Chapter 59

483 59 0
                                    

နတ်မျက်စိရှင် သမားတော်
Amazing Doctor with Super Vision
Author Gong Zi Wu Lang
ဘာသာပြန် Han Shin

စာစဉ် (4) CHAPTER (59) သန်းငါးဆယ်
လီယုံက သူ၏ ဒိဗ္ဗစက္ခု အမြင်အာရုံဖြင့် ထိုလူကို လှမ်းကြည့်လိုက်ပြီးနောက် ချက်ချင်း သဘောပေါက်သွားသည်။ ထိုလူကား ထိခိုက်ချင်ယောင်ဆောင်နေခြင်းပင်။
*ဉာဏ်ကောင်းလိုက်တဲ့လူ*
မယှဉ်နိုင်သည့် ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်နေရသဖြင့် ဤနည်းလမ်းက သူ့ကိုယ်သူ ကာကွယ်ရန် အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။
သို့သော် လီယုံသည် ထိုလူအား လွှတ်ပေးထားချင်စိတ် မရှိပေ။ သူက သက်တော်စောင့်နှစ်ယောက်ကို ရှောင်ကွင်း၍ ထိုလူထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ ထိုသက်တော်စောင့်၏ ခြေထောက်အား အားနှင့်တက်နင်းလိုက်သည်။ ခြေသလုံးရိုးကျိုးသံက ရှင်းလင်းစွာ ထွက်ပေါ် လာလေတော့သည်။
"အား ... ငါ မင်းကို သတ်ပစ်မယ်"
ထိုသက်တော်စောင့်က အော်ဟစ်လိုက်ပြီးနောက် သူ့လက်မောင်းမှ တောက်ပသော ဓားမြှောင် တစ်လက်ကို ထုတ်၍ လီယုံ၏ ခြေထောက်ကို ထိုးရန် ပြင်လာသည်။
သို့သော် လီယုံက ခြေထောက်ကို ဆတ်ခနဲ ပြန်ရုတ်ပြီး သူ့အား အားထည့်၍ ကန်လိုက်သဖြင့် ထိုဉာဏ်ကောင်းသော သက်တော်စောင့်သည် ကျောက်တကျိုးရှေ့သို့ လွင့်ထွက်သွားလေတော့၏။
လီယုံက ပြာနှမ်းနေသော ကျောက်တကျိုးအား လှမ်းကြည့်၍ အေးအေးဆေးဆေး ပြောလိုက်သည်။
"မစ္စတာကျောက် ကျုပ် ခင်ဗျားသားကို အရင်တစ်ခေါက်က ရိုက်နှက်ခဲ့ပင်မယ့် နောက်ဆုံးတော့ ကျုပ် သူ့ကို ကယ်ခဲ့တာပဲ။ နောက်ဆို ကျုပ်ဆီ မလာနဲ့တော့။ ခင်ဗျား တောင်းပန်မယ်ဆိုရင်တောင်မှ ဘာမှဖြစ်လာမှာ မဟုတ်ဘူး"
ထိုသို့ပြောပြီး ကျောက်ဟုန်ယုရှေ့သို့ လီယုံ ရောက်လာသည်။ ကျန်နေသေးသော သက်တော်စောင့် သုံးယောက်က လီယုံကို မတားရဲသည့်အပြင် လီယုံ သူတို့နား လျှောက်လာနေသည်ကို မြင်သည်နှင့် ကပျာကယာဖြင့် နောက်ဆုတ်သွားကြသည်။
