာပဲ။ ရှင် ကျွန်မကို ကူညီနိုင်မလား၊ ကူညီမယ်မဟုတ်လားဟင်"
"ဉာဏ်ကောင်းသားပဲ"
လီယုံ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းလိုက်တာ၊ မစ္စတာလီ ... ရှင် ကျွန်မကို ဘယ်လိုကူညီမှာလဲ"
ထျန်းပိုင်ချင်းက မျှော်လင့်စောင့်စားနေသော မျက်နှာလေးနှင့် အတော်လေး ပျော်ရွှင်နေသည်။ သူမ လီယုံ၏ လက်မောင်းကို ဆုပ်ကိုင်ရင်း ကလေးဆိုးလေးတစ်ယောက်ကဲ့သို့ လွှဲယမ်းနေ၏။
"ဒါက အလှအပနဲ့ တစ်ကိုယ်တော် ကျင့်ကြံခြင်းအတွက် တီထွင်ထားတဲ့ မနောကျင့်စဉ်တစ်ခုရဲ့ အကြွင်းအကျန်လို့ ငါ ထင်တယ်။ ဒါနဲ့ဆင်တဲ့ကျင့်စဉ်မျိုး ငါ သိထားတယ်၊ ငါ မင်းအတွက် ရေးပေးလို့ရတယ်၊ ပြီးမှ မင်း ပထမအဆင့်ကို နားလည်အောင် ကြိုးစားကျင့်ပေါ့။ မင်းရဲ့ ဉာဏ်ရည်အရဆို ကျွမ်းကျင်သွားဖို့ မခက်လောက်ပါဘူး"
လီယုံက အလွယ်တကူ ပြောလိုက်သည်။
"ကောင်းတယ်၊ သိပ်ကောင်းတာပဲ။ မစ္စတာလီ မြန်မြန်လုပ်ပါ။ ကျွန်မအတွက် ကျင့်စဉ်ကို ချရေးပေးပါ"
ထျန်းပိုင်ချင်း အားတက်သရော ပြောလိုက်သည်။
"ငါ့ကို ဘောပင်ပေး"
လီယုံ စားပွဲရှေ့ထိုင်၍ ညာဘက်ကို ဖြန့်လိုက်သည်။ ထျန်းပိုင်ချင်းက လီယုံကို ချက်ချင်း ဘောပင်တစ်ချောင်းပေး၍ မှတ်စုစာအုပ်တစ်အုပ်ကို ဖွင့်ကာ လီယုံရှေ့သို့ ဂရုတစိုက်ချပေးလိုက်ပြီး အပြုံးနှင့် ပြောလေ၏။
"မစ္စတာလီ ကျေးဇူးပြုပြီး ရေးပေးပါတော့"
လီယုံက ဘောပင်ဖုံးကို ဖြုတ်၍ စာလုံးသုံးလုံးကို ချရေးလိုက်သည်။ ထိုစာလုံးများကား -- ပထမအဆင့်။
ထို့နောက် သူက ရပ်၍ ထျန်းပိုင်ချင်းကို မော့ကြည့်လိုက်သည်။ ထျန်းပိုင်ချင်း မသိမသာ ရှက်ရွံ့နေစဉ် သူက စကားစလိုက်သည်။
"မင်း ဒါကို လေ့ကျင့်လို့ အောင်မြင်သွားရင် ဒီကနေ ထွက်သွားမှာလား"
ထျန်းပိုင်ချင်း တစ်ခဏမျှ ချီတုံချတုံဖြစ်နေပြီးမှ ပြောလိုက်သည်။
"ငါက ရည်မှန်းချက်ကြီးတဲ့ မိန်းကလေးမို့ ဒီနေရာမှာ တစ်သက်လုံး အလုပ်မလုပ်နိုင်ဘူး ပြီးတော့ ငါ့မှာ ကိုယ်ပိုင်ဘဝပန်းတိုင်ရှိတယ်။ တစ်နေ့နေ့တော့ ငါ ဒီကနေ ထွက်သွားနိုင်တယ်"
