ရှောင်ကျန့်..အိမ်ပိုင်ရှင်အန်တီကြီးရဲ့သားကိုလေ့လာကြည့်ပြီးသလောက်.ကောင်လေးက.သူ့ဟာနဲ့သူတော့မဆိုးဘူးလို့ပြောရမယ်။.တစ်ခြားလူတွေလိုမောက်မာနေတာမျိုးမရှိ..သူ့ကိုလည်းရိုရိုသေသေနဲ့။.ဆူညံတာမျိုးတွေလည်းမလုပ်ပဲ.သူဟာနဲ့သူအေးအေးလေးပဲနေတယ်။.တစ်ခုခုနားမလည်တာတွေ၊မသိတာတွေရှိမှသာ.သူ့ကိုလာမေးတက်တာ။
ပြီးတော့သူ့ကိုလည်း.အခုလိုအနှောင့်အယှက်ပေးရတဲ့အတွက်.အားနေတဲ့ပုံရပြီး..အရိပ်တကြည့်ုကြည့်နဲ့။.သူ့ဘက်ကနေပဲစပြီး..ကောင်လေးကိုမိတ်ဆက်လိုက်တော့.သူ့ထက်ငါးနှစ်လောက်ငယ်ပြီး.ပညာတော်သင်ကနေပြန်လာတာကိုသိလိုက်ရတယ်။..ကောင်လေးရဲ့နာမည်ကတော့လျိုချင်းရန်ဖြစ်ပြီး..စိတ်ပညာနဲ့ကျောင်းပြီးထားတယ်။..
ရှောင်ကျန့်..ထိုကောင်လေးရဲ့ပုံစံကိုကြည့်ပြီး..ပြုံးယောင်သန်းသွားတယ်။.ကောင်လေးကြည့်ရတာသူ့ကိုနည်းနည်းရှိန်နေပုံပဲ။..ဖြစ်လည်းဖြစ်နိုင်ပါတယ်.ဘာလို့လဲဆိုတော့သူပုံစံကလည်း..အေးတိအေးစက်ကြီးနဲ့.စိတ်မပါသလိုပါသလိုဖစ်နေတာကို..။
အခုတော့..ရှောင်ကျန့်..အိပ်ခန်းထဲကမွေ့ယာပေါ်မှာထိုင်ပြီး.မနက်ဖြန်ရုံးရောက်လို့..ရီပေါ်နဲ့ထပ်တွေ့ရင်.ဘယ်လိုရှောင်ဖယ်ထွက်သွားရင်ကောင်းမလဲ.စဉ်းစားနေလိုက်တယ်။..ဒါမှမဟုတ်.သူအလုပ်ထွက်လိုက်ရမလား။.သူတကယ်..ရီပေါ်နဲ့မျက်နှာချင်းမဆိုင်ရဲဘူး။.သူက.ရီပေါ်အပေါ်.အမှားလုပ်မိထားတဲ့သူဖြစ်တာမို့။..ပြီးတော့ရီပေါ်ကလည်း.လွန်ခဲ့တဲ့နှစ်တွေတုန်းကသူသိခဲ့တဲ့လူနဲ့.နည်းနည်းလေးမှတူမနေတော့ပေ။.ဒါကြောင့်မို့သူပိုပြီးမတွေ့ချင်တော့တာ..
ရှောင်ကျန့်..မနက်ကျရင်အလုပ်ထွက်စာတင်ဖို့အတွက်.ဆုံးဖြတ်လိုက်သည်။.ရီပေါ်နဲ့ထပ်ပြီး..မျက်နှာချင်းဆိုင်လိုက်ရမှာထက်စာရင်.အလုပ်ထွက်လိုက်တာကအကောင်းဆုံးပဲ။.သူတို့်နှစ်ယောက်ကအစတည်းကကံမပါလာတာမို့..ဝေးဝေးနေတာက.မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်လောက်တယ်။..
တစ်ဖက်မှာတော့ရီပေါ်က.ရှောင်ကျန့်ကို.သူ့အနားကနေထွက်မသွားအောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကို.အသည်းအသန်စဉ်းစားနေတယ်။.သူတကယ်ပဲ.ဒီလူသားကို.သူ့စီကနေထပ်ပြီးထွက်သွားဖို့ခွင့်မပြုပေးနိုင်တော့ဘူး။.အရင်ကတော့သူက.စောက်သုံးမကျတဲ့လူဖြစ်နေခဲ့တာမို့.ဖမ်းဆွဲမထားနိုင်ခဲ့တာ။.အခုသူ့မှာငွေဆိုငွေ.အင်အားဆိုအင်အားရှိနေပြီလေ။.ဘာလို့များသူလိုချင်တာကို.ရအောင်မယူနိုင်ရမှာလဲ။
ESTÁS LEYENDO
Désolé { I'm Sorry } [ Completed ]
FanficStart date - 30 May 2020 End date - 26 Sep 2020 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]