"ရှေ့တက်ကြလေ"
ကျောက်တကျိုးက အော်၍အမိန့်ပေးလိုက်သော်လည်း မည်သူမျှ သူ့စကားကို နားမထောင်ကြချေ။
ကျောက်ဟုန်ယု ကြောက်စိတ်ကြောင့် တုန်ယင်လို့နေ၏။ အကယ်၍ ကျောက်တကျိုးသာ ရှိမနေပါက သူ နောက်လှည့်ကာ ထွက်ပြေးသွားလောက်ပြီဖြစ်သည်။ လီယုံ၏ တည်ငြိမ်သော မျက်နှာကိုကြည့်ပြီး သူ ကတုန်ကယင်ဖြစ်နေသော လေသံဖြင့် မေးလိုက်သည်။
"ဘာ ... မင်း ဘာလုပ်ချင်လို့လဲ"
"မင်းက ငါ့မိန်းမကို နိုင်စားချင်မှတော့ မင်း ကုန်းကုန်းဖြစ်နေတာ ပိုကောင်းမယ်"
ထိုသို့ပြောပြီး လီယုံက ကျောက်ဟုန်ယုအား အင်္ကျီကော်လာမှ ဆွဲမလိုက်သဖြင့် အရပ်ပု၍ ခပ်ဝဝဖြစ်နေသော ကျောက်ဟုန်ယုတစ်ယောက် အပေါ်သို့ မြင့်တက်လုနီးပါး ဖြစ်လာသည်။
ကျောက်ဟုန်ယု ကြောက်လန့်ကာ မျက်နှာတစ်ပြင်လုံး ချွေးအလိမ်းလိမ်းကျလာ၏။ အင်္ကျီကော်လာကြောင့် လည်ပင်းအစ်နေသော်လည်း သူ့အတွက် အသက်ရှူရခက်ခဲနေပြီး သူ အားကုန်သုံး၍ အသည်းအသန် ထအော်လိုက်မိသည်။
"အဖေ ကျွန်တော့်ကို ကယ်ပါဦး"
"ရပ်စမ်း"
ကျောက်တကျိုး အမိန့်ပေးလိုက်သော်လည်း ယခင်ကကဲ့သို့ အထက်စီးဆန်၍ မရိုင်းစိုင်းတော့ချေ။ ထို့အပြင် သူအသံက တုန်ယင်လို့နေသေးသည်။ သူက လီယုံအား နူးညံ့သောအကြည့်များဖြင့် လှမ်းကြည့်၍ မနည်းပြုံးကာ အနူးအညွတ် တောင်းပန်လိုက်သည်။
"ရပ်လိုက်၊ ကျေးဇူးပြုပြီး ငါ့သားကို လွှတ်ပေးပါ။ ငါတို့ မင်းမိန်းမကို ထပ်ပြီး အနိုင်ကျင့် အမြတ်မထုတ်တော့ပါဘူး။ ဟန်မိသားစုက သမီးနှစ်ယောက်လုံးက မင်းအပိုင်ပါပဲ"
"သွားစမ်းပါ။ သူတို့က ခင်ဗျားသမီးတွေမှ မဟုတ်တာ။ ခင်ဗျားက ဒီလောက်ရက်ရောပြနေရတာလဲ"
လီယုံ မကျေမနပ်နှင့် အော်ငေါက်လိုက်သည်။ သူ ဟန်လူတစ်ယောက်တည်းနှင့် လက်ထပ်ရလျင်ကို ကျေနပ်နေပြီဖြစ်ပြီး ဟန်ဖေးအား လက်ထပ်ရန် စိတ်ကူးမရှိပေ။ ကျောက်တကျိုး ပြောလိုက်သည့် စကားက သူ့စိတ်ကို ဆွပေးလိုက်သလို ဖြစ်သွားသည်။ လီယုံ စိတ်ဆိုးသွားသောကြောင့် ရုတ်တရက် ခြေထောက်ကိုမြှောက်၍ ကျောက်ဟုန်ယု၏ သီးသန့်အစိတ်အပိုင်းအား ကန်ကျောက်လိုက်သည်။