လီယုံက ဘောပင်ကို ပြန်ချ၍ ပြုံးစိစိဖြင့် ပြောလိုက်သည်။
"မင်းလို ရိုးသားတဲ့ မိန်းကလေးမျိုးကို ငါ သဘောကျပါတယ်၊ ဒါပေမယ့် ငါ မင်းကို မနောကျင့်စဉ် မပေးနိုင်တော့ဘူး"
ထျန်းပိုင်ချင်း၏ မျက်နှာက မအီမသာမျက်နှာထားမျိုး ဖြစ်သွားပြီးနောက် အလျင်စလို မေးလိုက်သည်။
"ငါ ဒီကနေ ထွက်မသွားဘူးဆိုရင်ရော"
"မင်း ဒီကနေ ထွက်မသွားဘူးဆိုရင်တော့ ငါ မင်းအတွက် မနောကျင့်စဉ်ကို ရေးပေးနိုင်တယ်"
လီယုံက ပြုံး၍ပြန်ပြောလိုက်သည်။
"ပြီးရော ဒါဆိုလည်း ငါ ဒီကနေ ထွက်မသွားတော့ဘူး။ ငါ ဒီမှာ တစ်သက်လုံး အလုပ်လုပ်သွားမယ်"
ထျန်းပိုင်ချင်း အံကြိတ်၍ ပြောလိုက်သည်။
"စိတ်ချထားပါ၊ မင်း ငါ့အတွက် ဆယ်နှစ်လောက် အလုပ်လုပ်ပေးတဲ့အချိန်ရောက်ရင် ငါ မင်းကို အိမ်တစ်လုံး လက်ဆောင်ပြန်ပေးမှာပါ"
ထိုသို့ပြောပြီး လီယုံက ဘောပင်ကို ပြန်ကောက်၍ ဆက်ရေးလိုက်သည်။
သို့သော် သူသည် 'မင်း ငါ့အတွက် ဆယ်နှစ်လောက် အလုပ်လုပ်ပေးတဲ့အချိန်ရောက်ရင်' ဟူသောစကားကို တွေးမိနေပြီး သူ့စိတ်ထဲသို့ ညစ်တီးညစ်ပတ်အတွေးမျိုး ထပ်ဝင်လာပြန်သည်။
ထျန်းပိုင်ချင်းသာ အလှအပနှင့် တစ်ကိုယ်တော် ကျင့်ကြံခြင်း၏ မနောကျင့်စဉ်အား အောင်မြင်စွာ ကျင့်ကြံပြီးပါက အိမ်တစ်လုံးက သူမအတွက် ဘာမျှအဖိုးမတန်တော့သည်ကိုလည်း လီယုံ သိပါ၏။
ထို့နောက် လီယုံသည် ပထမအဆင့်ကို ရေးပြီသည်နှင့် ရပ်လိုက်ကာ ပြန်ပြောလိုက်သည်။
"ဒါက ပထမအဆင့်ပဲ။ မင်း အောင်မြင်သွားတော့မှ ငါ့ကို ဒုတိယအဆင့် လာတောင်းပါ။ မင်း ကျရှုံးသွားတယ်ဆိုရင်တော့ ငါ မင်းကို ဒုတိယအဆင့်ပေးလည်း အလကားပဲ"
လီယုံက ချက်ချာပါးနပ်သော ပရိယာယ်တစ်ခုဖြင့် သွေးဆောင်နေမှန်း ထျန်းပိုင်ချင်း မရိပ်မိချေ။ သူမက မှတ်စုစာအုပ်ကိုယူ၍ မနော့ကျင့်စဉ်အား ဖတ်ကြည့်လိုက်ပြီး သူမ ရတနာသိုက်တစ်ခုကို ရှာတွေ့သွား သကဲ့သို့ ခံစားလိုက်မိသည်။ သူမမျက်နှာပေါ်၌ ချိုမြိန်သောအပြုံးများ ဖြစ်ပေါ်လာပြီးနောက် ဝင်းပလို့လာ၏။
