//ပင်ပန်းစွာကြိုးစားခဲ့ရတဲ့အလုပ်တွေ...
ခက်ခဲစွာနေထိုင်လာခဲ့ရတဲ့အချိန်တွေ...
ဆင်းရဲစွာနေထိုင်လာခဲ့ရတဲ့ရက်တွေ...
ဆာလောင်မွတ်သိပ်စွာ နေထိုင်လာခဲ့ရတဲ့နေ့တွေ...
ထိုနေ့ရက်တွေ ကိုကျော်ဖြတ်ပြီးရင် အဆင်ပြေမှုဆိုတာရှိလာမယ်ကိုမထင်ခဲ့မိပါ။
ကောင်းမြတ်ခြင်းဆိုတာတစ်စိုးတစ်စိမှ ဝင်ရောက်လာခြင်းမရှိတဲ့ကျတော့်ဘဝထဲကို ဆုလာဘ် အကြီးကြီးတစ်ခု
ဘုရားသခင်က လက်ဆောင်ပေးခဲ့လေသည်။ကျေးဇူးတင်ပါတယ် မောင့်ရဲ့သည်းငယ်...//
"Chanyeol-ah...ငါပြန်ရောက်ပြီ..."
ပြန်ရောက်ကြောင်းအမှာသံလေးတစ်ချက်ပို့လိုက်တာနဲ့ အခန်းထဲက ပြေးထွက်လာကာ ကျတော့်လက်ကိုင်အိတ် ကိုလာယူပေးသည်။
မသိရင် ယောကျာ်းအိမ်ပြန်လာတာကိုစောင့်နေတဲ့မိန်းမကြီးလိုပါပဲ....
လူပဲရောက်လာတဲ့ ဒီကောင်လေးမှာ...တန်ဖိုးကြီးတဲ့ပစ္စည်းတွေမပါခဲ့ပေမယ့်...
အဖိုးတန်လွန်းတဲ့ ပါးပေါ်ကပါးချိုင့် နဲ့ဖြူဖွေးနေတဲ့သွားတန်းလေးပေါ်အောင်ပြုံးပြတတ်တဲ့နှုတ်ခမ်းတစ်စုံတော့ပါလေရဲ့...။
ကျတော့် အင်္ကျီတွေထဲက over size တွေတောင် ဒီလူနဲ့ဆို ကောက်ညှင်းထုပ်လိုဖြစ်နေတာ...
မဖြစ်ပါဘူး ပိတ်ရက် ကျရင် အဝတ်အစားဝယ်ပေးရမယ်။
"Hyung...ကျတော် သံပုရာ ရည် ဖျော်ထားပေးမယ်နော်"
"အင်း ငါ အဝတ်အစား လဲလိုက်ဦးမယ်"
"ဟုတ် ကဲ့!"
မိုးလင်းတိုင်း ဒီလူသားလေးအတွက် မနက်ပြင်ပေးရတာပျော်ပါသည်။
အလုပ်သွားတိုင်းနှုတ်ဆက်တတ်တဲ့ဒီလူသားလေးရဲ့ စကားသံနဲ့ အပြုံးတစ်ခုကိုမြင်ရရင်ပျော်ပါသည်။
နေ့လယ်ဘက်မှာ ဒီလူသား ရဲ့အခန်းလေးထဲ သန့်ရှင်းရေးလုပ်ပေးရင် ဓာတ်ပုံထဲက ဒီလူသားသေးသေးလေးကိုကြည့်ရတာပျော်ပါသည်။
YOU ARE READING
ချစ်ခြင်းဟူသည်.....
Romanceငယ်...မဖြစ်နိုင်မှန်းသိပေမယ့် ဒီလို နုံချာလွန်းတဲ့မောင်က ငယ့်အတွက် မဟာတံတိုင်းတစ်ခုလိုဖြစ်ပေးချင်တာ။ _Park Chanyeol_ မောင်... မင်းရဲ့ ဖြစ်တည်မှုတစ်ခုက ငါ့ နှလုံးသားတစ်ခုလုံး ကို ပြောင်းလဲသွားစေမယ့်လို့...မထင်ခဲ့မိပါဘူး _Byun Baekhyun_