ရီပေါ် ဘာအသံမှမပေးဘဲ အခန်းထဲကိုတိတ်တိတ်လေးဝင်လာခဲ့တယ် ။ လက်ထဲမှာတော့ ကျန့်ကောကြိုက်တဲ့စားစရာတွေကို ကိုင်ဆောင်ထားလျက် ။ ကျန့်ကောကတော့ သူဝင်လာတာကို ခုချိန်ထိသတိမထားမိတဲ့အလား ။ ဘာဆက်လုပ်မလဲဆိုတာ သိချင်တာမို့ အသံမပေးဘဲ နံရံကိုမှီကာ ရပ်ကြည့်နေလိုက်တယ်။
သံကြိုးတွေကြောင့် ခြေကျင်းဝတ်မှာ ထင်ကျန်ခဲ့တဲ့ နီရဲနေတဲ့ဒဏ်ရာတွေကို လက်လေးနဲ့ထိကြည့်လိုက် နှူတ်ခမ်းလေးစူသွားလိုက် ဖြစ်နေတဲ့ကျန့်ကောက ကလေးလေးတစ်ယောက်လိုပဲ ။ ထိုနှုတ်ခမ်းလေးတွေကို အရသာခံချင်လွန်းလို့ ရူးတော့မယ် ။ တစ်ခါတစ်လေကျတော့လည်း ရင့်ကျက်တည်ငြိမ်လွန်းတဲ့ လူကြီးတစ်ယောက်ဖြစ်သွားပြန်ရော.။ သူ့ကို စိတ်ခံစားချက်အမျိုးမျိုးဖြစ်လာအောင် ရှောင်ကျန့်ဆိုတဲ့ လူသားလေးကပြုစားလွန်းတယ် ။
" ကျန့်ကော ကျွန်တော်လာတယ် ကောကြိုက်တဲ့ ဟော့ပေါ့ရယ် အသားကင်ရယ် အာလူးချောင်းကြော်ရယ် ဝယ်လာခဲ့တယ် ''
"........''
" ရေခဲမုန့်လည်းပါတယ်နော် ''
"...........''
" တစ်ခုပဲမဟုတ်ဘူး သုံးခုတောင်ဝယ်လာခဲ့တာ ကောကြိုက်တဲ့ စတော်ဘယ်ရီအရသာတွေချည်းပဲ ''
" .........''
" ကောမစားချင်ဘူးလား ဒါဆို ကျွန်တော်ပဲစားလိုက်တော့မယ်နော် ကျွန်တော်ကဗိုက်ဆာနေတာဆိုတော့ အတော်ပဲဖြစ်သွားတာပေါ့ ''
"........''
ရီပေါ် အခန်းထဲမှာရှိတဲ့စားပွဲပေါ်ကို စားစရာတွေတစ်မျိုးပြီးတစ်မျိုးချကာ စားဖို့သောက်ဖို့အတွက် ပြင်ဆင်နေလိုက်တယ် ။ ကျန့်ကောဘာလုပ်နေလဲဆိုပြီး မျက်လုံးထောင့်ကနေခိုးကြည့်လိုက်တော့ အောက်နှုတ်ခမ်းလေးကိုကိုက်ပြီး တင်းခံနေလျက် ။ သူဝယ်လာတဲ့မုန့်တွေကို စားချင်နေတာသိသာနေတယ်လေ ။
အတိတ်မှာဆိုရင် ကျန့်ကောစိတ်ကောက်၊စိတ်ဆိုးတိုင်း မုန့်တွေနဲ့ပဲချော့နေကြ ။ အလုပ်ဖြစ်လား မဖြစ်ဘူးလားဆိုတာ မသိပေမဲ့သူကြိုးစားကြည့်ရမှာပဲ ။ ဒီတိုင်းဘာမှမလုပ်ပဲ ထိုင်ပြီးဆွေးနေတာထက်စာရင် တစ်ခုခုလုပ်ပေးနေတာပိုကောင်းတယ်မလား ။
ESTÁS LEYENDO
Désolé { I'm Sorry } [ Completed ]
FanficStart date - 30 May 2020 End date - 26 Sep 2020 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]