Chapter 23

958 128 2
                                    

နတ်မျက်စိရှင် သမားတော်
Amazing Doctor with Super Vision
Author Gong Zi Wu Lang
ဘာသာပြန် Han Shin

CHAPTER (23) အခုမှ သိတာလား

အချိုးမပြေသော အသံသည် တန်းရှို့ရင်ထံမှ ထွက်လာခြင်း ဖြစ်လေသည်။

“ဦးလေး ကြည့်ပါဦး၊ ဦးလေးက အခုလေးတင် ဒေါက်တာလျှိုကို အလုပ်ထုတ်ခံလိုက်ရတဲ့ လီယုံနဲ့ ကင်းကင်းရှင်းရှင်း နေဖို့ ပြောလိုက်တာကို အခု သူတို့က ချိန်းတွေ့နေကြတယ်။ ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလေ”

တန်းရီထျန်းသည် သူ၏ ဦးဆောင်မှု အာဏာကို ရန်စခံလိုက်ရသလို ဖြစ်သွားသဖြင့် အလွန် ဒေါသထွက်သွားသည်။ သူသည် လျှိုလင်းယင်ထံသို့ လှမ်းလာ၍ သူမ ပခုံးကိုပုတ်၍ အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

“သူနဲ့ ပတ်သက်စရာ အကြောင်း မရှိပါဘူးလို့ မင်း မပြောခဲ့ဖူးလား။ ဒါဆို အခုက ဘယ်လို အခြေအနေမျိုးလဲ။ မင်းတို့ ချိန်းတွေ့နေကြတာလား”

တန်းရီထျန်းကို မြင်လိုက်ရသဖြင့် လျှိုလင်းယင် မှင်တက်သွားပြီး မျက်လုံး၌ ကြောက်စိတ်များဖြင့် ပြည့်နှက်လာသည်။ သူမ အလျင်စလို မတ်တပ်ထရပ်ကာ ခပ်ယဲ့ယဲ့ ပြောလိုက်သည်။

“ဒါရိုက်တာတန်း၊ ကျွန်မ … ကျွန်မ …”

“ရှင်းပြစရာ မလိုဘူး။ ကျုံးဟိုင် ကနဦးဆေးရုံကနေ အထုတ်ခံလိုက်ရတဲ့ ဘယ်သူမဆို ဆေးပညာလောကမှာ အမှိုက်ပဲ။ ငါ မင်းကို သတိပေးခဲ့တယ်ဆိုတာကလည်း မင်းရဲ့ ကောင်းကျိုးအတွက်။ မင်းက လမ်းမှားကိုပဲ ဆက်သွားနေမယ်ဆိုရင် မင်းအပြုအမူအတွက် မင်း ပေးဆပ်ရလိမ့်မယ်”

မျက်နှာဝိုင်းဝိုင်းနှင့် တန်းရီထျန်းက အေးစက်စွာ ပြောလိုက်သည်။

“လီယုံ၊ မင်းမှာ ဒေါက်တာလျှိုကို စွဲလမ်းသွားအောင် လုပ်နိုင်တဲ့ အရည်အချင်း ရှိနေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး။ ကံကောင်းလိုက်တဲ့ကောင်ပဲ”

တန်းရှို့ရင်က မလိုမုန်းထားသော မျက်လုံးများဖြင့် သံသယဝင်စွာ ပြောလာသည်။ လျှိုရှောင်ယွဲ့က မျက်မှောင်ကြုတ်၍ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

နတ်မျက်စိရှင် သမားတော် [Chapter 1-200]Where stories live. Discover now