သူမ မစောင့်နိုင်ဘဲ ခုတင်ပေါ် တင်ပုလ္လင်ချိတ်ထိုင်ကာ စတင်၍လေ့ကျင့်နေသည်ကို မြင်ပြီး လီယုံ ပြုံးလိုက်မိကာ တိတ်တိတ်လေး ပြန်ထွက်လာခဲ့သည်။
ကမ္ဘာကြီးက သူ ယခင်ကထင်ထားခဲ့သည့်ထက် မရိုးစင်းကြောင်း သူ သတိပြုလာမိသည်။
ပထမဆုံးအနေဖြင့် သူသည် ဒိဗ္ဗစက္ခု အမြင်အာရုံနှင့် ရှေးခေတ်နတ်ဆေးသမားတော် အယောက် ရှစ်ဆယ်တို့၏ မှတ်ဉာဏ်များကို ပိုင်ဆိုင်ခဲ့သည်။ ထို့နောက် သူသည် လျူချွင်းနှင့် သူမဆရာတို့ရှိသော ယွီဖုန်းကျောင်းတော်အကြောင်း သိရှိခဲ့ရသည်။ ထိုမျှလှပသော အမျိုးသမီးက အမယ်အိုတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မည်သူကတွေးမိမည်နည်း။
ယခုအခါတွင်တော့ သာမန်သူနာပြုတစ်ယောက်ကတောင်မှ အလှအပနှင့် တစ်ကိုယ်တော် ကျင့်ကြံခြင်းအတွက် ရှေးဟောင်းသိုင်းကျမ်းတစ်ခုကို လေ့ကျင့်နေ၏။ ထျန်းပိုင်ချင်းက သာမန် မဟုတ်တာလည်း ဖြစ်နိုင်သည်။
လီယုံ ထပ်မတွေးနေတော့ချေ။ နောင်တွင် သူ့၌ အချိန်များစွာ ရှိသည်။ ဤလှပသော သူနာပြုအကြောင်း သူ ပိုသိလာနိုင်လိမ့်မည်။
သူ့၌ ယာဉ်မောင်းလိုင်စင် ရှိနေသဖြင့် လီယုံသည် ကားမောင်းကျင့်ချင်နေ၏။
စာရင်းကိုင်ဌာန၌ အလုပ်လုပ်နေသော ကျန်းယွီရုံကို သူ ရှာတွေ့သွားသည်။ ယနေ့တွင် သူမသည် အပြာဖျော့ဖျော့ ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားသည်။ တစ်စုံတစ်ယောက်က မိုးပြာရောင် ကောင်းကင်အား မှော်စွမ်းအင်ဖြင့် စုတ်ဖြဲ၍ ကျန်းယွီရုံပေါ်သို့ လာဆင်မြန်းထားလေသလား အောက်မေ့ရသည်။
ထို့ကြောင့် ကျန်းယွီရုံထံမှ မိုးကောင်းကင်ကဲ့သို့ အဆုံးမရှိသော ငြိမ်းချမ်းမှုတို့အား ပေးစွမ်းနေ၏။
လီယုံက သူ လုပ်ချင်သည့်ကိစ္စအကြောင်း သူမကို ပြောပြလိုက်သည်။ နားထောင်ပြီးနောက် ကျန်းယွီရုံက သူမအလုပ်ကို အခြားလုပ်ဖော်ကိုင်ဖက်တစ်ယောက်နှင့် လွှဲထားခဲ့ပြီး သူနှင့်အတူ လူသွားလူလာ နည်းသောနေရာသို့ မောင်းလာခဲ့သည်။ ထိုနေရာသို့ ရောက်သည့်အခါတွင်မှ နေရာချင်းလဲ၍ လီယုံအား ဖြည်းဖြည်းချင်း ကားမောင်းသင်စေသည်။
