နတ်မျက်စိရှင် သမားတော်
Amazing Doctor with Super Vision
Author Gong Zi Wu Lang
ဘာသာပြန် Han ShinCHAPTER (27) အဆိပ်ခတ်ခံရခြင်း
နာရီဝက်ကြာပြီးနောက် ဆေးရုံအုပ်နှင့် တန်းရီထျန်းတို့ ဗွီဒီယိုကို အတူကြည့်လို့ ပြီးသွားကြသည်။ ဆေးရုံအုပ်မျက်နှာက သုန်မှုန်နေပြီး တန်းရီထျန်းကတော့ ချွေးပြန်လို့နေသည်။ လီယုံတစ်ယောက် တစ်ခုခု ဖြစ်လာရန် မျှော်လင့်နေမိသည်။ ရုတ်တရက် ဆေးရုံအုပ်က စားပွဲကို ဗြန်းခနဲ ရိုက်၍ တန်းရီထျန်းကို စူးစိုက်ကြည့်ကာ အော်ဟစ်လာသည်။
“ဒီဆရာဝန်က ရှင့်တူမဟုတ်လား။ သူ့ကို ဆေးတွေရောင်းဖို့ ရှင် ပြောလိုက်တာလား”
တန်းရီထျန်းသည် သူ့နဖူးမှ ချွေးကိုသုတ်၍ ပြန်ဖြေလိုက်သည်။
“မဟုတ်ဘူး၊ ငါ မပြောခဲ့ဘူး”
“ဒါဆို ဒီဗွီဒီယိုကို ရဲလက်အပ်ပြီး သူတို့ကို ဒီကိစ္စ စုံစမ်းခိုင်းလိုက်မယ်”
ဆေးရုံအုပ် စိတ်သက်သာရာရသွားသည်။ ဒီကိစ္စက တန်းရီထျန်းနဲ့ ပတ်သက်နေမည်ကို သူမ အတော်လေး စိုးရိမ်နေပုံရသည်။
“ကျေးဇူးပြုပြီး အဲ့လိုမလုပ်ပါနဲ့ မစ္စဝမ့်၊ ဒါတွေက ကျွန်တော့်အမှားပါ”
သူမက ရဲခေါ်မည်ကို ကြားပြီး တန်းရီထျန်း ချက်ချင်း လက်လျှော့သွားသည်။ ဆေးရုံအုပ် ချက်ချင်း ဒေါသထွက်သွားကာ စားပွဲအား ပြင်းထန်စွာ ရိုက်နှက်လိုက်ပြီး ဘာလုပ်ရမှန်း မသိ ဖြစ်သွားသည်။
လီယုံသည် သူတို့၏ ဇာတ်လမ်းကို ဆက်မကြည့်ချင်တော့သဖြင့် ထွက်လာခဲ့သည်။ သို့သော် ဆေးရုံအုပ်နှင့် တန်းရီထျန်းက သူ့ကို တား၍ လျှို့ဝှက်ထားပေးရန် တောင်းဆိုလာသည်။ ဆေးရုံအုပ်ကတောင်မှ ဤသို့ ပြောလာသည်။
“လီယုံ ဒါကို မင်းတစ်ယောက်တည်းပဲ သိအောင် လုပ်ထားမယ်ဆိုရင် ငါ မင်းဖြစ်စေချင်တာ ဘာပဲဖြစ်ဖြစ် လုပ်ပေးမယ်”
သူ လိုချင်တဲ့ ဘယ်ဟာမဆိုတဲ့လား။ ဒါက ဆိုးတော့မဆိုးပင်မယ့် သူမက လီယုံအတွက် တအား အိုနေလေပြီ။
တန်းရီထျန်းသည်လည်း အလျင်စလို ပြောလာသည်။
“ယုံ ဒါတွေအားလုံးက ငါ့အမှားတွေပါ။ ငါ့ကို ခွင့်လွှတ်ပေးပါ။ မင်းကို အလုပ်ဖြုတ်ပြီး ငါ့အတန်းဖော်ရဲ့ သမီးကို အစားထိုးလိုက်တာ ငါ့အမှားတွေပါ။ ငါ အပြစ်ပေးခံရဖို့ ထိုက်တန်ပါတယ်၊ ငါ နောက်ဆို ကောင်းကောင်း ပြုမူပါ့မယ်”
YOU ARE READING
နတ်မျက်စိရှင် သမားတော် [Chapter 1-200]
Fantasyဇာတ်လမ်းအကျဉ်း အခြား ဆေးကျောင်းသားများကဲ့သို့ လီယုံသည် ကြိုးစားပမ်းစားနှင့် ဆေးရုံတစ်ရုံ၌ အလုပ်သင် ဆရာဝန် အဖြစ် အလုပ်ရခဲ့သော်လည်း ပိုက်ဆံ ပြတ်လပ်နေသေးသည်။ သူ့၌ အိမ်ငှားခအတွက် ပေးရန် ပိုက်ဆံမရှိပေ။ သို့သော် တိုက်ဆိုင်မှုတစ်ခုကြောင့် သူသည် သူ့မိဘများ...