ရီပေါ် ဒီပွဲမှာမထင်မှတ်ဘဲမုယွမ်ကိုတွေ့လိုက်တော့ အံ့သြသင့်သွားတယ် ။ သူ မုယွမ်နဲ့အဆက်အသွယ်ပြတ်သွားတာ ဘယ်လောက်တောင်ရှိနေပြီလဲ ။ သူဒီနိုင်ငံကထွက်သွားတဲ့အချိန်တည်းကမလား ။ မုယွမ်ကတော့ သူ့ဘေးကကျန့်ကောကိုသာ အထူးအဆန်းနဲ့ကြည့်လို့ ။ သူတို့နှစ်ယောက်ပြန်အဆင်ပြေသွားတာ မသိသေးဘူးထင်တယ် ။
" မုယွမ် ငါနဲ့ကျန့်ကော လက်ထပ်တော့မယ် ''
" ဂုဏ်ယူပါတယ်ငါ့ကောင်ကြီး နောက်ဆုံးတော့ မင်းအိမ်မက်လေး တကယ်ဖြစ်လာပြီပဲ ။ ငါက မင်းပင်ပန်းလွန်းလို့ လက်လျော့သွားပြီလားတောင် ထင်နေတာ ''
" ငါ ကျန့်ကောကို အဆုံးရှုံးမခံနိုင်တာ မင်းမသိတာကျလို့ ။ ကျန့်ကောက ငါ့အတွက်ဘဝကြီးလေ ငါဘယ်လိုလုပ်လို့ ပင်ပန်းတယ်ဆိုပြီး လက်လျော့လိုက်ရမှာလဲ ''
" ရှောင်ကျန့် ဒီတစ်ခါတော့ ကျွန်တော်သူငယ်ချင်းကိုထပ်ပြီးထားမသွားနဲ့တော့နော် ကျွန်တော်သူငယ်ချင်းက ထပ်ပြီးသေကြောင်း!!! "
" မုယွမ် !!! "
ရီပေါ် မုယွမ်ဘာပြောမလဲဆိုတာ ရိပ်မိသလိုရှိသွားတာကြောင့် တားလိုက်တယ် ။ ကျန့်ကောအတိတ်မေ့သွားတာ မုယွမ်မသိသေးဘူး ။ မုယွမ်ကလည်း အရင်ကနဲ့မတူဘဲ သူ့ကိုအူကြောင်ကြောင်လေး ကြည့်နေတဲ့ကျန့်ကောပုံစံကြောင့် တစ်ခုခုကိုစဉ်းစားမိတဲ့အလား စကားလမ်းကြောင်းလွဲလိုက်တယ် ။
ရီပေါ် ထိုပွဲမှာဆက်မနေချင်တော့ ။ မုယွမ်နဲ့လည်းပြန်တွေ့ပြီဆိုတော့ ဒီကြားထဲသူမရှိတုန်း ကျန့်ကောစီမှာဖြစ်သွားတဲ့အကြောင်းတွေ မေးရအုန်းမယ် ။ ကျန့်ကောရဲ့အတိတ်နဲ့ပတ်သတ်ပြီး သိချင်လို့စုံစမ်းခဲ့ပေမဲ့လည်း ဘာတစ်ခုမှရေရေရာရာမသိရ ။
ဒါကြောင့် ကျန့်ကောကိုအရင်အိမ်ပြန်ပို့ပေးခဲ့ပြီး မုယွမ်နဲ့စကားပြောဖို့ဆိုကာ ပြန်ထွက်သွားလိုက်တယ် ။ မုယွမ်ကလည်း သူ့စိတ်ထဲဘာတွေဖြစ်နေတယ်ဆိုတာ ရိပ်မိတဲ့အလား သူမမေးခင်မှာပဲ ကျန့်ကောရဲ့အကြောင်းတွေကို စပြောပြလာတယ် ။
မုယွမ်စီက ရှောင်ကျန့်က မင်းဒီနိုင်ငံကနေထွက်ပြီးနောက် မင်းကိုလိုက်ရှာရင်းကားအက်စီဒင့်ဖြစ်လို့ မျက်လုံးခွဲစိတ်ခဲ့ရတယ်ဆိုတာရော ၊ မင်းနဲ့ပတ်သတ်တဲ့သတင်းတွေကို သူ့အသိုင်းအဝိုင်းတွေကသိသွားလို့ အခန်းထဲကနေအခန်းပြင်မထွက်ရဲတဲ့အထိ လှာင်ပြောင်ခံခဲ့ရတယ်ဆိုတဲ့ စကားတွေကြားတော့ သူမှာအံ့တကြိတ်ကြိတ် ။ လို့လို့လား ယောက်ျားတစ်ယောက်က နောက်ထပ်ယောက်ျားတစ်ယောက်ကို ချစ်မိသွားတာနဲ့ ဒီလောက်ထိခွဲခြားဆက်ဆံဖို့ ။
YOU ARE READING
Désolé { I'm Sorry } [ Completed ]
FanfictionStart date - 30 May 2020 End date - 26 Sep 2020 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]