''20''

14.1K 1.3K 15
                                    

" ရီပေါ် မင်း မင်းထင်နေသလိုမဟုတ်ဘူးနော် ကောရှင်းပြမယ်  ''

ထိတ်လန့်နေတဲ့မျက်ဝန်းတွေနဲ့ သူ့ကိုကြည့်နေတဲ့ကျန့်ကော ။ ရီပေါ် ကျန့်ကောပြောတာကိုယုံကြည်လိုက်ချင်ပေမဲ့လည်း သူ့အဖြစ်ကခဲမှန်ဖူးတဲ့စာသူငယ်လိုပဲ ။ ကျန့်ကောပြောတာတွေကို ထပ်ပြီးတော့ယုံကြည်ပေးဖို့ မဖြစ်နိုင်တော့ဘူး ။ သူကျန့်ကောကိုအခွင့်အရေးပေးပြီးသွားပြီ ။ ထပ်ပြီးတော့မပေးနိုင်တော့ဘူး ။

" ဟက်!  ဘာကိုလဲ! ဘာကိုကျွန်တော့်ကိုရှင်းပြချင်နေရတာလဲ ''

ရီပေါ်ဟာ ဒေါ်သထွက်လွန်းလို့ တစ်ကိုယ်လုံးတုန်ရီနေတယ် ။ သူ့အရှေ့ကလူသားကို စိတ်ရှိလက်ရှိအပြစ်ပေးချင်ပေမဲ့လည်း ပျက်စီးသွားမှာလည်း ကြောက်မိတယ် ။ ဒါပေမဲ့လည်း တစ်ခြားတစ်ယောက်ကိုရင်ခွင်ထဲထည့်ပြီး ဖက်ထားတဲ့ပုံရိပ်ကိုပြန်မြင်လာတော့ ဘာမှကိုမစဉ်းစားနိုင်တော့..။ ဒီလူကို သူဖျက်စီးချင်တယ် ဘယ်သူမှမလိုချင်တော့တဲ့အထိ..

သူ့စိတ်ထဲဘာတွေတွေးနေလဲဆိုတာ ရိပ်မိသွားပုံရတဲ့ကျန့်ကောက သူ့လက်ထဲကလွှတ်အောင် ထွက်ပြေးဖို့ကြိုးစားတယ် ။ ဒီအပြုအမူက နဂိုတောက်လောက်နေတဲ့မီးပုံထဲ ဓာတ်ဆီလောင်းထည့်လိုက်သလိုပဲ ။ လက်ကောက်ဝတ်ကနေ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ဖမ်းချုပ်လိုက်တယ် ။

" နာတယ်!! ရီပေါ် ငါလက်တွေနာတယ်လို့!! "

" နာလည်းအောင့်ပြီးခံ ဒီထက်ဆိုးတဲ့အရာတွေ ကျွန်တော်က ခင်များစီယူလာပေးတော့မှာမို့ ''

ရီပေါ် ပြောပြီးတာနဲ့ ရှောင်ကျန့်ကိုကုတင်ပေါ်အားနဲ့တွန်းချလိုက်တယ် ။ ပြီးတာနဲ့အပေါ်ကနေတက်ခွကာ လှုပ်မရအောင်ထိန်းချုပ်လိုက်တယ် ။ သူ့ရင်ဘတ်ကို တဖက်ဖက်ရိုက်နေတဲ့ လက်နှစ်ဖက်ကိုစုကိုင်ပြီး နက်တိုင်နဲ့တင်းကြပ်စွာ ချည်နှောင်လိုက်တယ်။

" ရီ  ပေါ်!!  ဟင့်အင်း!! ငါ့နောက်တစ်ခါ မင်းစကားနားထောင်ပါမယ် ဒီလိုမလုပ်ပါနဲ့ ''

"နောက်ကျသွားပြီ ရှောင်ကျန့် ခင်များက ကျွန်တော်သတ်မှတ်ထားတဲ့စည်းကို ကျော်ပစ်လိုက်ပြီ ။ ကျွန်တော် ခင်များကိုမယုံကြည်နိုင်တော့ဘူး ။ ခင်များကိုထာဝရ ပိတ်လှောင်ထားတော့မယ်  ''

Désolé { I'm Sorry } [ Completed ] Where stories live. Discover now