ကျောက်ဟုန်ယု၏ တုန်ယင်၍ ရှုံ့မဲ့နေသော မျက်နှာထားကို လျစ်လျူရှုကာ လီယုံက သူ့အား ဘေးသို့ ပစ်ထုတ်လိုက်ပြီး ကျောက်တကျိုးဘက်သို့ မျက်နှာမူပြီး ပျော်ရွှင်စွာ မေးလိုက်သည်။
"ခင်ဗျားရော ကုန်းကုန်း ဖြစ်ချင်လား"
ကျောက်တကျိုး၏ မျက်နှာက ပို၍ဖြူရော်လာပြီး ကျောက်ဟုန်ယုကို ကယ်ရန် သူ့၌ မည်သည့် အစွမ်းအစမျှ မရှိသည်ကို သိနေ၏။ သို့သော် ကျောက်ဟုန်ယု၏ အော်သံက သူ့နှလုံးသားအား ဓားဖြင့်အထိုးခံနေရသကဲ့သို့ ခံစားမိသောကြောင့် စိတ်မကောင်းဖြစ်ကာ ငိုချင်စိတ်ဝင်လာရသည်။ သူ ဒီကို မလာခင်ကတည်းက ကောင်းကောင်း ပြင်ဆင်လာခဲ့သည်။ သို့သော် အဘယ်ကြောင့် လက်ရှိအခြေအနေမျိုးကို သူ ထည့်မစဉ်းစားခဲ့မိရသနည်း။
နောက်ဆုံးတွင် လောကဓံလှိုင်း၏ အတက်အကျများစွာကို ဖြတ်သန်းဖူးသော ကျောက်တကျိုး တစ်ယောက် တည်ငြိမ်လာပြီး ခေါင်းခါ၍ ပြန်ပြောလိုက်သည်။
"ဟင့်အင်း ငါ မဖြစ်ချင်ပါဘူး"
"ဒါဆိုလည်း ဒီနေရာနေ ထွက်သွားတော့လေ"
လီယုံ ထအော်လိုက်၏။
ကျောက်တကျိုး ခြေထောက်နှစ်ဘက်လုံး တုန်ယင်နေပြီး ကျန်သက်တော်စောင့်သုံးယောက်အား ကျောက်ဟုန်ယုကို သယ်လာခဲ့ရန် အမိန့်ပေး၍ ထွက်ပြေးသွားသည်။
"နေဦး"
ဟန်တုန်းထောင်က ရုတ်တရက် သိသိသာသာ ပျော်ရွှင်နေသောလေသံဖြင့် ထအော်လာသည်။
*ဟိုးရေး*
အစောပိုင်းလေးတွင် သူတို့အားလုံး ကျောက်တကျိုး၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်ကာ မခန့်မှန်းသော အဖြစ်အပျက်များနှင့် ရင်ဆိုင်ရလုနီးပါး ဖြစ်နေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ အသာစီးပြန်ရလာခဲ့သည်။
ဟန်တုန်းထောင်သည် သူ၏ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုတို့အား မဖိနှိပ်ထားနိုင်ခဲ့ပေ။ ကျောက်တကျိုး ထွက်သွားတော့မည်ကို သတိထားမိပြီးနောက် သူ ချက်ချင်း တားဆီးလိုက်သည်။
