ရီပေါ်ဟာ ကျန့်ကောကိုမျက်စိအောက်က အပျောက်မခံနိုင်တာမို့ ဘယ်သွားသွားခေါ်သွားလေ့ရှိတယ်။ သူ့စိတ်ထဲမှာ ကျန့်ကောက သူ့ကိုအရင်လိုထားသွားရင်ဆိုတဲ့ စိတ်ဒဏ်ရာကြီးကရှိနေသေးတာမို့ အပြည့်အဝမယုံကြည်ရဲ ။ ကျန့်ကောကလည်း သူ့စိတ်ထဲဘာတွေရှိနေတာကို သိနေတဲ့အလား ဘာမှပြန်မပြောဘဲသူလုပ်သမျှကို လက်ခံပေးတယ် ။
အခုဆိုရင်ကုမ္မဏီက ဝန်ထမ်းတွေကပါ သူနဲ့ကျန့်ကောရဲ့ပတ်သတ်မှူ့ကို ရိပ်မိနေပြီဖြစ်တယ်။ သူကတော့ ကျန့်ကောနဲ့သူကချစ်သူတွေဆိုပြီး အတိအလင်းကြေညှာလိုက်ချင်ပေမဲ့လည်း အတွေးများလွန်းတဲ့ကျန့်ကောက လက်မခံ ။ ဒါပေမဲ့လည်းကိစ္စမရှိပါဘူး သူတို့ပတ်သတ်မှု့ကဘာဆိုတာကို အကင်းပါးသူတိုင်းသိနိုင်တာပဲ ။
အစပိုင်းမှာတော့ တစ်ချို့ကထိုကိစ္စနဲ့ပတ်သတ်ပြီး ကျန့်ကောကိုနောက်ကွယ်မှာ မကောင်းပြောကြတယ် ။ သူ့ကိုတော့မပြောရဲကြတာမို့ ကျန့်ကောကိုပိုထိုးနှက်ကြတယ် ။ သူရှေ့မှာဆို ထိုလူတွေကမဟုတ်တက်တဲ့ကြောင်လိုနေပြီး နောက်ကွယ်မှာ ကျန့်ကောကိုပိုပိုပြီးပုတ်ခတ်ပြောလာတယ် ။ ကျန့်ကောကတော့ မသိချင်ယောင်ဆောင်ပြီး နေနိုင်ပေမဲ့ သူကတော့မနေနိုင်ပါ ။
သူတို့တွေက သူအသက်ထက်တောင် တန်ဖိုးထားရတဲ့လူသားကို နာကျင်အောင်စကားလုံးတွေနဲ့တိုက်ခိုက်နေကြတယ်လေ ။ သူထိုလူတွေအားလုံးကို အလုပ်ထုတ်ပစ်ကာ နာမည်ပျက်စာရင်းသွင်းပြီးတဲ့နာက်မှာတော့ ဘယ်သူမှအသံမထွက်ရဲကြတော့ ။ ဒီလောက်ဆို ကျန့်ကောက သူ့အတွက်ဘယ်လောက်တောင် အရေးကြီးလဲဆိုတာ ထိုလူတွေသိသွားလောက်ပြီထင်ပါရဲ့ ။ သူတို့ကျန့်ကောကို ထိရဲကြတော့မှာ မဟုတ်ဘူး ။
ကျန့်ကောကတော့ ထိုကိစ္စနဲ့ပတ်သတ်ပြီး သူလုပ်တာ အရမ်းများသွားတယ်ဆိုပြီး ပြောလာတယ် ။ သူစူးစူးရဲရဲပြန်စိုက်ကြည့်ပေးလိုက်တော့မှ ဆက်မပြောပဲငြိမ်ကျသွားတာ ။ ကျန့်ကောကအဲ့လိုပဲ သူ့ကိုတစ်ခြားလုတွေ ဘယ်လောက်မကောင်းပြောပြော ဘာမှပြန်မပြောပဲ ငြိမ်ခံနေတက်တယ် ။ ပြီးရင်ဘယ်သူမှမသိအောင် တိတ်တိတ်လေးမျက်ရည်ကျတယ် ။
ESTÁS LEYENDO
Désolé { I'm Sorry } [ Completed ]
FanficStart date - 30 May 2020 End date - 26 Sep 2020 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]