ကားမောင်း ကျွမ်းကျင်သွားရန် လီယုံ အချိန်သိပ်မပေးလိုက်ရချေ။ မမျှော်လင့်ဘဲ ကားတစ်စီးကို မောင်းရတာက အလွန်လွယ်ကူမှန်း သူ သိလိုက်ရသည်။
ကားမောင်းသင်တန်းတွေက တကယ့်ကို အလိမ်အညာတွေပါလား။ လူတွေကို လှည့်စားတာက ကားမောင်းသင်တန်းများ မဟုတ်ဘဲ နိုင်ငံ၏စည်းမျဉ်းများလည်း ဖြစ်နိုင်သည်။
စဉ်းစားကြည့်ပါက လူအများသည် ယာဉ်မောင်းလိုင်စင်လေးတစ်ခု ရရန်အတွက် ယွမ်ထောင်ဂဏန်း အချို့ခန့် သုံးစွဲရပြီး ကားမောင်းတတ်ရန် လပေါင်းများစွာ အချိန်ပေးခဲ့ရသည်။ ဒါ လုံးဝ မတန်ချေ။ ကားလေးတစ်စီး မောင်းတာ တကယ်ပဲ ခက်ခဲနေတာလား။ ကားမောင်းသင်တန်းသို့ မသွားလျင် တောင်မှ မည်သို့ကားမောင်းရသလဲဆိုတာကို သိနိုင်သေးသည် မဟုတ်ပါတကား။
ထိုစဉ်အခါက ပထမဆုံး ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးခဲ့သည့်ချိန်တွင် ယာဉ်ထိန်းရဲများသည် ကားမောင်းမသင်တာတောင်မှ ဝင်လျှောက်ကြသည်။ သူတို့၌ ကားတစ်စီးရှိပါက ယာဉ်မောင်းလိုင်စင်ကို တန်း၍ရနိုင်ခဲ့သည်။
နောက်ပိုင်းတွင် ကားအစီးရေ ပိုများလာပြီးနောက် ယာဉ်မောင်းလိုင်စင်တစ်ခုရရန် ပိုခက်ခဲလာပြီး အခကြေးငွေကလည်း ပိုများလာ၏။
ထိုအချက်ကြောင့် ကားပိုများလာချိန်တွင် ယာဉ်မောင်းလိုင်စင် လာလျှောက်သည့်လူများကို ဟန့်တားရန် စံချိန်စံနှုန်းများ သတ်မှတ်မည့်အစား လမ်းများပိုဖောက်လုပ်သင့်ပေသည်။
ထို့အပြင် အစိုးရက လူနေထူထပ်သော မြို့ကြီးများ၌ လိုင်စင်နံပါတ်များ၏ နောက်ဆုံးဂဏန်းနှစ်လုံး‌ပေါ် အခြေခံ၍ ယာဉ်သွားယာဉ်လာ ကန့်သတ်ချက်များ အကောင်အထည်ဖော်ခြင်းကလည်း လက်မခံနိုင်စရာပင်။
အစိုးရက အခွန်တိုးကောက်သော်လည်း လမ်းများကို အလုံအလောက် မဖောက်ပေးသည့်အပြင် ယာဉ်သွားယာဉ်လာ ကန့်သတ်ချက်များ ပြုလုပ်လိုက်ပြီး ပြည်သူများအား ၎င်းတို့၏ကားများကို အိမ်၌ထားခဲ့အောင် တွန်းအားပေးနေ၏။ ဆိုးရွားလိုက်လေခြင်း။
