Uni
ခလေးဘဝ ဆိုတာဘာလည်းကျတော်မသိခဲ့ဘူး
မှတ်မိနေတဲ့မှတ်ညဏ် ဆိုတာကလည်း
မွေးနေ့ကိတ်ပေါ်က အရည်ပျော်ကျနေပြီဖြစ်တဲ့
ဖယောင်းတိုင်တွေ ဒေါသ တကြီးနဲ့အော်ဟစ်နေတဲ့
ယောကျာ်းနဲ့မိန်းမ ရယ်.....
"တောင်းပန်ပါတယ်"လို့ ခပ်တိုးတိုးရေရွတ်ရင်းမျက်ရည်ကျနေတဲ့ ခလေးတစ်ယောက်ရယ်.....
အားလုံးတိတ်ဆိတ်သွားတဲ့အချိန်...
ကျတော် နိုးလာခဲ့တဲ့မနက်ဖြန်ကစပြီး
မိသားစုဆိုတာမရှိတော့ဘူး....ကြီးပြင်းလာခဲ့တဲ့ဘဝတစ်လျှောက်လုံး
အချစ်ဆိုတာဘာလဲ?
ပျော်ရွှင်မှုဆိုတာဘာလဲ?
အချစ်ခံရမှုဆိုတာဘာလဲ?
ဝမ်းသာမှုဆိုတာဘာလဲ?
မသိခဲ့ဘူး
ကျတော်သိတာက
အထီးကျန်မှု...
ဝမ်းနည်းမှု.....
ဥပေက္ခာပြုမှု....
အယ့်တာတွေပဲကျတော်သိတယ်ဘဝကပျော်စရာမကောင်းဘူးလားလို့မေးရင်
ကောင်းပါတယ်.......စိတ်ပျက်ဖို့.....
ကျတော့်အသက် ရှစ်နှစ်ပြည့်မွေးနေ့မှာပဲ
အဖေနဲ့အဖေ ကွာရှင်းပြတ်စဲခဲ့ကြတယ်
အစကတည်းကအချစ်မပါခဲ့တဲ့အိမ်ထောင်ရေးမှာ
လူဖြစ်လာတဲ့ကျတော်ကမြေစာပင်ပါ....အယ့်နေ့ညပြီးမနက်ဖြန်ကစလို့...
အမေဆိုတဲ့လူကိုကျတော်ပြန်မတွေ့ရတော့ဘူး
အဖေ ဆိုတဲ့ အမျိုးသားကလည်း
နန်းတော်လောက်ကြီးတဲ့အိမ်ကြီးထဲမှာကျတော့်ကိုထားခဲ့ပြီး
မေတ္တာအတုတွေနဲ့ သုံးမကုန်တဲ့ပိုက်ဆံတွေအမြဲပေးနေခဲ့တယ်
မိန်းမတွေတစ်ယောက်ပြီးတစ်ယောက်အိမ်ခေါ်လာပြီးအိပ်တတ်တဲ့လူ ...
စီးပွားရေး လောက မှာ ထိပ်ဆုံးကသူဆိုတော့လည်း
မိန်းမတွေက ကွာရှင်းပြီး သားတစ်ယောက်ရှိတဲ့လူတောင်
မရှောင်ပါဘူးး
တစ်လတစ်ခါလောက်ခြံဝန်းထဲမှာပြိုးပြိုးပြက်ပြက်မီးတွေနဲ့ ဂုဏ်သရေရှိလူကြီးလူကောင်းတွေရဲ့စီးပွားရေးမိတ်လိုက်ပွဲတွေလုပ်ကြတာပေါ့
ဒီလိုပွဲတွေမှာ ဓားစာခံဖြစ်ခဲ့ဖူးတဲ့ကျတော့်အဖေနဲ့အမေရဲ့
အဆုံးသတ်ကတော့ကျတော်ဖြစ်ခဲ့တယ်ပေါ့ဂရုစိုက်မှုတွေရမလားလို့ကျတော်ကြိုးစားခဲ့တယ်
စီးပွားရေးဘက်မှာတော့အဖေ့ခြေရာနင်းနိုင်ခဲ့တယ်
ဒီလိုဆို အဖေကသိပ်သဘောကျတာ....
ပိုက်ဆံအတွက်ပဲဖြစ်ဖြစ်ကျတော့်ကို
သားအဖြစ်အသိအမှတ်ပြုခဲ့တာကိုပဲကျေးဇူးတင်လှပါ ပြီ
YOU ARE READING
ချစ်ခြင်းဟူသည်.....
Romanceငယ်...မဖြစ်နိုင်မှန်းသိပေမယ့် ဒီလို နုံချာလွန်းတဲ့မောင်က ငယ့်အတွက် မဟာတံတိုင်းတစ်ခုလိုဖြစ်ပေးချင်တာ။ _Park Chanyeol_ မောင်... မင်းရဲ့ ဖြစ်တည်မှုတစ်ခုက ငါ့ နှလုံးသားတစ်ခုလုံး ကို ပြောင်းလဲသွားစေမယ့်လို့...မထင်ခဲ့မိပါဘူး _Byun Baekhyun_