" ကော စိတ်လှုပ်ရှားနေတာလား ''
" ရီပေါ် တကယ်လို့ မင်းမိဘတွေက ငါ့ကိုသဘောမကျရင် ဘယ်လိုလုပ်မလဲဟင် ''
" သူတို့တွေ ကောကိုသေချာပေါက် သဘောကျကြမှာပါ ။ ကောကဒီလောက်တောင် ချစ်ဖို့ကောင်းတာ ဘယ်သူကသဘောမကျဘဲနေနိုင်မှာလဲ ''
" ဒါပေမဲ့ ''
" ဒါပေမဲ့တွေတွေးပြီး စိတ်ပူမနေနဲ့တော့ဟုတ်ပြီလား အဓိကက ကောဘက်ကသာ ကျွန်တော့်ကို ထားမသွားဘဲ ချစ်နေပေးရင်ရပြီ ''
ဒီနေ့က သူ့မိဘတွေကို ကျန့်ကောနဲ့ပေးတွေ့ပေးမဲ့နေ့ ။ သူ့ဘဝအတွက် ကျန့်ကောကမရှိမဖြစ်ဆိုတာ သူမိဘတွေအတွက် သိထားပြီးသား ။ ဒါကြောင့်ကျန့်ကောကိုအခက်တွေ့အောင် နည်းနည်းလေးမှာ လုပ်မှာမဟုတ်ဘူး ။ သူကျန့်ကောနဲ့ပတ်သတ်ပြီး ဘယ်လောက်ထိရူးသွပ်ခဲ့လဲဆိုတာ သူ့မိဘတွေကိုယ်တွေ့ပဲလေ ။
ကျန့်ကောကတော့ သူ့မိဘတွေအိမ်ကိုရောက်လာကြမယ်ဆိုတာသိလို့ မနက်အစောကြီးထပြီး ပြင်ဆင်နေတာ ။ ပင်းပန်မှာဆိုးလို့ မလုပ်ပါနဲပြောလည်းမရ တားလည်မရ ။ ဒီတော့အကဲပိုတဲ့သူကပဲ ကျန့်ကောအနားမှာမျှော့လိုတွယ်ကပ်ပြီး ကျန်ကောလုပ်သမျှကိုတစ်ဝကြီး ထိုင်ငေးကြည့်နေလိုက်တော့တာပေါ့ ။
ဟင်းတွေတစ်မျိုးပြီးတစ်ပြီး ချက်နေတဲ့ကျန့်ကောက အိမ်ရှင်မလေးအတိုင်းပဲ ။ အပြာနုရောင်အေပရွန်လေးကိုဝတ်ပြီး လှုပ်စိလှုပ်စိနဲ့ ။ ရီပေါ် အလုပ်ရှုပ်နေတဲ့ကျန်ကောရဲ့ အခုပုံစံလေးကိုတွေ့နေရတော့ အတိတ်ကိုပြန်မစဉ်စားဘဲမနေနိုင် ။
သူနဲ့ကျန့်ကော ချစ်သူတွေဖြစ်နေကြပြီဆိုတာ သိသွားတဲ့ကျန့်ကောမိဘတွေက ခွဲဖို့အတင်းကြိုးစားလာလို့ ကျန်ကောကသူနဲ့အတူထွက်ပြေးခဲ့တယ် ။ သူဌေးသားလေးကျန့်ကောက သူ့အတွက်နဲ့ ခမ်းနားလွန်းတဲ့စံအိမ်ကြီးကိုစွန့်ပြီး အိမ်သေးသေးလေးကိုရွေးချယ်ခဲ့တယ် ။
သာမန်လူတန်းစားတွေနေတဲ့ရပ်ကွက်မှာ နေသားမကျပေမဲ့လည်း တစ်ချက်လေးမှမငြူးမငြူဘဲ သူကိုအဖော်ပြုပေးခဲ့တယ် ။ သူပြန်လာရင်စားဖို့ဆိုပြီး မချက်တက်ချက်တက်နဲ့လည်း ဟင်းတွေချက်ထားသေးတယ် ။ အဲ့တုန်းက သူနဲ့ကျန့်ကောရဲ့ဘဝလေးက အရမ်းသာယာခဲ့တာ ။ ဘာနာကျင်စရာမှမရှိဘဲ အချိန်တိုင်းပျော်ရွှင်ခဲ့ရတယ် ။
YOU ARE READING
Désolé { I'm Sorry } [ Completed ]
FanfictionStart date - 30 May 2020 End date - 26 Sep 2020 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]