ကျောက်တကျိုး ရုတ်ချည်း တောင့်ခနဲ ဖြစ်သွားပြီး နောက်ထပ်ခြေလှမ်း ထပ်မလှမ်းရဲတော့ပေ။ ဟန်တုန်းထောင်ဘက်သို့ လှမ်းကြည့်၍ မျက်နှာချိုသွေးသော အပြုံးဖြင့် စိုးရိမ်တကြီး‌ မေးလိုက်သည်။
"မစ္စတာဟန် ကျုပ် ခင်ဗျားအတွက် ဘာလုပ်ပေးရမလဲ"
"ကျုပ်အိမ်ကို ပြဿနာ လာရှာပြီးတော့ ဒီလောက် လွယ်လွယ်နဲ့ ထွက်သွားချင်သေးတာလား"
ဟန်တုန်းထောင်က နှာမှုတ်သံပြု၍ ထေ့ငေါ့လိုက်သည်။
"ခင်ဗျား ဘာလုပ်ချင်လို့လဲ"
ကျောက်တကျိုး ခါးသီးသလို ခံစားနေရသော်လည်း ဆက်၍ပြုံးပြနေလိုက်သည်။
"ခင်ဗျား ကျုပ်ဧည့်ခန်းကို ညစ်ပတ်အောင်လုပ်တယ်၊ ကျုပ်ဥယျာဉ်ကို ဖျက်ဆီးပြီးတော့ ကျုပ်မိသားစုကို ကြောက်လန့်အောင် လုပ်ခဲ့တယ်။ ခင်ဗျား ဘာလုပ်သင့်တယ်လို့ ထင်လဲ"
ဟန်တုန်းထောင်က ဒေါသထွက်၍ ရှူးရှူးရှားရှားဖြစ်နေဟန်ဖြင့် မေးလိုက်သည်။ သူ မည်မျှပျော်ရွှင်နေပါစေ၊ သူ အပြည့်အဝ ဟန်ဆောင်နိုင်ပါ၏။
"ကျုပ် ခင်ဗျားကို လျော်ကြေးအနေနဲ့ ပိုက်ဆံပြန်ပေးပါ့မယ်"
ကျောက်တကျိုး ဝမ်းပန်းတနည်းဖြင့် ပြောလိုက်သည်။
"ကောင်းပြီလေ၊ ဒါဆိုလည်း သန်းငါးဆယ်ပေး
ဟန်တုန်းထောင်က လက်ငါးချောင်း ထောင်ပြ၍ ပြောလိုက်သည်။
ကျောက်တကျိုး ဟန်မဆောင်နိုင်ဘဲ မျက်နှာရှုံ့မဲ့မဲ့ ဖြစ်သွားသည်။
*ချီးတဲ့မှ ... သန်းငါးဆယ်တဲ့*
ထိုမျှပိုက်ဆံနှင့်ဆိုလျင် သူ အိမ်ရာတစ်ခုလုံးကို ဝယ်နိုင်နေလေပြီ။ သို့သော် ခက်ခဲသော အခြေအနေ၌ ချောင်ပိတ်မိနေပါက အခြားသူများ ပြောတာကို နာခံရမည်ပင်။ သူ တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေသော်လည်း ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။
"ကောင်းပါပြီ"
"ကျုပ်ဆီ ငွေလွှဲလိုက်။ ကျုပ်ဆီ ပိုက်ဆံမရဘူးဆိုရင် ခင်ဗျားတို့ထဲက ဘယ်သူမှ ဒီကနေ ထွက်သွားလို့မရဘူး"
ဟန်တုန်းထောင်က လေးလေးနက်နက် ပြောလိုက်သည်။
ကျောက်တကျိုး အံကြိတ်လိုက်ပြီး မတတ်သာသဖြင့် သူ၏ ကုမ္ပဏီဝန်ထမ်းထံသို့ ဖုန်းခေါ်လိုက်ရသည်။ ဆယ်မိနစ်အတွင်း ဟန်တုန်းထောင်ထံသို့ စာတိုတစ်စောင် ရောက်လာသည်။ သူ သေချာဖတ်၍ ကိန်းဂဏန်းကို သေချာရေတွက်လိုက်သည်။ ကိန်းဂဏန်းက သေချာမှ သူသည် လက်ကိုခါ၍ ပျော်ရွှင်နေဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။
