Episode 7

178 51 3
                                    

ချစ်ခြင်းဟူသည်...

//ညနေခင်း တစ်ခုကသိပ်ကိုလှပဖူးသည်။

ညစာ တစ်ခုက သိပ်ကိုစားကောင်းဖူးသည်။

လူတစ်ယောက်က သိပ်ကိုမြတ်နိုးဖို့ ကောင်းဖူးသည်။//

"ပင်လယ်စာ ခေါက်ဆွဲစားမလား ချန်ယောလ်?"

"ကြိုက်တာစားပါဗျ..."

"ငါကြိုက်တာစားပါဆိုရင်တော့ ဒုံဒယ်မွန်ညဈေးရဲ့ ဈေးဆိုင်တိုင်းက မုန့်တွေအကုန်ပဲ...မင်းဝယ်ကျွေးနိုင်လို့လား?"
"အာ...အယ့်လောက်ကြီး"

ကျတော်က ရွှတ်နောက်နောက်စကားပြောမိတာပါ...
ချန်ယောလ် ကတော့ကတယ်ထင်သွားတဲ့ပုံပဲ...
စဉ်းစားရခက်တဲ့ပုံနဲ့ သူ့ လည်ဂုတ်ကို သူပြန်ကုတ်နေပြန်သည်။

"အ ဟားး ဟား ဟား ချန်ယောလ် မင်းကသိပ် ရယ်ရတယ်ကွာ
ဟား ဟားဟား"

"ဗျာ.."
မအူမလည်ရုပ်နဲ့ကျတော့်ကိုပြန်ကြည့်လာပြန်သည်။

"ဘာလဲ ဒီဈေးတစ်ခုလုံးက မုန့်တွေကို ငါ့ကိုဝယ်ကျွေးဖို့ လုပ်နေတာလား....ဒါဆို...ဟားဟားဟား.!!"

တကယ်ပါ ခင်ဗျား လေးအတွက်ဆိုရင်တော့ ရအောင်ကျတော်ကြိုးစားပေးမှာပေါ့....

"မဟုတ်ပါဘူး ကျတော့်မှ ပိုက်ဆံကသိပ်မရှိဘူးလေ...အယ့်တာကြောင့်..."

"ရပါတယ်...ငါအမြဲစားနေကျ ပင်လယ်စာခေါက်ဆွဲဆိုင်ရှိတယ် အရသာ‌လည်းကောင်းတယ်"

"ဟုတ်"

"ဒါနဲ့ ချန်ယောလ် ဒီနှစ် နှင်းကျတာ စောတယ်နော်...
သိပ်ပြီးမအေးသေးပဲနဲ့...$#&@*/×&-"(ကွိစိကွစ ဘလာ ဘလာပေါ့:')

ထိုလူအသေးလေး ပြောနေတဲ့စကားတွေကိုနားထောင်ရင်း သူခေါ်တဲ့ဆိုင်ကိုလိုက်လာခဲသည်။

ကြက်တူရွေး ‌အဝါရောင်လေးလား..

ပင်လယ်စာခေါက်ဆွဲ ဆိုင်မှာလည်း စားသောက်ရင်း မေးလိုက်တဲ့မေးခွန်း...

ပြောလိုက်တဲ့ စကား...အိုလံပစ်ပြိုင်ပွဲမှာ စကားပြောပြိုင်ပွဲရှိရင် ဒီ သေးသေးလေး က ပထမ ရမယ်တောင်ထင်မိတယ်...
____________________________
ထိုနေ့ညက သူရယ်ကျတော်ရယ်...

ချစ်ခြင်းဟူသည်.....Where stories live. Discover now