ညနေကျမှနိုးလာတဲ့ကျန့်ကောက သူမိဘတွေရောက်နေပြီဆိုတာသိတာနဲ့ မျက်လုံးလေးတွေပြုးလို့ ။ ဘာလို့သူ့ကိုလာမနိုးတာလဲဆိုပြီး သူ့ကိုတိတ်တိတ်လေးပြောနေတယ် ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကျန့်ကောကို သူဘယ်လိုလုပ်နိုးရက်မှာလဲ ။ ရီပေါ်ထိုစကားကိုတော့ထုတ်မပြောဘဲ စိတ်ထဲမှာပဲသိမ်းထားလိုက်တယ် ။
သူ့အမေကတော့ ကျန့်ကောကိုမြင်မြင်ချင်း ချစ်ဖို့ကောင်းတဲ့ကလေးဆိုပြီး သဘောတွေကျကာ စကားတွေအများကြီးပြောနေတယ် ။ အသည်းယားလို့ဆိုပြီး သူပိုင်တဲ့ပါးဖောင်းဖောင်းလေးတွေကို ခဏခဏကိုင်နေတာကြောင့် ရီပေါ်မျက်နှာဆူပုတ်လာတယ် ။ တမင်ချောင်ဆိုးပြနေတာတောင်မှ အရေးမလုပ်ဘဲ မျက်စောင်းထိုးပြလိုက်တဲ့မိခင်ကြောင့် သူ့မျက်နှာမဲ့သွားတယ် ။
ဟွန့် ! ကိုယ့်ယောကျာ်းပါးတော့ သွားမကိုင်ဘဲ သူများယောက်ျားပါးကို လိုက်ကိုင်နေတယ် ။ သူ့ယောက်ျားနုနုထွတ်ထွတ်လေးရဲ့ ပါးလေးတွေတော့လက်ယောင်လိုက်ကုန်တော့မှာပါ ။ သူ့စိတ်ထဲဖြစ်နေတာတွေကို သူ့အဖေကသိနေတဲ့အလား ပုခုံးကိုပုတ်လို့ အားပေးစကားတော့ဆိုလာပါရဲ့ ။ ရီပေါ်ထိုအားပေးစကားကြောင့် ငိုချင်စိတ်တောင်ဖြစ်သွားတယ် ။
မင်းအမေက အရင်တည်းကမင်းယောက်ျားရဲ့ပုံလေးတွေကြည့်ပြီး ချစ်ဖို့ကောင်းတယ်ဆိုပြီးပြောနေတာတဲ့ ။ အခုအပြင်မှာတွေ့တော့ ဓာတ်ပုံထဲကထက်ပိုပြီးချစ်ဖို့ကောင်းနေလို့ မင်းကိုမေ့သွားတာနေမှာတဲ့ ။ ရီပေါ် ချက်ခြင်းကြီးသူ့မိဘတွေကိုနိုင်ငံခြား ပြန်ပို့လိုက်ချင်တော့တယ် ။
စကားတွေအများကြီး အဆက်မပြတ်ပြောနေတဲ့ ကျန့်ကောကြောင့် ရီပေါ်ဂရုတစိုက်နဲ့ရေခွက်ထဲရေထည့်ကာ ကျန့်ကောရှေ့တည့်တည့် ချပေးလိုက်တယ် ။ ကျန့်ကောကတော့ သူ့မိဘတွေကိုအားနာသလိုလေးကြည့်ပြီး သူ့ကိုမျက်စောင်းတွေထိုးလို့ ။ ကျန့်ကောရေဆာမှာဆိုးလို့ သူများကစေနာနဲ့ဟာကို ဟွန့် !
သူ့အမေကလည်း ငါ့သားလေး ငါ့သားလေးဆိုပြီး ပါးစပ်ကမချ ။ ကျန့်ကောကလည်း အမေဆိုပြီးဟာသတွေပြောပြီးရယ်မောလို့ ။ သူ့အဖေကျတော့လည်း သမက်လေးဆိုပြီး ကျန့်ကောဘာပြောပြောခေါင်းငြိမ့်ပြီးထောက်ခံလို့ ။ သူ့ကသာတစ်ယောက်တည်းကွက်ပြီး မိုးရွာနေသလိုခံစားနေရတာ ။ သူ့မိဘတွေပြန်သွားတော့မှ ကျန့်ကောနဲ့တစ်ဝကြီးချစ်ပစ်မယ် ။
YOU ARE READING
Désolé { I'm Sorry } [ Completed ]
FanfictionStart date - 30 May 2020 End date - 26 Sep 2020 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]