လီယုံ လီဖာကို ဖိနင်းလိုက်သောကြောင့် ကားရှိန်မြင့်လာသည်။ သူ ဘရိတ်ကိုနင်းလိုက်သည်နှင့် ကားက အရှိန်လျော့၍ ရပ်သွားသည်။ သူ ကားကိုကွေ့ချင်လျင် စတီယာရင်ကို လှည့်လိုက်ရုံပင်။ သူ့အတွက် အလွန်လွယ်ကူ၍ ရိုးစင်းလှသည်။ သူသည် ကားအား သင်ယူခြင်းမရှိဘဲ လွတ်လွတ်လပ်လပ် မောင်းနိုင်နေ၏။
ကားမောင်းခြင်းကို ကျင့်သားရလာပြီးနောက် လီယုံသည် မြို့ပတ်လမ်းဘက် ဦးတည်ကာ ကျန်းယွီရုံနှင့်အတူ ထပ်ခါထပ်ခါ ကားပတ်စီးလေတော့သည်။
အစပိုင်းတွင် ကျန်းယွီရုံသည် အနည်းငယ် စိုးရိမ်သဖြင့် သူ့ကို ဆက်တိုက်သတိပေးမိနေသည်။
"အရှိန်လျော့ ... ရှောင်ယုံ ဖြည်းဖြည်းမောင်းလေ"
တဖြည်းဖြည်းနှင့် သူ့ကို သတိပေးရန်မလိုတော့ဟု သူမ သတိထားမိလာသည်၊ အဘယ်ကြောင့်ဆိုသော် လီယုံက သူမထက်ပင် ကားမောင်းတော်နေသေးသည်။ သူသည် လမ်းသင်္ကေတများအတိုင်း အတွေ့အကြုံရှိသော ယာဉ်မောင်းသူတစ်ယောက်ကဲ့သို့ မှန်မှန်ကန်ကန် မောင်းနှင်နေသည်။
"ရှောင်ယုံ နင် တော်တော် တော်တာပဲ"
ကျန်းယွီရုံ သူ့ကို မချီးကျူးဘဲ မနေနိုင်တော့ချေ။
"ဒါပေါ့၊ ကိုယ်က တော်တယ်လေ၊ ကိုယ်က လူကောင်းလေးပဲကို၊ မင်းလည်း စမ်းကြည့်ဖူးရဲ့သားနဲ့"
လီယုံက စနောက်၍ ပြောလိုက်သည်။
"တော်စမ်းပါ"
ကျန်းယွီရုံ ရှက်သွေးဖြန်းသွားသည်။
"ကြည့်ရတာ မင်းကို နောက်တစ်ခါ ကျေနပ်သွားအောင် လုပ်ပေးရမယ့်အချိန် ရောက်ပြီနဲ့တူတယ်။ တိတ်ဆိတ်တဲ့ နေရာလေးတစ်ခု ရှာရအောင်၊ ပြီးရင် မင်းကို ကိုယ့်ရဲ့အရသာကို မြည်းစမ်းခိုင်း ကြည့်ရမယ်"
လီယုံက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ကားပေါ်၌ ချစ်ဇာတ်ခင်းခြင်းမျိုးကို သူ စဉ်းစားနေခဲ့မိသည်။ ကားထဲ၌ ထိုသို့လုပ်ခြင်းက စိတ်လှုပ်ရှားစရာ အတော်ကောင်းသည်ဟု ပြောကြပြီး သူ တစ်ခါမှ မစမ်းကြည့်ဖူးသေးပေ။
ယနေ့ သူ အချိန်ရနေသလို အခွင့်အရေးကလည်း ဆိုက်ရောက်လာလေပြီ။
"ဟင့်အင်း ငါ မစမ်းကြည့်ချင်ပါဘူး"
ကျန်းယွီရုံ တစ်ဖက်လှည့်သွားကာ ပို၍မျက်နှာ နီမြန်းလာသည်။
