''24''

14.3K 1.4K 39
                                    

ရီပေါ် ယုန်လေးတွေနဲ့ ပျော်ရွှင်စွာကစားနေတဲ့ ကျန့်ကောကို တိတ်တိတ်လေးခိုးကြည့်နေလိုက်တယ် ။ ဘာအပူအပင်မှမရှိဘဲ အေးချမ်းနေတဲ့ကျန့်ကောက မသေမျိုးလောကက ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးအလား ။ သူ့အတွက်တော့ ဘာနဲ့မှမလဲနိုင်လောက်အောင် အဖိုးတန်တယ် ။

မြက်ခင်းနုနုလေးပေါ်မှာ အားပါးတရထိုင်ကာ ယုန်းလေးတွေကိုပွေ့ပိုက်ပြီး ရယ်မောနေတဲ့ကျန့်ကောနား တိတ်တိတ်လေးသွားကာ အပေါ်ကနေအုပ်မိုးပြီးကြည့်လိုက်တယ် ။ အံ့သြရိပ်တွေဖြတ်ပြေးသွားတဲ့ မျက်လုံးလေးနဲ့ ပွင့်ဟသွားတဲ့နှုတ်ခမ်းလေးကြောင့် အသည်းတယားဖြစ်လာပြီး ပါးဖောင်းဖောင်းလေးတွေကို ချစ်စနိုးတဲ့နမ်းရှိုက်လိုက်တယ် ။

" ရီပေါ်? ပြန်တောင်လာပြီလား အစောကြီးပဲရှိသေးတာကို ''

" ကောကိုအရမ်းလွမ်းလို့ စောစောပြန်လာခဲ့တာလေ အစကကောကို ကျွန်တော်နဲ့အတူခေါ်သွားဖို့ စိတ်ကူးထားပေမဲ့လည်း ကောကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလို့ မနိုးရက်တော့လို့လေ ''

ရီပေါ် ကျန့်ကောရဲ့ဘေးနားမှာထိုင်ချလိုက်ကာ ဆံပင်လေးတွေကို မြတ်နိုးစွာနဲ့ ခပ်ဖွဖွလေးပွတ်သပ်လိုက်တယ် ။ ကျန့်ကောက သူ့ဘဝရဲ့တစ်ခုတည်းသော ရှင်သန်ရာအလင်းရောင်လေး

" ရီပေါ် ဒီမှာကြည့်! ယုန်လေးတွေကချစ်ဖို့ကောင်းတယ်မလား ''

ယုန်လေးကိုပိုက်ပြီး သူ့ကိုမေးလာတဲ့ကျန့်ကော ။ ရီပေါ်လည်း ထောက်ခံတဲ့အနေနဲ့ ခေါင်းညိမ့်ပြလိုက်တယ် ။ ယုန်လေးတွေကချစ်ဖို့ကောင်းတာမှန်ပေမဲ့ ကျန့်ကောက ထိုယုန်လေးတွေထက် အများကြီးပိုချစ်ဖို့ကောင်းတယ်ဆိုတဲ့ စကားကိုတော့ စိတ်ထဲကနေပဲပြောလိုက်တယ် ။

ကျန့်ကောရဲ့လက်လေးကိုကိုင်လိုက်တော့ အေးစက်နေတဲ့လက်ချောင်းတွေက သူ့ကိုမျက်မှောင်ကြုတ်သွားစေတယ် ။ ဒါပေမဲ့လည်း သူ့ချက်ခြင်းအမြန်ပြန်ထိန်းလိုက်တယ် ။ သူရဲ့နူးညံ့တဲ့ပုံရိပ်ကို ထိန်းထားနိုင်ရမယ် ။ အပြင်မှာဘယ်အချိန်တည်းက ယုန်လေးတွေနဲ့ကစားနေပါလိမ့် လက်တွေကအေးစက်နေပြီ ။

Désolé { I'm Sorry } [ Completed ] Where stories live. Discover now