"မစ္စတာကျိုး နှုတ်ဆက်ပါတယ်"
ကျောက်တကျိုး ပြန်ပြုံးပြလိုက်သော်လည်း တစ်ဘက်လှည့်လိုက်သည်နှင့် မျက်နှာက ခရမ်းသီးကဲ့သို့ ပြာနှမ်းလို့နေ၏။
*ဟန်တုန်းထောင် ခွေးမသား ... စောင့်ကြည့်နေလိုက်၊ အခု မင်းက ခြိမ်းခြောက်အကျပ်ကိုင်ရဲမှတော့ အဲ့အတွက် မင်း ပြန်ပေးဆပ်ရအောင် ငါ လုပ်ပြမယ်*
ကျောက်တကျိုးသည် စိတ်ထဲကျိန်ဆဲရင်း အံကိုကြိတ်နေသဖြင့် အံသွားတောင် ပျက်ဆီးလုနီးပါး ဖြစ်တော့မည်။
"ရပ်လိုက်"
ရုတ်တရက် လီယုံက စကားစလိုက်သဖြင့် ကျောက်တကျိုး လဲကျတော့မလို ဖြစ်သွားသည်။ ဤမျှအချိန်တိုလေးအတွင်း၌ သူ့အတွက် လမ်းလျှောက်ရန် အလွန်ခက်ခဲနေ၏။ အခု ဒီနေရာကနေ သူ ထွက်သွားလို့ ရတော့မည်မထင်။
သူ့ရင်ဘတ်သူ ပြန်ကာပြီး အစွမ်းကုန်ပြုံး၍ နောက်ပြန်လှည့်လိုက်သည်။ သူ့၌ ရွေးချယ်စရာ မရှိပေ။ သူ့အမြင်တွင် လီယုံသည် ဟန်တုန်းထောင်ထက် ပို၍ကိုင်တွက်ရခက်ခဲသော လူတစ်ယောက် ဖြစ်သည်။
လီယုံက လဲကျနေသော သက်တော်စောင့်များကို လက်ညှိုးထိုးပြ၍ ခက်ထန်စွာ ပြောလိုက်သည်။
"အဲ့အမှိုက်တွေကို အဝေးသယ်သွား၊ ကျုပ် မျက်စိစပါးမွှေးစူးအောင် ဒီမှာ မထားခဲ့နဲ့"
သူက လျော်ကြေးထပ်မတောင်းဘဲ ထိုစကားသာ ပြော၍တော်သေးသည်။ ကျောက်တကျိုး စိတ်သက်သာရာရသွားပြီး သက်တော်စောင့် တစ်ယောက်ပြီးတစ်ယောက်ကို ခပ်သွက်သွက် ကူညီလိုက်၏။ ထို့နောက် သူက အားလုံးကိုခေါ်၍ ထွက်သွားလေတော့သည်။
မိနစ်ပိုင်းအတွင်းမှာပင် ဧည့်ခန်းသည် ကျယ်ကျယ်ဝန်းဝန်းနှင့် ပြန်၍သန့်ရှင်းလာ၏။ ထိုအချိန်တွင် ဟန်တုန်းထောင်က ဘယ်လက်ဖြင့် လီယုံကိုဆွဲကာ ညာလက်ဖြင့် ဟန်လူကို လှမ်းဆွဲလိုက်ပြီး သူတို့လက်နှစ်ဘက်ကို အတူထပ်၍ ပျော်ရွှင်စွာ ပြောလိုက်သည်။
"မင်းတို့ကို အခုချက်ချင်း လက်ထပ်ပေးဖို့ ငါ ဆုံးဖြတ်လိုက်ပြီ။ ဒီသန်းငါးဆယ်က မင်္ဂလာလက်ဖွဲ့ပဲ။ ဒီအိမ်တော်ကလည်း မင်းတို့ရဲ့ မင်္ဂလာဆောင်အတွက် လက်ဆောင်ပေးတဲ့ အိမ်တော်ပဲ"
