Final

23.8K 1.5K 68
                                    

တစ်လကြာတဲ့နောက်မှာတော့ ကျန့်ကောနဲ့သူတရားဝင်လက်ထပ်ခဲ့တယ် ။ တရုတ်နိုင်ငံမှာ လိင်တူလက်ထပ်တာကတရားမဝင်တဲ့အတွက် အမေရိကကိုသွားပြီးလက်ထပ်ခဲ့တယ် ။ မင်္ဂလာပွဲကို ကျန့်ကောကအရမ်းကြီးကြီးကျယ်ကျယ်မလုပ်ချင်ဘူးဆိုတာကြောင့် ရင်းနီးတဲ့မိတ်ဆွေတွေနဲ့သာ ကျင်းပခဲ့တယ် ။

ဟန်းနီးမွန်းကို ကျန့်ကောသွားချင်တဲ့နေရာဖြစ်တဲ့ ပင်လယ်ကမ်းခြေဘက်ကိုရွေးချယ်ခဲ့တယ် ။ ပင်လယ်ကိုချစ်တဲ့ကျန့်ကောကြောင့် သူလည်းပင်လယ်ကြီးကိုချစ်တယ် ။ ပင်လယ်မှမဟုတ်ဘူး ကျန့်ကောသဘောကျတဲ့အရာအားလုံးကို သူသဘောကျတယ် ။ အဲ့အရာက တန်ဖိုးမရှိတဲ့အမှိုက်ဖြစ်နေရင်တောင်မှ သူတန်ဖိုးထားနေအုံးမှာ ။

သူ့ရင်ခွင်ထဲမှာထိုင်ပြီး နေဝင်ဆည်းဆာကိုကြည့်နေတဲ့ကျန့်ကော ။  အေးစက်နေတဲ့အသားတွေကြောင့် သူအထဲပြန်ဝင်ဖို့ ပြောပေမဲ့လည်း ကလေးဆန်စွာသူ့ကိုဂျီကျပြီး မဝင်ဘူးလုပ်နေတာမို့ သူပဲလက်လျော့လိုက်ရတယ် ။ ကျန့်ကောရဲ့ကျောပြင်သေးသေးလေးက သူ့ရင်ခွင်ထဲနေရာတကျဖြစ်နေတာကို သူအရမ်းသဘောကျတယ် ။

ဆံပင်မညှပ်တာကြာလို့ ကျန့်ကောရဲ့ဆံပင်လေးတွေက ဂုတ်ထိရှည်နေတယ် ။ ရီပေါ် ထိုဆံပင်လေးတွေကို သူ့လက်မှာအမြဲဆောင်ထားတဲ့ ခေါင်းစည်းကြိုးလေးနဲ့ ဂရုတစိုက်ချည်နှောင်လိုက်တယ် ။ ဆံပင်ညှပ်ရမှာပျင်းတဲ့ ကျန့်ကောကြောင့် ဒီခေါင်းစည်ကြိုးလေးကို ဆောင်ဖြစ်သွားတာ။ ကျန့်ကောကတော့ သဘောကျစွာနဲ့ ဆုအဖြစ်သူနှုတ်ခမ်းလေးထက် အနမ်းတွေပေးတယ် ။

" ကျန့်ကော ကျွန်တော်တို့အိပ်ရအောင် ''

" အိပ်မယ်!! အစောကြီးပဲရှိသေးတယ် ကောမအိပ်ချင်ဘူး ရီပေါ်အိပ်ချင်ရင် ကိုယ့်ဘာသာတစ်ယောက်တည်းသွားအိပ် ကောကတော့မအိပ်ဘူး ''

" ကောကလည်း ကျွန်တော်ပြောတဲ့အိပ်မယ်ဆိုတာ အဲ့တာကိုပြောချင်တာမှမဟုတ်တာ ''

" ငါ့ကိုယ်ပေါ်က မင်းလုပ်ထားတဲ့အရာတွေတောင်မပျောက်သေးဘူး မင်းကနောက်တစ်ကြိမ်ထပ်လုပ်ချင်နေပြန်ပြီ ဟွန့်! ငိုတဲ့ကလေးနို့ပိုစို့ရတယ်ဆိုတာ တကယ်မှန်နေတာပဲ ''

Désolé { I'm Sorry } [ Completed ] Tahanan ng mga kuwento. Tumuklas ngayon