''21''

14.3K 1.4K 37
                                    

ရီပေါ် ထိုမိန်းမနဲ့တွေ့ဖို့သွားနေရင်း စိတ်ထဲမှာည်း အတွေးပေါင်းစုံနဲ့ ။ သူမနဲ့ရှောင်ကျန့်က သူမသိအောင် နောက်ကွယ်မှာတိတ်တိတ်လေးခိုးတွေ့နေကြတာလား ။ ရှောင်ကျန့်က သူ့ကိုတကယ်မချစ်ဘဲဟန်ဆောင်နေတာလား ။ ဒါပေမဲ့ရှောင်ကျန့်က သူ့ကိုဘယ်တော့မှထားမသွားတော့ဘူး ချစ်တယ်လို့ပြောထားတယ်လေ ။ ဒါဆိုရင် ရှောင်ကျန့်က ဘာလို့သူမကိုသွားတွေ့ရတာလဲ ။

ရီပေါ် စိတ်တွေညစ်လာတာမို့ ခေါင်းတွေကိုက်လာတယ် ။ သူ့အပြုအမူတွေက  တော်တော်လွန်သွားတယ်တာသိပေမဲ့ ဒါတွေကသူ့အမှားမှမဟုတ်တာ ။ ဘာလို့ရှောင်ကျန့်က သူမကြိုက်မှန်းသိရဲ့သားနဲ့ ခိုးလုပ်ရတာလဲ ဒါသူ့အမှားမဟုတ်ဘူး ။ သူ့ကိုမစဉ်းစားပေးဘဲ လုပ်ချင်တာလုပ်တဲ့ ရှောင်ကျန့်ရဲ့အမှားပဲ ။

သူမှာတော့ အစည်းအဝေးပြီးတာနဲ့ ချစ်သူမျက်နှာလေးမြင်ချင်တာမို့ ရုံးခန်းထဲအပြေးပြန်လာခဲ့တာ ။ ဒါပေမဲ့ဟိုရောက်တော့ တွေ့ချင်တဲ့လူကရှိမနေ ။ ပင်ပန်းနေတာကိုသိတာမို့ အနားယူပါစေဆိုပြီး အတူခေါ်မသွားခဲ့တာ ။ ဒါကိုတောင်မှ သူလစ်တာနဲ့လုပ်ချင်တာလုပ်ချသွားတယ် ။

ရှောင်ကျန့်ကိုမတွေ့တော့ သူဘယ်လောက်ထိ ကြောက်လန့်တုန်လှုပ်သွားလဲဆိုတာ ဘယ်သူမှသိမှာမဟုတ်ဘူး ။ ရှောင်ကျန့် သူ့ကိုထားသွားခဲ့ပြန်ပြီလားဆိုပြီး တစ်ယောက်တည်းရူးမတက် ။ တော်သေးသည်က ရှောင်ကျန့်ကိုအသေးစိတ်ကအစ စောင့်ကြည့်ဖို့လူတွေကြိုစီစဉ်ထါးခဲ့တာပဲ ။

အစကတော့ ဒီလူတွေက ရှောင်ကျန့်ကိုကာကွယ်ပေးဖို့ သူလွှတ်ထားခဲ့တဲ့လူတွေ ။ သူအနားမှာခဏတဖြုတ်မရှိတုန်း ရှောင်ကျန့်တစ်ခုခုဖြစ်သွားမှာဆိုးလို့ စိတ်ချရအောင်စီစဉ်ပေးထားတာ ။ ဒါပေမဲ့ အခုလိုအခြေအနေအတွက် အသုံးဝင်လာမယ်မှန်းတော့ နည်းနည်းလေးတောင်တွေးမထားမိဘူး ။ ထိုလူတွေပို့ပေးလာတဲ့ သူ့ဖုန်းထဲက ဓာတ်ပုံကိုမြင်ပြီး တောက်ခေါက်မိတယ် ။

ဓာတ်ပုံထဲမှာရှောင်ကျန့်က မိန်းမတစ်ယောက်နဲ့အတူထိုင်ပြီး စကားတွေပြောနေတယ် ။ သူဘာကိုဒေါ်သထွက်တာလဲဆိုတော့ ထိုမိန်းမကတခြားလူမဟုတ်ပဲ ရှောင်ကျန့်ရဲ့အရင်ဇနီးလောင်းဖြစ်နေတာကိုပဲ ။ ဘာကိစ္စတွေများရှိနေလို့ ရှောင်ကျန့်က ခုချိန်ထိသူမနဲ့ပတ်သတ်နေရတာလဲ ။

Désolé { I'm Sorry } [ Completed ] Where stories live. Discover now