လီယုံက သူ့အတွက် အဆင်ပြေသဖြင့် ပြုံးပြလိုက်သည်။ သူသည် အောင်မြင်မှုတစ်ခုကို ရရှိခဲ့ပြီး အတော်လေး ကျေနပ်အားရမိသည်။ အသက်ငယ်ငယ်လေးနှင့် သူ တော်တော် ကံကောင်းလှပေ၏။
သို့သော် ဟန်လူက ရုတ်တရက် ထပြောလာသည်။
"အဖေ အရမ်းမလောလွန်းဘူးလား။ သမီး ဘာမှမပြင်ဆင်ရသေးဘူးလေ"
"မင်း ဘာတွေပြင်ဆင်ဖို့ လိုလို့လဲ။ မင်းတို့ရဲ့ မင်္ဂလာဦးညကို အရင်ဖြတ်သန်းလိုက်ပေါ့၊ မင်းတို့အမေ နိုင်ငံခြားက ပြန်ရောက်လာမှ မင်္ဂလာပွဲကို ကျင်းပကြတာပေါ့"
ဟန်တုန်းထောင်က သူ့သမီးကို ပေးရန် အလောတကြီး ဖြစ်နေပုံပေါ်ပြီး စိတ်ပိုင်းဖြတ်ထားသကဲ့သို့ ပြောလိုက်သည်။
"နင်တို့အတွက် ဂုဏ်ပြုပါတယ်နော်"
ဟန်ဖေးက ဘေးမှနေ၍ ဂုဏ်ပြုစကား ပြောလာ၏။
"မင်္ဂလာဦးညလား"
လီယုံသည် ထိုအကြောင်းတွေးရင်း ဟန်လူကို စုံချည်ဆန်ချည် ကြည့်ပြီး စိတ်လှုပ်ရှားလာရသည်။
"အဖေ ..."
ဟန်လူ မျက်နှာသုန်မှုန်လာပြီး တစ်ခုခုထပ်ပြောချင်နေပုံ ပေါ်သည်။
"အဖေ့နောက်လိုက်ခဲ့"
ဟန်တုန်းထောင် မျက်နှာတည်သွားကာ ဟန်လူကိုဆွဲ၍ အခန်းတစ်ခန်းထဲသို့ ဝင်သွားသည်။
ဧည့်ခန်း၌ လီယုံနှင့် ဟန်ဖေးတို့သာ ကျန်ရစ်ခဲ့သည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ပြုံးလိုက်ကြသည်။
"ခဲအို ကျွန်မအစ်မက ရှင်နဲ့ လက်မထပ်ချင်တဲ့ပုံပဲ။ ဒါပေမယ့် စိတ်ချလက်ချနေပါ။ အဖေက သူ့ကို သေချာပေါက် နားချလိမ့်မယ်"
ဟန်ဖေးက နူးညံ့သောလေသံဖြင့် လီယုံကို ပြောလိုက်သည်။
အခန်းအတွင်း၌ ဟန်တုန်းထောင်က ဒေါသကိုထိန်း၍ ဟန်လူအား အသံကိုထိန်း၍ တင်းတင်းကျပ်ကျပ် ပြောနေသည်။
"လူ မင်း ဘယ်လိုလူစားမျိုးကို လက်ထပ်ချင်တာလဲ။ လီယုံရဲ့ ဘယ်နေရာကများ မကောင်းဖူးလို့ ထင်နေတာလဲ။ သူက ဆေးပညာမှာလည်း ထူးချွန်သလို သိုင်းပညာမှာလည်း ထူးချွန်တာပဲ။ ပြီးတော့ ခုနကအဖြစ်အပျက်ကို မင်းလည်း မြင်ခဲ့တာပဲ။ သူတစ်ယောက်တည်းနဲ့ သက်တော်စောင့် ဆယ်ယောက်ကျော်ကို အနိုင်ယူနိုင်ခဲ့တာ။ သူက အဖေ ဈေးကြီးပေးပြီး ငှားထားတဲ့ လျူချွင်းထက်တောင် ပိုတော်နေသေးတယ်"
