''22''

14.3K 1.4K 25
                                    

ရီပေါ် ကျန့်ကောကိုအရမ်းတွေ့ချင်လာတာမို့ အိမ်ကိုချက်ခြင်းပြန်လာခဲ့တယ်။ ကျန့်ကောကို သူတောင်းပန်ရမယ် ။ သူလုပ်ရပ်တွေအတွက် ကျန့်ကောကို တောင်းပန်ဖို့လိုတယ် ။ ကျန့်ကောကျေနပ်ဖို့အတွက် သူဘာပဲလုပ်ရလုပ်ရသူလုပ်မယ် ။ ကျန့်ကော သူ့ကိုခွင့်လွှတ်ပါစေလို့ပဲ စိတ်ထဲမှာဆုတောင်းနေမိတယ် ။

သူရောက်လာတာကိုမြင်တော့ အိမ်ကအလုပ်သမားတွေက အူယားဖားယားနဲ့ သူ့စီပြေးလာကြတယ် ။ ဒါကိုကြည့်ပြီး မကောင်းတဲ့အငွေ့အသက်တွေရလိုက်သလိုပဲ ။ အိမ်တော်ထိန်းကြီးစီက ကျန့်ကောရဲ့အခြေအနေက ပုံမှန်နဲ့မတူပဲထူးဆန်းနေတယ်လို့ကြားလိုက်ကြောင့် ခြေလှမ်းတွေကိုအရှိန်တင်လိုက်တယ် ။

သူ့အခန်းဝမှာစုပြုံနေတဲ့အလုပ်သမားတွေ ။ ရီပေါ် ထိုလူတွေကိုလျစ်လျူရှုကာ သူ့အခန်းထဲကိုဝင်သွားလိုက်တယ် ။ ကျန့်ကောက သူ့ကိုမြင်တော့ စူးစူးဝါးဝါးအော်ဟစ်ရင်း ပုန်းဖို့ကြိုးစားတယ် ။ ဒါပေမဲ့လည်း ခြေကျင်းဝတ်မှာ သူခတ်ထားခဲ့တဲ့သံကြိုးတွေကြောင့် ကြမ်းပြင်ပေါ်ပက်လက်လေးလဲကျသွားတယ် ။

" တောင်း တောင်းပန်ပါတယ် ငါ့ကိုလွှတ်ပေးပါ ငါကြောက်လို့ပါ ကျေးဇူး ကျေးဇူးပြုပြီး လွှတ်ပေးပါ ''

" ကျန့်ကော ကျွန်တော်လေ ကျွန်တော်ဝမ်ရီပေါ်လေ ကျန့်ကောချစ်တဲ့ရီပေါ်လေ ''

" ဟင့်အင်း ငါမသိဘူး ငါမသိဘူး ငါ့နားမလာနဲ့ ''

ရီပေါ် သူ့ကိုကြောက်လန့်စွာကြည့်နေတဲ့ ကျန့်ကောကြောင့် ရင်ဘတ်တွေနာကျင်လာတယ် ။ ကျန့်ကောက သူ့ကိုကြောက်လန့်နေတာ သူမလိုချင်ဘူး ။ သူအနားတိုးလာတိုင်း ကျန့်ကောရဲ့ကိုယ်လေးက တုန်တက်သွားပြီး နောက်ကိုဖြည်းဖြည်ချင်းဆုတ်သွားတယ် ။

ရီပေါ် ကိုယ့်ကိုဒေါ်သထွက်လွန်းလို့ သတ်ပစ်ချင်မိတယ် ။ ကျန့်ကောဒီလိုဖြစ်သွားတာသူကြောင့် သူကကျန့်ကောကို ဒီလိုဖြစ်သွားအောင် တွန်းပို့ခဲ့တဲ့ တရားခံ ။

" ကျန့်ကော ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်နောက်တစ်ခါ ကောကြောက်အောင်မလုပ်တော့ပါဘူး ကျွန်တော်မှားသွားပါတယ် ကျွန်တော့်ကို ခွင့်လွတ်ပေးပါ ကျွန်တော့်ကိုမကြောက်ပါနဲ့ ''

Désolé { I'm Sorry } [ Completed ] Nơi câu chuyện tồn tại. Hãy khám phá bây giờ