လီယုံ ရယ်မော၍ အင်္ဂတေကိုင်နေဆဲ ဖြစ်သော ခင်းလက်စလမ်းတစ်လမ်းဘက်သို့ ကွေ့လိုက်ပြီးနောက် မြစ်ကမ်းဘေးသို့ ရောက်လာသည်။ ရှေ့တွင် လမ်းဆုံးနေသဖြင့် သူ ကားကိုရပ်လိုက်သည်။
ထို့နောက် သူက ကားတံခါးဖွင့်၍ ကားပေါ်မှဆင်းလိုက်သည်။ နောက်ခန်းက နေရာပိုကျယ်သဖြင့် ထိုနေရာ၌ သူ ချစ်ပွဲဝင်ချင်နေသည်။ သို့သော် ဘေးပတ်လည်မှ လှပသောရှုခင်းကိုမြင်ပြီး သဘာဝ ပတ်ဝန်းကျင်၌ ချစ်ပွဲဝင်တာပိုကောင်းမည်ဟု စဉ်းစားမိသည်။ မြက်ခင်းပေါ်မှာ လုပ်ရတာက ပို၍စိတ်လှုပ်ရှားစရာ ကောင်းလောက်၏။
"ယွီရုံ ဒီကိုဆင်းလာခဲ့လေ"
လီယုံ သူမကို လှမ်းပြောလိုက်သည်။ ကျန်းယွီရုံ ကားပေါ်မှဆင်းလာပြီး နာကျင်နေသော ခါးကိုပွတ်ရင်း ပြောလိုက်သည်။
"ရှောင်ယုံ ဘာလို့ ငါတို့က ဒီလိုနေရာမျိုးကို လာရတာလဲ။ လူဆိုးတွေ ရောက်လာမှာကို နင် မကြောက်ဘူးလား။ ငါတို့ ဓားပြတိုက်ခံရရင် ဘယ်လိုလုပ်မလဲ"
"လူဆိုးတွေ အများကြီး မရှိနိုင်ပါဘူး"
လီယုံက ထိုသို့ပြောပြီး ကျန်းယွီရုံနားသို့ လျှောက်လာကာ သူမကိုပွေ့၍ မြက်ခင်းပေါ်ချရန် ပြင်လိုက်သည်။
"လူဆိုး ... နင်ကမှ လူဆိုးကောင်"
ကျန်းယွီရုံက တခစ်ခစ်ရယ်မောရင်း လီယုံကို ဖယ်ထုတ်ချင်နေသည်။ သို့သော် လီယုံက သူမကို ရုတ်တရက် လေထဲ ပင့်မြှောက်လိုက်သဖြင့် သူမ လေထဲမြောက်တက်သွားသည်။ ခေါင်းမူးသလို ခံစားလိုက်ရပြီးနောက် ဖြူဖပ်ဖြူရော်ဖြစ်နေသော မျက်နှာနှင့် သူမ ကြောက်လန့်ကာ သံကုန် အော်ဟစ်လေတော့သည်။ လီယုံက သူမကို လှမ်းဖမ်းလိုက်သဖြင့် သူမ မြေကြီးပေါ် ပြုတ်မကျတော့ချေ။
ထို့နောက် လီယုံသည် လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို လေထဲ ပစ်မြှောက်သကဲသို့ မြှောက်တင်လိုက်သည်။ လီယုံက ကျန်းယွီရုံအား အသာလေး ပစ်မြှောက်နိုင်လေသည်၊ အဘယ်ကြောင့်ဆိုသော် ကျန်းယွီရုံ၏ ငါးဆယ့်ငါး ကီလိုဂရမ်ဟူသော ကိုယ်အလေးချိန်က လီယုံအတွက် ကလေးများစွာ၏ အလေးချိန်နှင့် မခြားနားသလို ဖြစ်နေသောကြောင့်ပင်။