"သူသာ မင်းဘေးမှာ ရှိနေရင် မင်းဘဝတစ်လျှောက်လုံးအတွက် မင်းရဲ့လုံခြုံရေးက စိတ်ချရတယ်။ သူသာ မင်းကို ဂရုတစိုက်ရှိမယ်ဆိုရင် အဖေရော၊ မင်းအမေရော မင်းအတွက် နေ့တိုင်း စိတ်ပူစရာ မလိုတော့ဘူး။ သူ့လိုလူနဲ့ မင်း ဆုံတွေ့ရတာ ကံကောင်းတာပဲ"
"လူ အဖေတို့ အဆိပ်ခတ်တဲ့သူကို ရှာမတွေ့သေးတာ မင်းလည်း သိတာပဲ။ မင်းကို သတ်ဖို့ ဒီလောက် ပိုက်ဆံအများကြီး သုံးနိုင်နေကတည်းက သူ့မှာ အင်အားကြီးတဲ့နောက်ခံ ရှိကိုရှိရမယ်။ အဖေတို့ ပြန်မတိုက်နိုင်ဘဲ ရန်သူက သနားလို့ ထားတဲ့နေရာမှာပဲ နေရနိုင်တယ်"
"ဒါပေမယ့် လီယုံနဲ့ဆိုရင်တော့ အရာအားလုံးက ပြောင်းလဲသွားပြီ။ သူက အဖေတို့ကို အဆိပ်ခတ်တဲ့သူကို ကူရှာပေးနိုင်ပြီးတော့ အန္တရာယ်ကိုလည်း ရှင်းလင်းပေးနိုင်လိမ့်မယ်။ အဲ့အပြင်ကိုမှ အဖေတို့ ဟန်လုပ်ငန်းစုကြီးကို ကျဉ်းတည်းကျပ်ထဲကနေ ဆွဲထုတ်ပေးပြီးတော့ အဆင့်အတန်း မြင့်မားလာအောင် ကူညီပေးနိုင်တယ်"
"လူ မင်း အခြေအနေကို သေချာသတိထားမှ ဖြစ်မယ်။ အဖေတို့ လီယုံနဲ့ တွေ့ခဲ့ရတာ ကံကောင်းတာ။ မင်း မငြင်းချင်စမ်းပါနဲ့"
"သူက မိဘမဲ့တစ်ယောက် မဖြစ်နိုင်တာ ဒါမှမဟုတ် သူ့နောက်ကြောင်းကို ဖုံးဝှက်ထားတာလို့ရော မင်း တွေးမိသေးလား ..."
အခန်းထဲမှအသံများကို နံရံနှင့် တံခါးတို့ကာ ပိတ်ဆို့ထားသော်လည်း လီယုံကတော့ ရှင်းလင်းစွာ ကြားနိုင်ပါသေးသည်။
ဟန်တုန်းထောင်၏ စကားအရ ဟန်လုပ်ငန်းစုသည် ကျဉ်းတည်းကျပ်ထဲ ရောက်နေပြီး အဆိပ်ခတ်သူကိုလည်း ရှာမတွေ့သေးသည်ကို လီယုံ သိလိုက်ရသည်။ သူသည် ခက်ခဲသော အခြေအနေ ဒါမှမဟုတ် အဆိပ်ခတ်သူကိုလည်း ဂရုမစိုက်ပါ။
သို့သော် ဟန်တုန်းထောင်၏ နောက်ဆုံးစကားက သူ့အား နာကျင်စေပါသည်။
*ငါ့နောက်ကြောင်းကို ဖုံးကွယ်ထားတာတဲ့လား။ အဲ့လို့လား။ မိဘမဲ့မဟုတ်ဘူးတဲ့လား*
ထိုစကားများက လီယုံအား မျှော်လင့်ချက်ရေးရေးလေး ပေးနေ၏။
"ခဲအို ... ဘာဖြစ်တာလဲ။ ငါ့အစ်မက နင်နဲ့ လက်မထပ်ချင်ဘူးဆိုရင်တောင်မှ ဝမ်းမနည်းပါနဲ့။ နင့်မှာ ငါရှိနေသေးတာပဲကို"
