Episode 1

966 73 1
                                    

Uni
ခလေးဘဝ ဆိုတာဘာလည်းကျတော်မသိခဲ့ဘူး
မှတ်မိနေတဲ့မှတ်ညဏ် ဆိုတာကလည်း
မွေးနေ့ကိတ်ပေါ်က အရည်ပျော်ကျနေပြီဖြစ်တဲ့
ဖယောင်းတိုင်တွေ ဒေါသ တကြီးနဲ့အော်ဟစ်နေတဲ့
ယောကျာ်းနဲ့မိန်းမ ရယ်.....
"တောင်းပန်ပါတယ်"လို့ ခပ်တိုးတိုးရေရွတ်ရင်းမျက်ရည်ကျနေတဲ့ ခလေးတစ်ယောက်ရယ်.....
အားလုံးတိတ်ဆိတ်သွားတဲ့အချိန်...
ကျတော် နိုးလာခဲ့တဲ့မနက်ဖြန်ကစပြီး
မိသားစုဆိုတာမရှိတော့ဘူး....

ကြီးပြင်းလာခဲ့တဲ့ဘဝတစ်လျှောက်လုံး
အချစ်ဆိုတာဘာလဲ?
ပျော်ရွှင်မှုဆိုတာဘာလဲ?
အချစ်ခံရမှုဆိုတာဘာလဲ?
ဝမ်းသာမှုဆိုတာဘာလဲ?
မသိခဲ့ဘူး
ကျတော်သိတာက
အထီးကျန်မှု...
ဝမ်းနည်းမှု.....
‌ဥ‌ပေက္ခာပြုမှု....
အယ့်တာတွေပဲကျတော်သိတယ်

ဘဝကပျော်စရာမကောင်းဘူးလားလို့မေးရင်
ကောင်းပါတယ်.......စိတ်ပျက်ဖို့.....
ကျတော့်အသက် ရှစ်နှစ်ပြည့်မွေးနေ့မှာပဲ
အဖေနဲ့အဖေ ကွာရှင်းပြတ်စဲခဲ့ကြတယ်
အစကတည်းကအချစ်မပါခဲ့တဲ့အိမ်ထောင်ရေးမှာ
လူဖြစ်လာတဲ့ကျတော်ကမြေစာပင်ပါ....

‌အယ့်နေ့ညပြီးမနက်ဖြန်ကစလို့...
အမေဆိုတဲ့လူကိုကျတော်ပြန်မတွေ့ရတော့ဘူး
အဖေ ဆိုတဲ့ အမျိုးသားကလည်း
နန်းတော်လောက်ကြီးတဲ့အိမ်ကြီးထဲမှာကျတော့်ကိုထားခဲ့ပြီး
မေတ္တာအတုတွေနဲ့ သုံးမကုန်တဲ့ပိုက်ဆံတွေအမြဲပေးနေခဲ့တယ်
မိန်းမတွေတစ်ယောက်ပြီးတစ်ယောက်အိမ်ခေါ်လာပြီးအိပ်တတ်တဲ့လူ ...
စီးပွားရေး လောက မှာ ထိပ်ဆုံးကသူဆိုတော့လည်း
မိန်းမတွေက ကွာရှင်းပြီး သားတစ်ယောက်ရှိတဲ့လူတောင်
မရှောင်ပါဘူးး
တစ်လတစ်ခါလောက်ခြံဝန်းထဲမှာပြိုးပြိုးပြက်ပြက်မီးတွေနဲ့ ဂုဏ်သရေရှိလူကြီးလူကောင်းတွေရဲ့စီးပွားရေးမိတ်လိုက်ပွဲတွေလုပ်ကြတာပေါ့
ဒီလိုပွဲတွေမှာ ဓားစာခံဖြစ်ခဲ့ဖူးတဲ့ကျတော့်အဖေနဲ့အမေရဲ့
အဆုံးသတ်ကတော့ကျတော်ဖြစ်ခဲ့တယ်ပေါ့

ဂရုစိုက်မှုတွေရမလားလို့ကျတော်ကြိုးစားခဲ့တယ်
စီးပွားရေးဘက်မှာတော့အဖေ့ခြေရာနင်းနိုင်ခဲ့တယ်
ဒီလိုဆို အဖေကသိပ်သဘောကျတာ....
ပိုက်ဆံအတွက်ပဲဖြစ်ဖြစ်ကျတော့်ကို
သားအဖြစ်အသိအမှတ်ပြုခဲ့တာကိုပဲကျေးဇူးတင်လှပါ ပြီ

ချစ်ခြင်းဟူသည်.....Where stories live. Discover now