အစပိုင်းတွင် ကျန်းယွီရုံသည် အတော်လေး ကြောက်လန့်ကာ ဆက်တိုက်အော်ဟစ်မိသည်။ တဖြည်းဖြည်းနှင့် သူမမျက်နှာက နီမြန်းလာပြီး နှုတ်ခမ်းကိုကိုက်ရင်း မည်သည့်အသံမှ ထွက်မလာတော့ချေ။ ခဏခဏ မြှောက်တင်ခံနေရသဖြင့် သူမ စိတ်ထဲမှနေ၍ ကျင့်သားရလာသည်။ သူမက လီယုံကို ဖီးနစ်ငှက်ကဲ့သို့ မျက်ဝန်းများဖြင့် လှမ်းကြည့်ရင်း လီယုံက သူမကို အခေါက်ပေါင်းများစွာ မြှောက်နေတာတောင်မှ မမောဘဲ အလွန်အားသန်လှသည်ကို သတိထားမိ သွားသည်။
"ယွီရုံ မင်း အခု ဘာလို့မအော်တော့တာလဲ"
လီယုံ မေးလိုက်သည်။
"ငါ မအော်ချင်လို့"
ကျန်းယွီရုံကလည်း ပြန်ဖြေလိုက်သည်။
"အော်လိုက်ပါ။ မင်းအော်သံက သိပ်နားထောင်လို့ကောင်းတာ"
လီယုံ ထပ်ပြောလိုက်သည်။
"ငါ မအော်ချင်လို့"
ကျန်းယွီရုံကလည်း တင်းခံထားသည်။
"ပြီးရော၊ အခု မင်း အော်တာ၊ မအော်တာကို ကိုယ် ဂရုမစိုက်တော့ဘူး။ ခဏနေရင် မင်းကိုယ်မင်း ထိန်းချုပ်လို့ရမှာ မဟုတ်တော့ဘူး ..."
ထိုသို့ပြောပြီး လီယုံက သူမကို ပွေ့ကာ ကားဆီသို့ လျှောက်သွားသည်။ ကားတံခါးဖွင့်၍ သူမအား ညင်သာစွာ နေရာချလိုက်သည်။
မြက်ခင်းပြင်က အနည်းငယ် ညစ်ပတ်နေသည်ကို သူ သတိထားမိသွားသဖြင့် ကားထဲမှာပဲ လုပ်ရန် သူ ပိုနှစ်သက်သွားသည်။
လီယုံ ကားထဲဝင်လိုက်သည်။ သူတို့ မစရသေးခင်မှာပင် ကျန်းယွီရုံက အသက်ရှူရပ်မတတ် ဖြစ်နေသည်။ သူမသည်လည်း စိတ်ပါလာပြီး အဆင်သင့်ဖြစ်နေမှန်း သိသာလှ၏။
လီယုံက သူမ၏ သီးသန့်နေရာလေးသို့ လက်နှင့်စမ်းကြည့်လိုက်သောအခါ ရေလောင်းထားသော ပန်းပင်ကို ကိုင်လိုက်ရသကဲ့သို့ စိုစွတ်နေသည်ကို ခံစားလိုက်ရသည်။
ကျန်းယွီရုံသည်လည်း လက်ကိုဆန့်၍ သူ၏အရာကို ကိုင်တွယ်လာသည်။ ထိုအရာက ပြုတ်ထားသော ကန်စွန်းဥကဲ့သို့ နူးညံ့၍ ပူလောင်နေ၏။
ထို့နောက်တွင်မူ ကားသည် တုန်ခါလို့လာ၏။ လေတိုးသံနှင့် မြစ်ရေသံများကြားမှ သာယာသော တေးသံအချို့ ထွက်ပေါ်လာသည်။ သဘာဝတရား၏ အသံများကပါ အတူပါရှိနေသော ထိုဆူညံသံများက အလွန်နားဝင်ချိုလှပေသည်။

နတ်မျက်စိရှင် သမားတော် [Chapter 1-200]Where stories live. Discover now