ဟန်ဖေးက မျက်ခုံးပင့်၍ ပြောလိုက်ပြီး လီယုံအတွက် အတော်လေး စာနာပုံပေါက်နေသည်။ လီယုံ၏ အာရုံကို လှုပ်နှိုးလိုက်နိုင်ပြီးနောက် သူမက သူမ၏ ဖွံ့ထွားသောသားမြတ်ကို ပင့်မ၍ သူမ၏ ဆွဲဆောင်မှုအရှိဆုံးဘက်ခြမ်းကို ပြသရန် ကြိုးစားလေသည်။
လီယုံက သူ၏ ဝမ်းနည်းစိတ်ကို အလျင်အမြန် ဖုံးကွယ်၍ ချစ်စဖွယ်ကောင်းသော ဟန်ဖေးကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။
"ဖေး ကုမ္ပဏီက ထုတ်တဲ့ ထုတ်ကုန်အသစ်က အခြေအနေ ဘယ်လိုရှိလဲ"
"အိုး ကျွန်မတို့ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ အသိအမှတ်ပြုတာကို ရပြီးလို့ အခု ထုတ်လုပ်ဖို့ လုပ်နေပြီ"
ဟန်ဖေးက ဂရုမစိုက်သလို ပြန်ပြောလိုက်သည်။ လီယုံက တမင်သက်သက် စကားလမ်းကြောင်း လွှဲလိုက်သည့်အတွက် သူမ၏ တောက်ပသော မျက်ဝန်းအတွင်း၌ အနည်းငယ် စိတ်ပျက်သွားဟန်များ ဖြတ်ပြေးသွားသည်။ သို့သော် သူမက နှစ်သက်ဖွယ်ကောင်းသော အပြုံးမျိုး ပြန်ပြုံး၍ မေးလိုက်သည်။
"ခဲအို ငါ့အစ်မနဲ့ ငါနဲ့ဆို ဘယ်သူက ပိုလှတယ်လို့ နင် ထင်လဲ"
လီယုံ ဟန်ဖေးကို ပြန်ကြည့်လိုက်သည်။ ဟန်ဖေး၌ ဟန်လူကဲ့သို့ နှစ်လိုဖွယ်ကောင်းသော မျက်နှာရှိပြီး ပန်းပွင့်ကဲ့သို့ နီမြန်းသော နှုတ်ခမ်းတစ်စုံရှိတာကိုတော့ သူ ဝန်ခံရပေမည်။ သူမ၌ ပြီးပြည့်စုံသော ကောက်ကြောင်းလည်း ရှိသည်။ ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသော သူမ၏ သွယ်လျသောခြေတံနှင့် သူမ၌ ဖွံ့ထွားသော ရင်သားများလည်း ရှိသဖြင့် အတော်လေး လန်းဆန်းတက်ကြွ၍ ချစ်စဖွယ်ကောင်းပုံ ပေါ်သည်။
"အင်း ..."
လီယုံ ချီတုံချတုံ ဖြစ်နေချိန်တွင် အခန်းတံခါး ပွင့်လာပြီး ဟန်တုန်းထောင်နှင့် ဟန်လူတို့ အခန်းထဲမှ ထွက်လာကြသည်။
မိနစ်အနည်းငယ်မျှ စကားပြောပြီးနောက် သူတို့နှစ်ယောက်လုံးသည် တစ်စုံတစ်ခုကို ဖုံးကွယ်ချင် သကဲ့သို့ ပြုံးနေကြသည်။

နတ်မျက်စိရှင် သမားတော် [Chapter 1-200]Where stories live. Discover now