နတ်မျက်စိရှင် သမားတော်
Amazing Doctor with Super Vision
Author Gong Zi Wu Lang
ဘာသာပြန် Han ShinCHAPTER (12) မေတ္တာကရုဏာတရား ကြီးမားသော ဆရာဝန်
လူလတ်ပိုင်းအရွယ် အမျိုးသမီး ချီတုံချတုံ ဖြစ်နေစဉ်တွင် လီယုံက သူမအား ကျန်းယွီရုံသည် နာမည်ကြီး တက္ကသိုလ်မှ ဘွဲ့ရလာသည့် ဆေးကုသမှု၌ ကောင်းမွန်ပြီးအတွေ့အကြုံများသည့် ဆရာဝန်တစ်ဦး ဖြစ်သည်ဟု ရှင်းပြနေသည်။ ထို့အပြင် သူသည် ဘွဲ့ရခါစဖြစ်သဖြင့် ဤဆေးခန်း၌ အလုပ်သင်အဖြစ် လုပ်နေခြင်း ဖြစ်ကြောင်း။ ထို့ကြောင့် သူက လူနာများကို အရင် စမ်းသပ်ပေးမည် ဖြစ်သည်ဟု ထပ်၍ ရှင်းပြနေသည်။ အကယ်၍ သူ မကျွမ်းကျင်သော ကိစ္စမျိုး ဖြစ်ပါက ကျန်းယွီရုံသို့ လွှဲပေးကြောင်း ပြောပြလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသမီးသည် သံသယဝင်နေသေးသော်လည်း လီယုံရှေ့ ထိုင်လိုက်သည်။ လီယုံက ထိုအမျိုးသမီးကို အရင်ပြောခွင့်မပေးဘဲ သူမကို ဘယ်အရာက စိတ်အနှောင့်အယှက် ပေးနေကြောင်းနှင့် ထိုသို့ဖြစ်ရသည့် အကြောင်းရင်းကို ဦးအောင်ပြောလိုက်သဖြင့် သူမ အံ့ဩကာ ငိုင်တွေသွားရသည်။
ယခင်က သူ၏ အစွမ်းအစကို သူမ မယုံကြည်သော်လည်း ယခုအခါတွင်တော့ လုံးလုံးလျားလျားကို လက်ခံယုံကြည်သွားလေတော့သည်။
ထိုအမျိုးသမီးက လီယုံ ပြောသမျှကို ဆက်တိုက်ခေါင်းညိတ်၍ ထောက်ခံနေသည်။ ထို့နောက် လီယုံက ဆေးစာတစ်ခု ရေးလိုက်ပြီး သူမကို ပေးကာ ပြုံး၍ ပြောလိုက်သည်။
"မဒမ် ဒါလေးကို ကျွန်တော့ဆရာဆီ ယူသွားလိုက်ပါ။ အကယ်၍ တစ်ခုခု မသင့်တော်တာများ ပါနေခဲ့ရင် သူမက မှန်အောင် ပြုပြင်ပေးပါလိမ့်မယ်"
ထိုလူလတ်ပိုင်းအရွယ် အမျိုးသမီးက သူ ပြောသလို လုပ်လိုက်သည်၊ သို့သော့် ကျန်းယွီရုံက ထိုဆေးစာကို လုံးဝနားမလည်ပေ။ သို့သော် သူမသည် ဂရုတစိုက် စစ်ဆေးချင်ယောင်ဆောင်၍ ပြောလိုက်သည်။
"ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ဒီလောက်ဆို ရပါပြီ"
ထိုလူလတ်ပိုင်းအရွယ် အမျိုးသမီးက ဆေးစာကို လီယုံထံ ပြန်ယူလာပြီး ပြုံးကာ ပြောလာသည်။
YOU ARE READING
နတ်မျက်စိရှင် သမားတော် [Chapter 1-200]
Fantasyဇာတ်လမ်းအကျဉ်း အခြား ဆေးကျောင်းသားများကဲ့သို့ လီယုံသည် ကြိုးစားပမ်းစားနှင့် ဆေးရုံတစ်ရုံ၌ အလုပ်သင် ဆရာဝန် အဖြစ် အလုပ်ရခဲ့သော်လည်း ပိုက်ဆံ ပြတ်လပ်နေသေးသည်။ သူ့၌ အိမ်ငှားခအတွက် ပေးရန် ပိုက်ဆံမရှိပေ။ သို့သော် တိုက်ဆိုင်မှုတစ်ခုကြောင့် သူသည် သူ့မိဘများ...