နတ်မျက်စိရှင် သမားတော်
Amazing Doctor with Super Vision
Author Gong Zi Wu Lang
ဘာသာပြန် Han ShinCHAPTER (14) ကွင်းဆက်လူသတ်သမား
ဆေးခန်းသည် ကျန်းယွီရုံ၏ အိမ်နှင့် သိပ်မဝေးပေ။ သူတို့ တိုက်ခန်းသို့ ဆယ်မိနစ်ကျော်ကျော်နှင့် ပြန်ရောက်လာကြသည်။
အိမ်အပြန်လမ်းတစ်လျှောက်တွင် လီယုံက သူမအား ဆက်တိုက် ပရောပရည် လုပ်နေသဖြင့် ကျန်းယွီရုံ ရှက်သွေးဖြာကာ စိုရွှဲလာသည်။ လီယုံ၏ ညစ်တီးညစ်ပတ် စကားများကို ဆက်နားမထောင်နိုင်တော့ သဖြင့် သူမသည် လျှပ်စစ်ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းကာ တိုက်ပေါ်အရင်တက်သွားသည်။
သူမ၏ စိတ်ထဲတွင် သူမ လီယုံနှင့် အတူနေချင်နေပြီး ထိုအတွက် အဆင်သင့်ဖြစ်နေသော်လည်း စိတ်၏ တခြားတစ်ဖက်တွင်တော့ ကြောက်နေမိသည်။ ယခုအချိန်တွင် လီယုံက သူမကို နောက်မှဖက်ကာ သူမအပေါ် အုပ်မိုးလာမည်ကို သူမ တကယ်ကြောက်နေမိ၏။
လီယုံက လျှပ်စစ်ဆိုင်ကယ်အား ကားရုံ၌ ရပ်ထားလိုက်ပြီး တံခါးကို သော့ခတ်လိုက်ကာ သူမကို အမီလိုက်ရန် ကြံလိုက်သည်။
သို့သော် သူ လှေကားပေါ်သို့ စတက်လိုက်သည်နှင့် ကျောနောက်မှ အန္တရာယ်ကို ခံစားလိုက်မိသည်။ သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ ထိပ်ပြောင်ပြောင်နှင့် ပင်လယ်စောင့် ဘီလူးကဲ့သို့ ရုပ်ဆိုးသော လူတစ်ယောက်က မြင်လိုက်ရပြီး ထိုလူက သူထံ လျှောက်လာနေသည်။ သူ့မျက်လုံးများတွင် ယုတ်မာမှုများနှင့် ပြည့်နှက်နေ၏။
ခပ်ရေးရေးသာနေသော လရောင်အောက်တွင် ထိပ်ပြောင်နေသော လူ၏ ဦးခေါင်းပေါ်မှ အမာရွတ်သည် အနက်ရောင်ကျောက်စိမ်းကဲ့သို့ တောက်ပြောင်နေလေသည်။
"မင်းက လီယုံလား"
ထိပ်ပြောင်ပြောင်နှင့်လူက ငရဲမှလာသကဲ့သို့ လေသံမာမာဖြင့် မေးလိုက်သည်။
"ဟုတ်တယ်၊ ငါပဲ။ မင်းနဲ့ ဘာဆိုင်လို့လဲ"
ထိုလူက သူ့နာမည်ကို သိနေသဖြင့် အံ့ဩသွားပြီး လီယုံက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"တစ်စုံတစ်ယောက်က မင်းမျက်လုံးတွေအတွက် ငါ့ကို ပိုက်ဆံပေးထားလို့လေ။ မင်း လိမ်လိမ်မာမာနဲ့ ပြန်မတိုက်ဘူးလို့ ငါ မျှော်လင့်ပါတယ်။ မင်းကိုယ်ထဲက အခြားကိုယ်အင်္ဂါတွေကို ထုတ်ယူရမယ်ဆိုလည်း ငါ စိတ်မဆိုးပါဘူး"
YOU ARE READING
နတ်မျက်စိရှင် သမားတော် [Chapter 1-200]
Fantasíaဇာတ်လမ်းအကျဉ်း အခြား ဆေးကျောင်းသားများကဲ့သို့ လီယုံသည် ကြိုးစားပမ်းစားနှင့် ဆေးရုံတစ်ရုံ၌ အလုပ်သင် ဆရာဝန် အဖြစ် အလုပ်ရခဲ့သော်လည်း ပိုက်ဆံ ပြတ်လပ်နေသေးသည်။ သူ့၌ အိမ်ငှားခအတွက် ပေးရန် ပိုက်ဆံမရှိပေ။ သို့သော် တိုက်ဆိုင်မှုတစ်ခုကြောင့် သူသည် သူ့မိဘများ...